Knowledge

ရယ်မောခြင်းကရတဲ့ အကျိုးကျေးဇူးတွေသိပြီး များများရီကြဖို့ …ဖတ်ကြည့်

Written by Aung Lay







ပျော်ရွှင်စေတယ်



Unicode

ရယ်မောခြင်းက ဘာတွေကောင်းမွန်စေနိုင်မလဲ

လူ့ဘဝမှာ ဝမ်းနည်းစရာတွေရှိသလို ပျော်ရွှင်စရာတွေလည်း အများကြီးပါ။ရယ်မောခြင်းက လူကို အသက်ပိုရှည်စေတယ်ဆိုပြီးတော့ပြောနေကြတာကို ကြားဖူးကြမှာပါ။တကယ်ပဲ ရယ်မောခြင်းကနေ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရစေနိုင်မှာပါ။

စိတ်ဖိစီးမှုလျော့နည်းစေခြင်း
တစ်ခါတစ်လေ စိတ်ဖိစီးမှုများနေတဲ့ အခါမျိုးမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်ပါမရှိတတ်တာမျိုး ဖြစ်ဖူးကြမှာပါ။အဲ့ဒီလိုအချိန်ရယ်မောစရာတစ်ခုခုနဲ့ အားရပါးရယ်လိုက်တာက စိတ်ဖိစီးမှူကို လျော့ကျသက်သာစေနိုင်မှာပါ။ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီးတော့ စိတ်ဖိစီးနေတာတွေကို ချက်ခြင်းလွင့်ပျောက်သွားအောင်ကူညီပေးပါလိမ့်မယ်။

ကိုယ်ခံအားကောင်းမွန်စေခြင်း
ရယ်မောခြင်းက ကိုယ်ခံအားအတွက် ဆဲလ်တွေကို ကျန်းမာစေပြီး တိုးတက်ကောင်းမွန်လာစေတာမလို့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကို မြင့်တက်လာစေနိုင်ပါတယ်။

နှလုံးရောဂါဖြစ်တာကို လျော့နည်းစေတယ်

ရယ်လိုက်ရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးလည်ပါတ်မှူက ကောင်းမွန်သွားစေတဲ့အတွက် နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီးတော့ နှလုံးသွေးကြောနဲ့ ပါတ်သတ်တဲ့ ကျန်းမာရေးတွေကိုလည်း ကာကွယ်ပေးမှာပါ။

ပျော်ရွှင်စေတယ်

ပျော်ရွှင်ခြင်းနဲ့ ရယ်မောခြင်းက အတူတူဖြစ်ပြီးတော့ ဆက်စပ်နေကြတာပါ။ရယ်မောခြင်းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ပျော်ရွှင်စေတဲ့ ယောမုန်းတွေထွက်လာစေတာမလို့ စိတ်ခံစားမှုကောင်းစေပြီးတော့ ပျော်ရွှင်နေစေမှာပါ။

“ရယ်သောသူအသက်ရှည်၏” ဆိုသလိုပဲ လူတစ်ယောက်ရဲ့တစ်နေ့တာမှာ အနည်းဆုံးတစ်ခါလောက်တော့ ရယ်မောကြဖို့လိုအပ်ပါလိမ့်မယ်။

About the author

Aung Lay

Leave a Comment