“မာန်အောင်မြို့နယ်မှာ ဒီရေကျချိန် အလွန်လှပတဲ့ သန္တာကျောက်တန်းကြီး ပေါ်ထွက်လာလို့ လူထောင်ချီလာရောက်ပြီး ချိုးယူနေကြ”
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် ဒီရေကျသွားချိန် အလွန်လှပသော သဘာဝ သန္တာကျောက်တန်းတစ်ခု ပေါ်ထွက်လာသဖြင့်် သွားရောက် ကြည့်ရှုသူများဖြင့် အထူးစည်ကားနေသည်ဟု သတင်းရရှိသည်။
မာန်အောင်မြို့မှ လူမှုရေးလူပ်ရှားဆောင်ရွက်နေသူ ကိုကျော်မိုးနိုင်က “ ဒီသဘာဝ သန္တာကျောက်တန်းက အရင်ကတည်းက ရှိပါတယ်။ ပြင်ကောက်ရွာအနီး ပင်လယ်ကမ်းစပ်မှာပါ။ အခုက ဒီရေခမ်းချိန်ဆို ရေပေါ်ကနေ ပေါ်ထွက်လာတယ်။ ဒီရေ ကျသွားရင် သန္တာကျောက်တန်းကို ဆင်းကြည့်လို့ရတယ်။ ကျောက်ပွင့်၊ ကျောက်ပန်းတွေနဲ့ အလွန်လှပတဲ့ အတွက် ဒေသခံတွေက သွားရောက်လည်ပတ်ကြည့်ရှုနေကြပါတယ်” ဟု သူက ပြောသည်။
ထိုသို့ လည်ပတ်ကြည့်ရှုရာတွင် တစ်ချို့ လူငယ်များက သန္တာကျောက်တန်းရှိ ပန်းပွင့်များကဲ့သို့ လှပနေသည့် ကျောက်ပွင့်၊ ကျောက်ပန်း၊ ကျောက်ခက်များကို ချိုးဖဲ့ ယူဆောင်နေကြသဖြင့် ၎င်း သဘာဝသန္တာကျောက်တန်း ပျက်စီးသွားမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။
“ကျွန်တော်တို့ ဒီနေ့ နေ့လယ်လောက်ဆိုရင် သွားကြည့်ဖို့ိရှိပါတယ်။ ဒီကျောက်တန်းကို ထိန်းသိမ်းဖို့ ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိပါတယ်။
မပျက်မစီးရအောင် ဒေသခံတွေကို ပညာပေးဟောပြောမှုတွေ ပြုလုပ်ပြီး တားဆီးသွားပါမယ်” ဟု ပြောကြားသည်။
သန္တာကျောက်တန်းမှာ တစ်မိုင်ခန့် အရှည်ရှိမည်ဟု ခန့်မှန်းရပြီး ပြင်ကျယ်ကြီး တစ်ခုဖြစ်နေကာ ဒီရေကျပြီး လုံးဝ ရေစစ်သွားချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု မာန်အောင် ဒေသခံ ကိုတင်ဝင်းက ပြောဆိုသည်။
“အရင်ကတည်းက ဒီသန္တာကျောက်တန်းက ရှိပါတယ်။ ဒါပေမယ့် အခု ဒီရေအကြီးအကျယ်ကျတော့ အပေါ်ကို ပေါ်ထွက်လာသလို ဖြစ်နေတယ်ပေါ့နော်။ ဒါကြောင့် လူတွေလည်း ပိုသိလာတာပေါ့။ သန္တာကျောက်တန်းက ရေအောက်မှာ ရှိနေတော့ ကျောက်ပန်းတွေက လူတွေ လက်နဲ့ ဖဲ့ယူလို့ ရအောင်ထိ မွနေပါတယ်။ အလွန်လှပတဲ့ သဘာဝ ကျောက်တန်းပါ” ဟု ပြောဆိုသည်။
၎င်းသဘာဝ သန္တာကျောက်တန်းကို လွန်ခဲ့သော တစ်ရက်နှစ်ရက်စပြီး ဒေသခံ ပြည်သူများ သွားရောက် လည်ပတ် ကြည့်ရှုနေကြပြီး မေလ ၂၃ ရက်နေ့ကဆိုလျှင် ဒေသခံ ပြည်သူ ထောင်နှင့်ချီပြီး လာကြည့်ကြသည်ဟု သိရသည်။
နိရဉ်စရာ
Zawgyi
“မာန္ေအာင္ၿမိဳ႕နယ္မွာ ဒီေရက်ခ်ိိန္ အလြန္လွပတဲ့ သႏၲာေက်ာက္တန္းႀကီး ေပၚထြက္လာလို႔ လူေထာင္ခ်ီလာေရာက္ၿပီး ခ်ိဳးယူေနၾက”
ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕နယ္၊ ျပင္ေကာက္ေက်းရြာအနီး ပင္လယ္ကမ္းစပ္တြင္ ဒီေရက်သြားခ်ိန္ အလြန္လွပေသာ သဘာဝ သႏၲာေက်ာက္တန္းတစ္ခု ေပၚထြက္လာသျဖင့္္ သြားေရာက္ ၾကည့္ရွုသူမ်ားျဖင့္ အထူးစည္ကားေနသည္ဟု သတင္းရရွိသည္။
မာန္ေအာင္ၿမိဳ႕မွ လူမွုေရးလူပ္ရွားေဆာင္ရြက္ေနသူ ကိုိေက်ာ္မိုးနိုိင္က “ ဒီသဘာဝ သႏၲာေက်ာက္တန္းက အရင္ကတည္းက ရွိပါတယ္။ ျပင္ေကာက္ရြာအနီး ပင္လယ္ကမ္းစပ္မွာပါ။ အခုက ဒီေရခမ္းခ်ိန္ဆို ေရေပၚကေန ေပၚထြက္လာတယ္။ ဒီေရ က်သြားရင္ သႏၲာေက်ာက္တန္းကို ဆင္းၾကည့္လို႔ရတယ္။ ေက်ာက္ပြင့္၊ ေက်ာက္ပန္းေတြနဲ႔ အလြန္လွပတဲ့ အတြက္ ေဒသခံေတြက သြားေရာက္လည္ပတ္ၾကည့္ရွုေနၾကပါတယ္” ဟု သူက ေျပာသည္။
ထိုသို႔ လည္ပတ္ၾကည့္ရွုရာတြင္ တစ္ခ်ိဳ႕ လူငယ္မ်ားက သႏၲာေက်ာက္တန္းရွိိ ပန္းပြင့္မ်ားကဲ့သို႔ လွပေနသည့္ ေက်ာက္ပြင့္၊ ေက်ာက္ပန္း၊ ေက်ာက္ခက္မ်ားကို ခ်ိဳးဖဲ့ ယူေဆာင္ေနၾကသျဖင့္ ၎ သဘာဝသႏၲာေက်ာက္တန္း ပ်က္စီးသြားမည္ကို စိုးရိမ္ေနရသည္ဟု ေဒသခံမ်ားက ေျပာဆိုသည္။
“ကၽြန္ေတာ္တို႔ ဒီေန႔ ေန႔လယ္ေလာက္ဆိုရင္ သြားၾကည့္ဖို႔ိရွိပါတယ္။ ဒီေက်ာက္တန္းကို ထိန္းသိမ္းဖို႔ ေကာ္မတီ တစ္ရပ္ဖြဲ႕စည္းၿပီး ကၽြန္ေတာ္တို႔ ေဆာင္ရြက္သြားဖို႔ရွိပါတယ္။
မပ်က္မစီးရေအာင္ ေဒသခံေတြကိုိ ပညာေပးေဟာေျပာမွုေတြ ျပဳလုပ္ၿပီး တားဆီးသြားပါမယ္” ဟု ေျပာၾကားသည္။
သႏၲာေက်ာက္တန္းမွာ တစ္မိုိင္ခန္႔ အရွည္ရွိမည္ဟု ခန္႔မွန္းရၿပီး ျပင္က်ယ္ႀကီး တစ္ခုျဖစ္ေနကာ ဒီေရက်ၿပီး လုံးဝ ေရစစ္သြားခ်ိန္တြင္ ေပၚထြက္လာျခင္းျဖစ္သည္ဟု မာန္ေအာင္ ေဒသခံ ကိုတင္ဝင္းက ေျပာဆိုသည္။
“အရင္ကတည္းက ဒီီသႏၲာေက်ာက္တန္းက ရွိပါတယ္။ ဒါေပမယ့္ အခု ဒီေရအႀကီးအက်ယ္က်ေတာ့ အေပၚကို ေပၚထြက္လာသလို ျဖစ္ေနတယ္ေပါ့ေနာ္။ ဒါေၾကာင့္ လူေတြလည္း ပိုသိလာတာေပါ့။ သႏၲာေက်ာက္တန္းက ေရေအာက္မွာ ရွိေနေတာ့ ေက်ာက္ပန္းေတြက လူေတြ လက္နဲ႔ ဖဲ့ယူလို႔ ရေအာင္ထိ မြေနပါတယ္။ အလြန္လွပတဲ့ သဘာဝ ေက်ာက္တန္းပါ” ဟု ေျပာဆိုသည္။
၎သဘာဝ သႏၲာေက်ာက္တန္းကိုိ လြန္ခဲ့ေသာ တစ္ရက္ႏွစ္ရက္စၿပီး ေဒသခံ ျပည္သူမ်ား သြားေရာက္ လည္ပတ္ ၾကည့္ရွုေနၾကၿပီး ေမလ ၂၃ ရက္ေန႔ကဆိုလၽွင္ ေဒသခံ ျပည္သူ ေထာင္ႏွင့္ခ်ီၿပီး လာၾကည့္ၾကသည္ဟု သိရသည္။
နိရဥ္စရာ