Cele News

ငြီးတွားတဲ့လေသံမဟုတ်ပဲ ဂုဏ်ယူဝင့်ကြွားစွာ လှူဒါန်းဖို့ ကြိုးပမ်းခဲ့သမျှ ​မျှဝေရင်ဖွင့်လာတဲ့ ချစ်သုဝေ

Written by Aung Lay





Unicode

အဆိုတော်ဒေါက်တာတစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ အဆိုတော်လင်းလင်းနဲ့ အကြောင်းပါပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားပြီပဲဖစ်ပါတယ်။မိမိကိုယ်တိုင်က ဒေါက်တာတစ်ယောက်ဖြစ်တာကြောင့် လက်ရှိဖြစ်ပွားနေသော ရောဂါအခြေအနေအရ အခက်အခဲရှိတဲ့ ကျန်းမာရေးဝန်းထမ်းတွေရဲ့ စားဝတ်နေရေးကို ကိုယ်တိုင်ပါဝင် ကူညီလှူဒါန်းခဲ့တဲ့ အကြောင်းတွေကို ဝေမျှလာပါတယ်။

“အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး မှာ ဆေးရုံမှာပဲနေထိုင်ရတော့မယ်. ကျန်းမာရေးဝန်ထမ်းများအတွက် အရေးပေါ်လိုအပ်လျက်ရှိသော အိပ်ယာခင်းဖျာ+ခေါင်းအုံး (60)+ ခေါင်းအုံးစွပ် (120) တွေကိုခေတ်သစ်ဖောင်ဒေးရှင်းမှ နေ့မကူးပဲ မျှဝေ လှူဒါန်းပေးနိုင်ဖို့ ရယ် Home q ဝင်ရတဲ့ မိသားစုအတွက် အခြေခံစားသောကုန်ရယ် 330ဦးသော လူနာနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် မနက်နေ့လည် ညစာ ရသမျှ စီစဉ်နိုင်ဖို့ရယ် လုံးပမ်းလိုက်တာ”Clean Yangon” က အိမ်ထောင်စုအခြေခံစားသောက်ကုန် 66ထုပ်ကိုလှူမယ်..Thwin SuHtweမစုကလည်း 4ရက်စာ နေ့လည်စာအလှူရတယ် ဒီညမှာ ကောင်းကောင်းနားစေချင်ဇောနဲ့ စက်ရုံရော ဆိုင်ရော ပိတ်နေပေမယ့် ဆရာဝန်တွေကိုကောင်းကောင်းနားစေချင်လို့ ချက်ချင်းလေးစီစဉ်ပေးပါ ဆိုတာကို ကူညီပေးတဲ့ sweety homeကိုလည်းကျေးဇူးတင်တယ်..လူအင်အား ၂ယောက်တစ်ပိုင်းနဲ့အလှူတွေအထမြောက်အောင်လုပ်နေရတဲ့ ဖောင်ဒေးရှင်း မှာ ထူးစိန်ရော အိမ်က တို့ရဲဘော် ကားဆရာလေး ရောတစ်နေကုန်မနားရရှာ..ကဲ ဘာပဲပြောပြော နက်ဖန် ရိုးမ q centerနဲ့ positiveဆောင်ဘက် ဆရာဝန်တွေလိုတာတွေ လည်း ဒီ နေ့အကုန်အပြီး စီစဉ်နိုင်ခဲ့တယ် မိတ်ဆွေတွေ သူငယ်ချင်းတွေကလည်း အကုန်လုံးကူညီကြတယ်…COVIDရယ် မင်းတော့လား”

“သြော် မေ့တော့မလို့… အင်းစိန်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ နေ့လည်စာ ညစာရယ် ရိုးမq centerက volunteer တွေရဲ့ ညစာရယ် တစ်ပတ်စာmenuလည်း ဒေါ် trezaပဲ ဆွဲတယ် လူပင်ပမ်း စိတ်ပင်ပမ်းနေရတဲ့ကြားထဲ ဒါတွေချည်းစားနေရတာမျိုးမဖြစ်ရလေအောင် ဒေါ် treကတော့ စီမံတယ် ကလေး၂ဖက်နဲ့ ကျွန်မကလေးအမေကို ဘာမှတ်နေလဲ”စာသားတွေနဲ့အတူ တစ်နေကုန်ပင်ပန်းခဲ့သမျှ ကျေနပ်ဂုဏ်ယူတဲ့ အပြုံးနဲ့ တစ်နေ့တာအလှူပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်။ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်း အလှူလေးတွေကြည့်ပြီး သာဓုခေါ်ဆို ကြည်နူးနိုင်ကြပါစေ။

Flower Sky  , Source ; Chit Thu Wai`Fb

About the author

Aung Lay

Leave a Comment