Cele News

နီးစပ်ရာအဆင်မပြေသူတွေကို ပိုက်ဆံစာအိတ်နဲ့ထီစောင်ရေ တွေ လိုက်လံလှူဒါန်းခဲ့တဲ့ ယုန်လေး

Written by Aung Lay




Source : Yone Lay

Unicode

ပရိသတ်ကြီးရေ အဆိုတော် ယုန်လေးကတော့ စိတ်ရင်းကောင်းပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ သူတတ်နိုင်သလောက် အင်အားနဲ့ ချို့တဲ့သူများကို ကူညီပေးနေတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါနော် ။ အနုပညာဝါသနာပါတဲ့ လူငယ်လေးတွေကိုလည်း မြေတောင်မြှောက်ပေးတတ်သလို တတ်နိုင်တဲ့ဘက်ကနေ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကူညီပေးတတ်တဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး ။

ဒီနေ့မှာတော့ ကိုဗစ်ကြောင့်လူတိုင်း Stay Home နေနေကြတဲ့ အချိန်မှာ ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့ လူတွေအတွက် အလှူငွေနဲ့အတူ ထီလက်မှတ်လေးတွေကို လိုက်လံလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ယုန်လေးကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ ထီ လိုက်လှူ စရာမလိုပါဘူး . ထီက မြင့်မြတ် ၊ သင်ဇာဝင့်ကျော် ၊ Jenny ၊ ကိုဖိုးဝ တို့ အလှူထည့်ထားလို့ . ထီ လေးတွေ နဲ့ရောလှူတာပါ .ဒီ အချိန်မှာ လူတိုင်း အဆင်မပြေပါဘူး .ဒါပေမယ့် ကိုယ့်ထက် အဆင်မပြေတဲ့ သူတွေရှိတယ်ဆိုတဲ့ စာသားလေးနဲ့အတူ ဒ အခုလို လှူဒါန်းမှုလေးကို Challenge ခေါ်ခဲ့တာဖြစ်ပါတယ် ။

ဆရာ မင်းခိုက်စိုးစံ ရဲ့ လူကငြိမ်နေပေမယ့် အစာအိမ်ကငြိမ်ငြိမ်နေလို့မရဘူးဆိုတဲ့ စကားအတိုင်း နည်းတာ များတာမရှိပါ .နီးစပ်ရာ ကိုယ်ပတ်ဝန်းကျင်က လိုအပ်တဲ့လူတွေကိုကူတဲ့Challenge ပါ . လူတိုင်း ကို Challenge ခေါ်ပါတယ် လို့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ယုန်လေးကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လိုအပ်နေသူတွေကို ကူညီရင်း Challenge လေးကို ပါဝင်လိုက်ရအောင်နော် ။

Source : Yone Lay

About the author

Aung Lay

Leave a Comment