Cele News

JOOX NO(1)ရရှိခဲ့တဲ့ အက်စတာရဲ့ အသစ်ထွက်ရှိ သီချင်းကောင်းလေးဖြစ်တဲ့ “Unsee”( video)

Written by Aung Lay




Flower Sky – Yaung Chi

Source ; Ester

Unicode

Myanmar Idol Season(4)ရဲ့ Winnerဆုရှင်လေး အက်စတာကတော့အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လျက်ရှိပါတယ်။သီချင်းအသစ်တွေ တစ်မျိုးနဲ့ တစ်မျိုး မရိုးနိုင်အောင် ဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။မကြာသေးမီက ထွက်ရှိထားတဲ့ သူမရဲ့ သီချင်းအသစ်ဖြစ်တဲ့ “Unsee”သီချင်းလေးက ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့ JOOX မှာ No 1 နေရာရရှိခဲ့ပါတယ်။

No 1 နေရာ ရပ်တည်နိုင်အောင် အားပေးကြတဲ့ ပရိတ်သတ်ကြီးကို”Thank You Lord! အရမ်းပျော်လို့ဘာပြောရမှန်းတောင်မသိတော့ဘူး အားလုံးကျေးဇူးအရမ်းတင်တယ်”Joox Top (1)ဆိုတဲ့နောက်ကွယ်မှ ချစ်ခြင်းမေတ္တာအပြည့်နဲ့အချိန်ပေး Stream ပေးပီးခံစားနားစဉ်ပေးကြတဲ့ ပြည်တွင်းပြည်ပကWhitenubes Family နဲ့ အမျိုးတို့တယောက်ချင်းစီတိုင်းရဲ့ ခိုင်ခိုင်မာမာအားပေးမှုအတွက်ညီမလည်း ပိုကြိုးစားပါမယ်|| အားလုံးကျေးဇူးတင်ပါတယ် အယောက်ချင်းစီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ “ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာကနေ ကျေးဇူးတင် စကားပြောလာပါတယ်။

အရမ်းကောင်းတဲ့ သီချင်းလေးဖြစ်တာမို့ နားမထောင်ရသေးသူတွေ အတွက် သူမ ရဲ့ Unseeသီချင်း သီချင်းMV videoလေးကို ဖော်ပြပေးလိုက်ပါတယ် ။သူမ အနေနဲ့ လည်း နောက်ထပ် သီချင်းကောင်းများစွာ ဆက်လက် ကြိုးစားထွက်ရှိပေးဦးမယ်လို့ ပြောထားပါတယ်။

Flower Sky – Yaung Chi

Source ; Ester

About the author

Aung Lay

Leave a Comment