အင်းေ တာ်ကြီးကန် ရေ ခန်းခြောက် မှုကြောင့် ရွှေမဉ္ဇူေ ရလယ်ဘုရား အနီးတွင် (နတ်လမ်းခေါ်) သဲသောင်တန်းကြီး ပေါ်ထွန်းနေ
အ င်းတော်ကြီးကန် ရေခန်းခြောက်မှုကြောင့် သမိုင်းဝင် ရွှေမဉ္ဇူရေလယ်ဘုရား အနီးတွင် (နတ်လမ်းခေါ်) သဲသောင်တန်းကြီး ပေါ်ထွန်းနေသည်ဟု ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်သည် အရှေ့တောင် အာရှတွင် တတိယအကြီးဆုံးကန်ဖြစ်ပြီး အလျား ၁၆မိုင် အနံ ၇မိုင် ရေပြင်ဧရိယာ စတုရန်းမိုင် ၁၀၀ ရှိသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေချိုကန်ကြီး ဖြစ်သည်။
အင်းတော်ကြီးကန်ရေသည် ၂၀၂၀ ခုနှစ်တွင် မိုးခေါင်မှုနှင့် ချောင်းဝရေအထွက် စီးဆင်းမှုများသောကြောင့် အင်းတော်ကြီးဒေသရှိ ရွှေမဉ္ဇူရေလယ်ဘုရားအထိ နတ်လမ်းခေါ် သောင်ပြင်သည် ဧပြီလမှစ၍ ယခု မေလ အထိ မြင်တွေ့နေရသည်ဟု ဂေါပကထံမှ သိရသည်။
“ကျနော် အသက် ၁၀နှစ်အရွယ် ဘုရားပွဲသွားတာ အခုလို ကွန်ကရစ်လမ်းမဟုတ်ဘူး စက်လှေတွေ မပေါ်သေးဘူး လက်လှော်လှေနဲ့ ဘုရားဖူးသွားရင် ၁၅ ပြားပေးရတယ် ခြေလျင်ဆိုလျှင် ရေထဲက သွားရတယ် အခုလို လျှောက်လမ်းလုပ်လိုက်တော့ ရေလိူင်းရိုက်ခတ်ပြီး အမှိုက်တွေဒိုက်တွေက ကမ်းပေါ်ကို ရိုက်မတင်နိုင်တော့ဘူးလေ အဲဒါကြောင့်ဒီနေရာဟာ တိမ်ကောလာခဲ့တယ် မိုးနည်းလို့ ရာသီဥတုဖောက်ရင်တော့ ပေါ်တတ်ပါတယ်လို့ အသက် ၇၀ ကျော်အရွယ်ရှိ ဒေသခံ ဦးသန်းစိန်က ပြောသြည်။
ဆယ်စုနှစ်တွင် တစ်ကြိမ်တစ်ခါ မြင်တွေ့ရန်ပင်ခက်ခဲသည့် ဒေသ အခေါ် နတ်လမ်းသည် ရွှေမဉ္ဇူရေလယ်ဘုရား နှင့် ဒေါ်ပုလဲဓမ္မာရုံကြားတွင် သဲသောင်ထွန်း၍ ပေါ်ထွက်နေသော အရှည် ၁၀၀၀ ပေ အကျယ် ၅၀ပေ ခန့်အထိ ပေါ်ထွက်နေသည်။
ဒေသခံ တစ်ဦးဖြစ်သည့် ဦးစိုင်းမောင်မောင်ကလဲ “ကျနော်တို့ ငယ်ငယ်တုန်းက ရေလယ်ဘုရားနဲ့ ဒေါ်ပုလဲဓမ္မာရုံနားက ရေပြင်မှာ ငရဲအိုးလို့ခေါ်တဲ့ ဒယ်အိုးအိုက်ကြီးရှိပါတယ် အခုကတော့ ၎င်းအိုက်ကြီးကလည်း တိမ်းကောနေပါပြီ ဒါကို တာဝန်ရှိလူကြီးမင်းများ အနေနဲ့ ထိန်းသိမ်းပေးစေချင်ပါတယ်” ဟု ဆိုသည်။
အင်းတော်ကြီးကန်ကြီး မတိမ်ကောအောင် ယခုလက်ရှိ လူလမ်းအား (၁၀) ပေခန့်ရှိသည့် သံကွန်ကရစ်အခေါင်းများဖြင့် သုံးလေးနေရာခန့် ဖောက်ထုတ်ပြီး ရေလမ်းကြောင်းများပြုလုပ်ထားလျှင် အဆင်ပြေနိုင်ကြောင်းနှင့် ယခုတွင်မူ ရေလမ်းကြောင်းမရှိသည့်အတွက် ရေလယ်ဘုရားသို့ ကားများဖြင့် အရောက်သွားနိုင်သည်အထိ တဖြည်းဖြည်း တိမ်ကောသွားနိုင်သည်ဟု အင်းတော်ကြီးဒေသတောအုပ် ဦးစိုးမြင့်က သုံးသပ်ပြောဆိုသည်။
“ရှမ်းပြည်နယ်မှာရှိတဲ့ အင်းလေးကန်ကြီးလို မတိမ်ကောအောင် ကျနော်တို့အဖွဲ့မှလဲ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဒေသခံများကိုအသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်၊ ယခုလက်ရှိ COVID-19 ကပ်ရောဂါကြောင့် ဟောပြောပွဲများ ခေတ္တရပ်နားထားတာ ဖြစ်ပါတယ်၊ လူသွားလမ်းနေရာများကို ဖောက်ထုတ်ရန်အတွက် တာဝန်ရှိသူများ ဆရာတော်များကိုလည်း တင်ပြလျှောက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
COVID-19 ကပ်ရောဂါကြောင့် ရွှေမဉ္ဇူရေလည်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှဘုရားဖူးဧည်သည်များ ဧပြီလမှစ၍မေလ ကုန်အထိ ခေတ္တယာယီ ပိတ်ထားသည်ဟု သိရသည်။
အဆိုပါ အင်းတော်ကြီးဒေသရှိ သမိုင်းဝင်ရွှေမဉ္ဇူစေတီတော် ရေလယ်ဘုရားကြီးကို သာသနာတော်နှစ် (၂၄၁၂ခုနှစ်) (သက္ကရာဇ်) ၁၂၃၀ပြည့်နှစ် တပေါင်းလဆန်း (၁၁)ရက် (20-2-1869) စနေနေ့နံနက် (၁၀း၃၀) နာရီ အချိန်တွင် ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရာကြီး လက်ထက်၌ ဦးသာအေး (ခေါ်) အရှင် “တောဘိတ” ဦးစီးနာယက ဆောင်ရွက် တည်တော်မူခဲ့သည်ဟု သမိုင်းမှတ်တမ်းအရ သိရသည်။
လေးစားစွာဖြင့် ခရစ်ဒက် …….
Zawgyi
အင္းေ တာ္ႀကီးကန္ ေရ ခန္းေျခာက္ မႈေၾကာင့္ ေ႐ႊမၪၨဴေ ရလယ္ဘုရား အနီးတြင္ (နတ္လမ္းေခၚ) သဲေသာင္တန္းႀကီး ေပၚထြန္းေန
အ င္းေတာ္ႀကီးကန္ ေရခန္းေျခာက္မႈေၾကာင့္ သမိုင္းဝင္ ေ႐ႊမၪၨဴေရလယ္ဘုရား အနီးတြင္ (နတ္လမ္းေခၚ) သဲေသာင္တန္းႀကီး ေပၚထြန္းေနသည္ဟု ေဒသခံမ်ားထံမွ သိရသည္။
ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္အတြင္းရွိ အင္းေတာ္ႀကီးကန္သည္ အေရွ႕ေတာင္ အာရွတြင္ တတိယအႀကီးဆုံးကန္ျဖစ္ၿပီး အလ်ား ၁၆မိုင္ အနံ ၇မိုင္ ေရျပင္ဧရိယာ စတုရန္းမိုင္ ၁၀၀ ရွိသည့္ ျမန္မာႏိုင္ငံတြင္ အႀကီးဆုံး ေရခ်ိဳကန္ႀကီး ျဖစ္သည္။
အင္းေတာ္ႀကီးကန္ေရသည္ ၂၀၂၀ ခုႏွစ္တြင္ မိုးေခါင္မႈႏွင့္ ေခ်ာင္းဝေရအထြက္ စီးဆင္းမႈမ်ားေသာေၾကာင့္ အင္းေတာ္ႀကီးေဒသရွိ ေ႐ႊမၪၨဴေရလယ္ဘုရားအထိ နတ္လမ္းေခၚ ေသာင္ျပင္သည္ ဧၿပီလမွစ၍ ယခု ေမလ အထိ ျမင္ေတြ႕ေနရသည္ဟု ေဂါပကထံမွ သိရသည္။
“က်ေနာ္ အသက္ ၁၀ႏွစ္အ႐ြယ္ ဘုရားပြဲသြားတာ အခုလို ကြန္ကရစ္လမ္းမဟုတ္ဘူး စက္ေလွေတြ မေပၚေသးဘူး လက္ေလွာ္ေလွနဲ႔ ဘုရားဖူးသြားရင္ ၁၅ ျပားေပးရတယ္ ေျခလ်င္ဆိုလွ်င္ ေရထဲက သြားရတယ္ အခုလို ေလွ်ာက္လမ္းလုပ္လိုက္ေတာ့ ေရလိူင္း႐ိုက္ခတ္ၿပီး အမႈိက္ေတြဒိုက္ေတြက ကမ္းေပၚကို ႐ိုက္မတင္ႏိုင္ေတာ့ဘူးေလ အဲဒါေၾကာင့္ဒီေနရာဟာ တိမ္ေကာလာခဲ့တယ္ မိုးနည္းလို႔ ရာသီဥတုေဖာက္ရင္ေတာ့ ေပၚတတ္ပါတယ္လို႔ အသက္ ၇၀ ေက်ာ္အ႐ြယ္ရွိ ေဒသခံ ဦးသန္းစိန္က ေျပာၾသည္။
ဆယ္စုႏွစ္တြင္ တစ္ႀကိမ္တစ္ခါ ျမင္ေတြ႕ရန္ပင္ခက္ခဲသည့္ ေဒသ အေခၚ နတ္လမ္းသည္ ေ႐ႊမၪၨဴေရလယ္ဘုရား ႏွင့္ ေဒၚပုလဲဓမၼာ႐ုံၾကားတြင္ သဲေသာင္ထြန္း၍ ေပၚထြက္ေနေသာ အရွည္ ၁၀၀၀ ေပ အက်ယ္ ၅၀ေပ ခန႔္အထိ ေပၚထြက္ေနသည္။
ေဒသခံ တစ္ဦးျဖစ္သည့္ ဦးစိုင္းေမာင္ေမာင္ကလဲ “က်ေနာ္တို႔ ငယ္ငယ္တုန္းက ေရလယ္ဘုရားနဲ႔ ေဒၚပုလဲဓမၼာ႐ုံနားက ေရျပင္မွာ ငရဲအိုးလို႔ေခၚတဲ့ ဒယ္အိုးအိုက္ႀကီးရွိပါတယ္ အခုကေတာ့ ၎အိုက္ႀကီးကလည္း တိမ္းေကာေနပါၿပီ ဒါကို တာဝန္ရွိလူႀကီးမင္းမ်ား အေနနဲ႔ ထိန္းသိမ္းေပးေစခ်င္ပါတယ္” ဟု ဆိုသည္။
အင္းေတာ္ႀကီးကန္ႀကီး မတိမ္ေကာေအာင္ ယခုလက္ရွိ လူလမ္းအား (၁၀) ေပခန႔္ရွိသည့္ သံကြန္ကရစ္အေခါင္းမ်ားျဖင့္ သုံးေလးေနရာခန႔္ ေဖာက္ထုတ္ၿပီး ေရလမ္းေၾကာင္းမ်ားျပဳလုပ္ထားလွ်င္ အဆင္ေျပႏိုင္ေၾကာင္းႏွင့္ ယခုတြင္မူ ေရလမ္းေၾကာင္းမရွိသည့္အတြက္ ေရလယ္ဘုရားသို႔ ကားမ်ားျဖင့္ အေရာက္သြားႏိုင္သည္အထိ တျဖည္းျဖည္း တိမ္ေကာသြားႏိုင္သည္ဟု အင္းေတာ္ႀကီးေဒသေတာအုပ္ ဦးစိုးျမင့္က သုံးသပ္ေျပာဆိုသည္။
“ရွမ္းျပည္နယ္မွာရွိတဲ့ အင္းေလးကန္ႀကီးလို မတိမ္ေကာေအာင္ က်ေနာ္တို႔အဖြဲ႕မွလဲ ထိန္းသိမ္း ေစာင့္ေရွာက္ျခင္း၊ ေဒသခံမ်ားကိုအသိပညာေပးေဟာေျပာပြဲမ်ား စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေနပါတယ္၊ ယခုလက္ရွိ COVID-19 ကပ္ေရာဂါေၾကာင့္ ေဟာေျပာပြဲမ်ား ေခတၱရပ္နားထားတာ ျဖစ္ပါတယ္၊ လူသြားလမ္းေနရာမ်ားကို ေဖာက္ထုတ္ရန္အတြက္ တာဝန္ရွိသူမ်ား ဆရာေတာ္မ်ားကိုလည္း တင္ျပေလွ်ာက္ထားပါတယ္” ဟု ၄င္းက ဆိုသည္။
COVID-19 ကပ္ေရာဂါေၾကာင့္ ေ႐ႊမၪၨဴေရလည္ဘုရားသို႔ အနယ္နယ္အရပ္ရပ္မွဘုရားဖူးဧည္သည္မ်ား ဧၿပီလမွစ၍ေမလ ကုန္အထိ ေခတၱယာယီ ပိတ္ထားသည္ဟု သိရသည္။
အဆိုပါ အင္းေတာ္ႀကီးေဒသရွိ သမိုင္းဝင္ေ႐ႊမၪၨဴေစတီေတာ္ ေရလယ္ဘုရားႀကီးကို သာသနာေတာ္ႏွစ္ (၂၄၁၂ခုႏွစ္) (သကၠရာဇ္) ၁၂၃၀ျပည့္ႏွစ္ တေပါင္းလဆန္း (၁၁)ရက္ (20-2-1869) စေနေန႔နံနက္ (၁၀း၃၀) နာရီ အခ်ိန္တြင္ ကုန္းေဘာင္မင္းဆက္ မင္းတုန္းမင္းတရာႀကီး လက္ထက္၌ ဦးသာေအး (ေခၚ) အရွင္ “ေတာဘိတ” ဦးစီးနာယက ေဆာင္႐ြက္ တည္ေတာ္မူခဲ့သည္ဟု သမိုင္းမွတ္တမ္းအရ သိရသည္။
ေလးစားစြာျဖင့္ ခရစ္ဒက္ …….