ၾကားသိရသမ်ွ

သခင့်ကို တင်းကြပ်စွာဖက်တွယ်ကာဆိုင်ကယ်စီးရင်း shopping လိုက်ထွက်ခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

Written by Aung Lay



Unicode

သခင်တွေနောက် အပြင်လိုက်ထွက်လည်လေ့ရှိတဲ့အိမ်မွေးတိရစ္ဆာန်တွေထဲမှာဆိုရင် ခွေးလေးတွေသာရှိကြပါတယ် ။ အခြားသော အိမ်မွေးအကောင်လေးတွေက သခင်တွေနဲ့အတူ အပြင်ထွက်လေ့ရှိတာရှားပါးတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ကြောင်လေးက သခင်နောက်တင်းကြပ်စွာဖက်သွယ်ကာဆိုင်ကယ်စီးရင်း ဈေးဝယ်လိုက်ထွက်ခဲ့တာပါ ။ Video ထဲမှာတော့ ကြောင်လေးဟာအမြဲသခင့်နောက်ဆိုင်ကယ်လိုက်စီးလေ့ရှိပုံပါ ။ ဘာလို့လည်းဆိုတော့ ယာဉ်အသွားအလာများတဲ့လမ်းမကြီးပေါ်မှာ သခင်ဖြစ်သူကဆိုင်ကယ်ကိုအရှိန်နှင့်မောင်းနှင်နေခဲ့တာဖြစ်ပေမဲ့ ကြောင်လေးကတော့လုံးဝကြောက်လန့်နေပုံမရှိပါဘူး ။

အဆိုပါ video ကို ” မင်းကငါဝယ်လာပေးတဲ့ ကြောင်စာတွေလုံးဝမကြိုက်ဘူးဆိုတော့လည်း ကိုယ်တိုင်ခေါ်ပြီး လိုက်ဝယ်ခိုင်းရတာပေါ့ ” ဆိုတဲ့စာသားလေးနဲ့ Facebook page တစ်ခုက ဝေမျှထားခဲ့တာဖြစ်ပါတယ် ။ သခင့်နောက်ဆိုင်ကယ်လိုက်စီးတဲ့ ကြောင်လေးတွေကိုမြင်ဖူးလေ့မရှိလို့ ယခုကြောင်လေးကတော့ တော်တော်လေးကို နားလည်သိတတ်လွန်းတဲ့ကြောင်လေးလို့ ပြောရမှာပါပဲ ။

About the author

Aung Lay

Leave a Comment