ၾကားသိရသမ်ွ

လူပျိုကြိုက်ပုံတွေ ထိုင်ကြည့်နေတဲ့ ထိုင်းအမတ်ရဲ့ ရယ်စရာအကြောင်းပြချက်

Written by Aung Lay

ထိုင္းလႊတ္ေတာ္အမတ္တစ္ေယာက္ဟာ ပါလီမန္ထဲမွာ သူရဲ႕ဖုန္းနဲ႔ လူပ်ိဳႀကိဳက္ပုံေတြ ထိုင္ၾကည့္ေနတဲ့အတြက္ ေဝဖန္ခံေနရေၾကာင္း သိရပါတယ္။ လႊတ္ေတာ္အမတ္နာမည္ကေတာ့ Ronnathep Anuwat ျဖစ္ပါတယ္။ သူဟာ ဖုန္းထဲက လူပ်ိဳႀကိဳက္ပုံေတြကို အခ်ိန္(၁၀)မိနစ္ၾကာ ေအးေအးေဆးေဆး ၾကည့္ရႈေနခဲ့တာပါ။

Ronnathep ဟာ ႐ုပ္ထြက္ကို ပိုၿပီးရွင္းရွင္းလင္းလင္း ျမင္ႏိုင္ေစဖို႔ သူမ်က္ႏွာ Mask ကိုေတာင္ ခြၽတ္လိုက္ေသးတယ္လို႔ သတင္းေထာက္ေတြက ဆိုပါတယ္။ သူရဲ႕ ဓာတ္ပုံေတြကို လႊတ္ေတာ္သတင္းေထာက္ေတြက ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဓာတ္ပုံတစ္ခုမွာေတာ့ အမ်ိဳးသမီးငယ္တစ္ေယာက္ ဗလာက်င္းအေနနဲ႔ျပေနတာပါ။ အျခားတစ္ပုံကေတာ့ ဗလာက်င္းအမ်ိဳးသမီးတစ္ေယာက္ ခုတင္ေပၚမွာ လဲေလွ်ာင္းေနပါတယ္။

တတိယပုံကေတာ့ တကယ့္ကို ညစ္တီးညစ္ပတ္ေနရာကို ႐ိုက္ျပထားတာပါ။ Ronnathep ဟာ ေခ်ာင္ဘူရီျပည္နယ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္ၿပီး၊ Palang Pracharath ပါတီဝင္တစ္ေယာက္ ျဖစ္ပါတယ္။ အစကေတာ့ သူက သူ႔ကို ေငြေတာင္းဖို႔အတြက္ စြယ္ေယာင္ျပတဲ့ အမ်ိဳးသမီးေတြရဲ႕ပုံေတြလို႔ ေျပာပါတယ္။

ေနာက္ပိုင္းေတာ့ သူ ၾကည့္ခ်င္လို႔ ၾကည့္မိတာလို႔ ဝန္ခံခဲ့ပါတယ္။ ေကာင္မေလးတစ္ေယာက္ကေတာ့ သူမကို အကူအညီေပးဖို႔ ေငြေၾကးေတာင္းခံခဲ့တာ ျဖစ္ေၾကာင္း၊ သူလည္း ထင္မထားတဲ့ မက္ေဆ့ကို ဖြင့္ၾကည့္လိုက္မိရာ ဒီလိုပုံေတြ ျဖစ္ေနေတာ့တာပဲလို႔ ဘုမသိဘမသိဟန္နဲ႔ ေျပာပါတယ္။ ဒါေပမယ့္ အမွတ္တမဲ့ဆိုရေအာင္ကလည္း သူဟာ အခ်ိန္(၁၀)မိနစ္ေလာက္ထိ စိမ္ေျပနေျပေငးေနခဲ့တာပါ။

Ronnathep က ေကာင္မေလးေတြပုံကို တကူးတက ျပဴးၿပဲၾကည့္ေနရျခင္းက သူတို႔တစ္ေတြ အႏၲရာယ္အတြင္းမွာ က်ေရာက္ေနသလား၊ ေနာက္ခံျမင္ကြင္းေတြ ရွင္းလင္းေအာင္ ေသခ်ာၾကည့္ရႈရျခင္းျဖစ္ေၾကာင္း ဆင္ေျခေပးထားပါတယ္။ သူကေတာ့ ဒီလိုကိစၥေတြ လုံးဝ ဝါသနာမပါပါဘူးတဲ့။ သူတို႔တစ္ေတြ ဂိုဏ္းတစ္ခုရဲ႕လက္ေအာက္ က်ေရာက္ေနပုံလို႔ ထမင္းေရပူ လွ်ာလႊဲပါေသးတယ္။

အစိုးရဘက္ကေတာ့ Ronnathep ကို ထုေခ်လႊာတင္ဖို႔ ေျပာထားေပမယ့္ အေရးယူဖို႔ေတာ့ မရွိပါဘူးတဲ့။ ေနာက္ၿပီး လႊတ္ေတာ္တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Chuan Leekpai က အစည္းအေဝးခန္းမမွာ လႊတ္ေတာ္အမတ္ေတြ ဖုန္းနဲ႔ဘာေတြကို မၾကည့္နဲ႔ဘာေတြကိုၾကည့္ပါလို႔ သတ္မွတ္ထားခ်က္မရွိတဲ့အတြက္ ဒီကိစၥက ပုဂၢိဳလ္ေရးနဲ႔ဆိုင္ေၾကာင္း၊ ဒါေပမယ့္ အမတ္တစ္ေယာက္ ႏိုင္ငံေတာ္အဆင့္ေနရာမ်ိဳးမွာ ဒီလိုလုပ္တာကေတာ့ မသင့္ေလွ်ာ္ေၾကာင္း ေျပာခဲ့ပါတယ္။

Unicode

ထိုင်းလွှတ်တော်အမတ်တစ်ယောက်ဟာ ပါလီမန်ထဲမှာ သူရဲ့ဖုန်းနဲ့ လူပျိုကြိုက်ပုံတွေ ထိုင်ကြည့်နေတဲ့အတွက် ဝေဖန်ခံနေရကြောင်း သိရပါတယ်။ လွှတ်တော်အမတ်နာမည်ကတော့ Ronnathep Anuwat ဖြစ်ပါတယ်။ သူဟာ ဖုန်းထဲက လူပျိုကြိုက်ပုံတွေကို အချိန်(၁၀)မိနစ်ကြာ အေးအေးဆေးဆေး ကြည့်ရှုနေခဲ့တာပါ။

Ronnathep ဟာ ရုပ်ထွက်ကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်စေဖို့ သူမျက်နှာ Mask ကိုတောင် ချွတ်လိုက်သေးတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။ သူရဲ့ ဓာတ်ပုံတွေကို လွှတ်တော်သတင်းထောက်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ခုမှာတော့ အမျိုးသမီးငယ်တစ်ယောက် ဗလာကျင်းအနေနဲ့ပြနေတာပါ။ အခြားတစ်ပုံကတော့ ဗလာကျင်းအမျိုးသမီးတစ်ယောက် ခုတင်ပေါ်မှာ လဲလျှောင်းနေပါတယ်။

တတိယပုံကတော့ တကယ့်ကို ညစ်တီးညစ်ပတ်နေရာကို ရိုက်ပြထားတာပါ။ Ronnathep ဟာ ချောင်ဘူရီပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး၊ Palang Pracharath ပါတီဝင်တစ်ယောက် ဖြစ်ပါတယ်။ အစကတော့ သူက သူ့ကို ငွေတောင်းဖို့အတွက် စွယ်ယောင်ပြတဲ့ အမျိုးသမီးတွေရဲ့ပုံတွေလို့ ပြောပါတယ်။

နောက်ပိုင်းတော့ သူ ကြည့်ချင်လို့ ကြည့်မိတာလို့ ဝန်ခံခဲ့ပါတယ်။ ကောင်မလေးတစ်ယောက်ကတော့ သူမကို အကူအညီပေးဖို့ ငွေကြေးတောင်းခံခဲ့တာ ဖြစ်ကြောင်း၊ သူလည်း ထင်မထားတဲ့ မက်ဆေ့ကို ဖွင့်ကြည့်လိုက်မိရာ ဒီလိုပုံတွေ ဖြစ်နေတော့တာပဲလို့ ဘုမသိဘမသိဟန်နဲ့ ပြောပါတယ်။ ဒါပေမယ့် အမှတ်တမဲ့ဆိုရအောင်ကလည်း သူဟာ အချိန်(၁၀)မိနစ်လောက်ထိ စိမ်ပြေနပြေငေးနေခဲ့တာပါ။

Ronnathep က ကောင်မလေးတွေပုံကို တကူးတက ပြူးပြဲကြည့်နေရခြင်းက သူတို့တစ်တွေ အန္တရာယ်အတွင်းမှာ ကျရောက်နေသလား၊ နောက်ခံမြင်ကွင်းတွေ ရှင်းလင်းအောင် သေချာကြည့်ရှုရခြင်းဖြစ်ကြောင်း ဆင်ခြေပေးထားပါတယ်။ သူကတော့ ဒီလိုကိစ္စတွေ လုံးဝ ဝါသနာမပါပါဘူးတဲ့။ သူတို့တစ်တွေ ဂိုဏ်းတစ်ခုရဲ့လက်အောက် ကျရောက်နေပုံလို့ ထမင်းရေပူ လျှာလွှဲပါသေးတယ်။

အစိုးရဘက်ကတော့ Ronnathep ကို ထုချေလွှာတင်ဖို့ ပြောထားပေမယ့် အရေးယူဖို့တော့ မရှိပါဘူးတဲ့။ နောက်ပြီး လွှတ်တော်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Chuan Leekpai က အစည်းအဝေးခန်းမမှာ လွှတ်တော်အမတ်တွေ ဖုန်းနဲ့ဘာတွေကို မကြည့်နဲ့ဘာတွေကိုကြည့်ပါလို့ သတ်မှတ်ထားချက်မရှိတဲ့အတွက် ဒီကိစ္စက ပုဂ္ဂိုလ်ရေးနဲ့ဆိုင်ကြောင်း၊ ဒါပေမယ့် အမတ်တစ်ယောက် နိုင်ငံတော်အဆင့်နေရာမျိုးမှာ ဒီလိုလုပ်တာကတော့ မသင့်လျှော်ကြောင်း ပြောခဲ့ပါတယ်။

About the author

Aung Lay

Leave a Comment