ၾကားသိရသမ်ွ
အောင်လအန်ဆန်း နှင့် ဒီရိုင်ဒါ တို့ရဲ့ ပွဲ စဉ် ဘယ်တော့ ထိုး သတ်ကြမလဲ မသိသေး တဲ့ သူတွေ အတွက်
Written by Aung Lay
Unicode
အောင်လနဲ့ဒီရိုင်ဒါတို့ပွဲက ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်လဲ❓❓‌❓
➡️One championship ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံကြီး အောင်လဟာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ စိန်ခေါ်သူ ဒီရိုင်ဒါနဲ့ ထိုးသတ်ရတော့မှာဆိုတာ အားလုံးသိပြီးသားဘဲ ဖြစ်မှာပါ။
➡️အဲ့တော့ နှစ်ယောက်လုံး က ဘယ်လိုပြင် ဆင်လာနိုင်လဲ ၊ ပွဲကရော ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတာ ပြောပြပေးသွားမှာပါ။
➡️အောင်လအနေ နဲ့ကတော့ ချုပ်ကွက်အားပြုပြီး သူ့ချန်ပီယံခါးပတ်ကို လုဖို့ကြိုးစားလာတဲ့ ကစားသမားကို ရင်ဆိုင်ရတာ ဒါပထမဆုံးတော့မဟုတ်ပါဘူး။ ရှေ့မှာလည်း ရင်ဆိုင်လာရပြီးသလို နောက်လည်းရင်ဆိုင်လာရမှာပါ။
➡️ အကြောင်းကတော့ အောင်လရဲ့ striking ပိုင်းက သူ့ရဲ့လက်ရှိဝိတ်တန်းနှစ်တန်းလုံးမှာ next level မှာရှိနေလို့ပါ။ ဟဲဗီးဝိတ်တန်းက ဆင်းလာတဲ့ ချန်ပီယံတောင်မှ အောင်လရဲ့ခံနိုင်ရည်ကို မကျော်လွန်သလို အောင်လရဲ့ လက်သီးခြေကန်ချက်တွေကို ခံနိုင်ရည်မရှိပါဘူး။
➡️ အဲ့တော့ အောင်လကို striking ယှဉ်ထိုး ရလောက်အောင်ထိတော့ ဒီရိုင်ဒါကလည်း မရဲပါဘူး။ Interview တစ်ခုမှာလည်း ဆွဲလှဲပြီး ချုပ်ကွက်နဲ့ဘဲ အနိုင်ယူမယ်လို့ဖြေထားပါတယ်။
➡️ဒါကြောင့်မလို့ ကျွန်တော့်အထင်တော့ ဒီရိုင်ဒါက အောင်လနဲ့ ယှဉ်ထိုး ဖို့ ကြိုးစားမှာမဟုတ်ဘဲ ပထမအချီမှာဘဲ ဆွဲလှဲဖို့ကြိုးစားမှာပါ။ အောင်လလို One shot knock out power ရှိတဲ့ကစားသမားနဲ့ မတ်တပ်ရပ်ယှဉ်ကစားရင် သူ့အတွက် အန္တရာယ်များပါတယ်
➡️Light heavyweight တန်းချန်ပီယံ လုပွဲ နဲ့ ရှုံးပွဲမရှိ fighter မိုဟာမက်ခရာကီတို့ရဲ့ ပွဲကိုဘဲကြည့်ပါ။ သူတို့ အားသာတဲ့ မြေပြင်ပေါ်ကိုတောင် မရောက်ဘဲ ပွဲသိမ်းခံလိုက်ရပါတယ်။
➡️ အဲ‌့တာကြောင့် အောင်လနဲ့ယှဉ်ထိုးဖို့ကြိုးစားမှာ မဟုတ်ဘူးလို့မြင်ပါတယ်။
➡️တစ်ဖက်ကအောင်လကို ကြည့်ရင်လည်း စစချင်းကတည်းက တစ်ဖက်လူဆွဲလှဲခံရမှာ စိုးရိမ်ပြီး အလောတကြီး လိုက်တာမျိုးမတွေ့ရပါဘူး။ အပေါ်ကဖော်ပြခဲ့တဲ့ နှစ်ပွဲမှာ စောစောပွဲသိမ်းသွားတာကတော့ အခြေအနေပေးတာကို အောင်လက ထိထိရောက်ရောက်အသုံးချသွားနိုင်တယ်လို့ဘဲမြင်ပါတယ်။
အောင်လကဆွဲ လှဲခံရရင် ဘယ်လိုဖြစ်မလဲ❓❓
➡️ ပထမတစ်ချက်ကတော့ အောင်လ ကို ဆွဲလှဲဖို့ အဲ့လောက်ကြီး လွယ်လွယ် ကူကူရမှာမဟုတ်ပါဘူး။
➡️ ဂျပန်ကြီးနဲ့ ဒုတိယပွဲတွေ ၊ ခရာကီနဲ့ပွဲတွေကြည့် ရင်သိမှာပါ။ အောင်လကို ဆွဲလှဲဖို့ ကြိုးစားပေမယ့် လွယ်လွယ်နဲ့မရသလို takedown ရရင်တောင်ဘာမှလုပ်မပြနိုင်ဘဲ ပြန်ထလာတာပါ။
➡️ ဒီရိုင်ဒါ takedown ရနိုင်လားလို့မေးရင်တော့ ရနိုင်ခြေရှိပါတယ်။ ဒါပေမယ့် သူအရင်ပွဲတုန်းက လီအန်ဒရိုကို‌လှဲဖို့ တော်တော်လေးရုန်းကန်ရပါတယ်။ လီအန်ဒရိုက ဂျူဂျစ်စု ငါးထပ်ကွမ်းချန်ပီယံဖြစ်တာလည်းပါမှာပါ။ ဒါပေမယ့် UFC လို အဖွဲ့ကကမ္ဘာ့အဆင့်နပမ်းသမားတွေနဲ့ လေ့ကျင့်ထားတဲ့ အောင်လကို လွယ်လွယ်ကူကူနဲ့တော့လှဲနိုင်မယ်လို့ မထင်ပါဘူး။
➡️ ဆွဲလှဲနိုင်မယ်ဆိုရင်လည်း အောင်လရှုံးခဲ့တဲ့(၁၀)ပွဲမှာ (၂)ပွဲဘဲ submission နဲ့ရှုံးခဲ့တာဘဲ အဲ့တာကလည်းတော်တော်ကိုကြာခဲ့ပါပြီ။ One championship ရောက်ကတည်းက submission အပိုင်းမှာအောင်လကို သိသိသာသာ အသာစီးရတဲ့ ကစားသမားမတွေ့ဖူးသေးပါဘူး။ ခုဆိုကမ္ဘာက အသိအမှတ်ပြု‌လေးစား ရတဲ့ UFC ထိပ်တန်း Contender တွေဖြစ်တဲ့ Gilbert Burns တို့နဲ့ လေ့ကျင့်ထားတာဖြစ်လို့ တော်တော်လေးပိုပြီး ကောင်းလာမှာ သေချာပါတယ်။
➡️ ကျွန်တော့်အနေနဲ့ အောင်လရဲ့ Ground skillက ဒီရိုင်ဒါကို မမီရင်တောင်မှ သူ အရင်ပွဲတွေလိုတစ်ဖက်သတ်အသာစီးရဖို့ မရှိဘူးလို့ဘဲ မြင်ပါတယ်။ ဒါပေမယ့် ဒီရိုင်ဒါက ခြေတံလက်တံရှည်တဲ့ ကစားသမားမလို့ မြေပြင်ပေါ်ရောက်သွားရင်တော့ နည်းနည်းအသာစီးရနိုင်ပါတယ်။
➡️ အောင်လကို မြေပြင်ကိုမဆွဲခေါ်နိုင် ၊ ဆွဲခေါ်နိုင်ရင်တောင် ထိ ထိရောက်ရောက်ချုပ်ပြီး ပွဲမသိမ်းနိုင်ရင်တော့ အောင်လရဲ့ ထိုးချက်ကန်ချက်တွေအောက်မှာဘဲ ပွဲသိမ်းသွားမှာပါ။
➡️ ဒီရိုင်ဒါအတွက်တော့ ပွဲချိန်ကြာလေ မကောင်းလေ လို့ဘဲ မြင်ပါတယ်။ သူကစား ခဲ့တဲ့ ပွဲတော်တော်များများမှာ အများစုကစောစောစီးစီးဘဲ ပွဲဖြတ်ထားနိုင်တာပါ။ လီအန်ဒရိုနဲ့ပွဲမှာ သုံးချီကစားရတော့ သက်လုံကသိပ်မဟန်ပါဘူး။ ကြာလေအောင်လက အသာစီးရလေဖြစ်မှာပါ။
➡️➡️ကျွန်တော်ကတော့ အောင်လရဲ့ stand fight skillမှာ ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော့်တစ်ယောက်တည်းအမြင်အရတော့ ပထမနှစ်ချီလောက်ဘဲ အောင်လအတွက် Ground ကိုဆွဲခေါ်ခံရရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒီရိုင်ဒါ အတွက်တော့ အောင်လရဲ့ လက်သီးချက်တိုင်း ခြေကန်ချက်တိုင်းက အန္တရာယ် ရှိနေပါတယ်။ တဈဖကျသူကို အထငျသေးလို့မရပမေယျ့ အောငျလကပှဲကို စနဈတကခြညြျးကပျတတျသူဖွဈလို့ ကြှနျတျာကတော့ မွန့မာ့စပါးအုံးဖကျကဘဲ ရှိပါမယျ။ (၅) ခြီထိတော့ ရောကျဖို့မရှိဘူးလို့ဘဲ မွငျပါတယျ။ အလှနျဆုံးမှ (၃) ခြီလောကျလို့ဘဲထငျမိပါတယျ။
About the author
Aung Lay
Leave a Comment