ၾကားသိရသမ်ွ

ဂြိုဟ်သားနဲ့ အတော်လေးဆင်တူလွန်းတဲ့ သတ္တဝါတစ်ကောင် (ရုပ်သံ)

Written by Aung Lay




Source:.elitereaders

TikTok ပေါ်မှာဝေမျှထားတဲ့ ဂြိုဟ်သားနဲ့ဆင်တူလွန်းတဲ့ သတ္တဝါတစ်ကောင်ရဲ့video ဟာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ video ကိုကြည့်ရှုသူအများအပြားရှိခဲ့ပြီး မည်သူကမှအဆိုပါအကောင်ကို တိတိကျကျသိရှိခြင်းမျိုး မရှိခဲ့ပါဘူး ။ Stinkeyescrappy အမည်နဲ့ TikTok user တစ်ဦးက သူမရဲ့အကောင့်မှာ ‘ ဒီအကောင်သေးသေးလေးက ဘာလဲဆိုတာ သိရင်ကျွန်မကို ပြောပြကြပါလား ‘ ဆိုတဲ့ caption ကိုရေးသားခဲ့ကြပါတယ် ။ အဆိုပါအကောင်ရဲ့ ပုံပန်းသွင်ပြင်ကလည်း အတော်လေးကို ကျောချမ်းဖွယ်ကောင်းလွန်းလှပါတယ် ။ အဆိုပါအကောင်ဟာ တွားသွားသတ္တဝါလိုပုံပန်းသွင်ပြင်ရှိနေပြီး ၊ လက်ကလည်း အတော်လေးကိုရှည်ထွက်နေကာ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အပျောက်အကွက်လေးတွေနဲ့ပါ ။ အဆိုပါသတ္တဝါကိုတော့ အမေရိကန်နိုင်ငံ ၊ Nevada ပြည်နယ်မှာရှိတဲ့ Boulder City မြို့မှာတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါ video ဟာ အတော်လေးပျံ့နှံ့သွားပြီးနောက် comment တွင်လည်း မှတ်ချက်ပေးသူအများအပြားရှိခဲ့ပါတယ် ။ အချို့မှာတော့ ‘ အဲ့အကောင်က အစစ်မဟုတ်ဘူးလို့ ပြောပေးပါ ‘ ၊ ‘ Stranger Things ဇာတ်ကားထဲက မကောင်းဆိုးဝါးနဲ့တူတယ် ‘ ၊ ‘ google မှာရှာကြည့်တာ အဲ့အကောင်ရဲ့အကြောင်းလုံးဝရှာမတွေ့ဘူး ‘ ၊ ‘ ဂြိုဟ်သားတွေရှိတယ်ဆိုတဲ့ သက်သေအထောက်အထားများလား ‘ ဆိုပြီး မျိုးစုံမှတ်ချက်ပေးခဲ့ကြပါတယ် ။ ပရိသတ်တို့လည်း video ကိုကြည့်ပြီး ဝေဖန်ပေးခဲ့ကြပါအုံး ။

Source:.elitereaders

About the author

Aung Lay

Leave a Comment