Cele News

ပရိတ်သတ်တွေနဲ့အတူဆင်နွှဲ ချင်လို့ liveလွင့်ပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ စိုးပြည့်သဇင်

Written by Aung Lay





Unicode

မင်းသမီးချောလေးတစ်လက်ဖြစ်တဲ့ စိုးပြည့်သဇင် ဟာ အနုပညာလေးကမှာ အောင်မြင်စွာရပ်တည်နေခဲ့တာကြာခဲ့ပါပြီ။အပြုံးလှလှလေးနဲ့ စကားပြောချိုသာနူးညံ့တာလေးတွေကို ပရိတ်သတ်ကို အချစ်ပိုစေခဲ့တာ အမှန်ပါပဲ။သူမ အနေနဲ့ ရုပ်ရှင်ကားကြီးတွေအတော်အများများသရုပ်ဆောင်ထားပြီး ပုံမှန်အထိုက်အလျောက်ပဲ ရိုက်ကူးလေ့ရှိပါတယ်။

ယနေ့ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာတော့ မနက်ခင်းမှာ ဘုရားပန်းဆက်ကပ်ပူဇော် ထမင်းဟင်းတွေ ကိုယ်တိုင်ချက်ပြုတ်ပြီး အိမ်မှာပဲ မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။သူမကို မွေးနေ့လက်ဆောင်အဖြစ်ပို့ပေးထားတဲ့ လက်ဆောင်ပုံးတွေကိုဖောက်ရင်း ညနေ ၃နာရီမှာ liveလွင့်ပြီး ပရိတ်သတ်တွေနဲ့ မွေးနေ့ပွဲကို ပျော်ရွှင်စွာကျင်းပခဲ့ပါတယ်။

စိုးပြည့်သဇင် ရဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးတွေ နဲ့ ပရိတ်သတ်လက်ဆောင်ပေးထား လက်ဆောင်ပစ္စည်းပုံတစ်ချို့ကို စိုးပြည့်နဲ့အတူ မုဒိတာပွားစေရဖို့ ဖော်ပြပေးလိုက်ပါတယ်။commentမှာလည်း ချစ်ရတဲ့ စိုးပြည့်လေးကို မွေးနေ့ဆုတောင်းစကားလေးတွေ ခြွေသွားကြပါဦးနော်။

Flower Sky ,Source ; Soe Pyae Thazin`Facebook

About the author

Aung Lay

Leave a Comment