ဟင်းနုနွယ်ပင်ဆေးဖက်ဝင်
ဟင်းနုနွယ်ရွက်သည်ချို၏အနည်းငယ်ငန်၏သွေးသည်းခြေတို့ကိုနိုင်၏ဆီးဝမ်းတို့ကိုအထူးသက်စေ၏။အဆိပ်ရောဂါနုတ်မမြိန်သောရောဂါတို့တို့နှင့်သင့်မြတ်၏ ။ ။
“ဟင်းနုနွယ်ကုထုံးများ ”
ဟင်းနုနွယ်ပဉ္စငါးပါးကိုကြောင်သားနှင့်ကြော်စားခြင်းအားဖြင့်လေငန်းရောဂါခြေတုန်လက်တုန်။လက်တုန်ခြေဆွဲလက်ဆွဲ။ပါးစောင်းရွဲ့ခြင်း။စကားထစ်အ။ခြေဘက်လိုက်ဖြစ်သောလေများနှင့်လေရောဂါတို့ကိုပျောက်ကင်းစေ၏ ။
ဟင်းနနွယ်ရွက်ပဲနှင့်ပဲဇင်ငုံရော၍ဟင်းချိုချက်သောက်ပါကသားသည်မိခင်နို့ရည်ထွက်ရှိစေသည်။
ဟင်းနုနွယ်ရွက်ကိုကန်ဇွန်းရွက်နှင်ဆတူေကြော်စားပါကသွေးအဆိပ်သင့်ခြင်း။အစာအဆိပ်သင့်ခြင်းကိုသက်သာပျောက်ကင်းစေပါသည်။
ဟင်းနုနွယ်ရွက်ပဉ္စငါးပါးကိုငါကျည်းခြောက်နှင့်ကြော်ချက်စားလျှင်သာအိမ်ဝေဒနာကိုသက်သာပျောက်ကင်းစေ၏ ။ ဆီးကိုရွှင်စေပြီးအဆိပ်ပြေစေသည်။
ကိုယ်ဝန်မကြာခနပျက်သောအမျိုးသမီးများအတွက်ဟင်းနုနယ်ပဉ္စငါးပါးကိုသုံးခွက်တခွက်တင်ပြုတ်ဆေးရည်ကိုတနေ့လေးကြိမ်သောက်ပေးခြင်းဖြင့်ကိုယ်ဝန်တည်မြဲစေ၏ ။
မွေးဖွားပြီးမိခင် အစားမှား၍ အရေပြားအဖုအပိန့်ထွက်ယားနာဖြစ်ခြင်းသွေးသားမသန့်ခြင်းအတွက် ဟင်းနုနွယ်ရွက်ကို မကြာခဏကြော်စားပေးရသည် ။
ငါးမျက်စိရောဂါအတွက်ဟင်းနုနယ်အမြစ်ကိုဆန်ဆေးရည်နှင့်ပြစ်ပြစ်သွေးပြီးပတ်တီးဖြင့်စီးထားပါသုံးလေးရက်အတွင်းငါးမျက်စိကျွတ်ထွက်ပါသည် ။
နှာခေါင်းသွေးယိုချင်းအတွက်ဟင်းနုနယ်ရွက်ညှက်အောင်ကြိတ်၍နှာခေါင်းမှစပြီးမျက်နှာအထက်ပိုင်းလိမ်းကျံပေးပါပျောက်ကင်းစေ၏။
ဟင်းနုနယ်အရွက်အရိုးကိုပုဇွန်ကြက်သွန်နီဖြင့်ကြော်စားပေးပါကသကျည်းကိုက်ခြင်း။သားအိမ်နာ ခြင်းတို့ကိုသက်သာစေ၏ ။
ဟင်းနုနယ်ရွက်ကိုဧကရာဇ်ရွက်နှင့်ကြော်စားလျှင်လေကိုအခြေခံ၍ဖြစ်သောအမူးရောဂါကိုပျောက်ကင်းစေပါသည်။
ငါးရိုးစူးလျင်ဟင်းနုနယ်ရွက်ါ သတ္တုရည်ကိုသောက်ပေးပါက ငါးရိုးပျော့ပြီးကျလေသည် ။ ။
ခန္ဓာကိုယ် အစားမှားသွေးမသန့်ခြင်းကြောင့် အရေပြား အကွက်ထခြင်းများကို ဟင်းနုနယ် မကြာခဏ ကြော်စားပေးလျင် ပျောက်ကင်းစေပါသည် ။ ။
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့
Zawgyi
ဟင္းနုႏြြယ္ပင္ေဆးဖက္ဝင္
ဟင္းနုႏြယ္ရြက္သည္ခ်ိဳ၏အနည္းငယ္ငန္၏ေသြးသည္းေျခတို႔ကိုနိဳင္၏ဆီးဝမ္းတို႔ကိုအထူးသက္ေစ၏။အဆိ္ပ္ေရာဂါနဳတ္မျမိန္ေသာေရာဂါတို႕တို႕ႏွင့္သင့္ျမတ္၏ ။ ။
“ဟင္းနုႏြယ္ကုထုံးမ်ား ”
ဟင္းနုႏြယ္ပဥၥငါးပါးကိုိေႀကာင္သားနွင့္ေႀကာ္စားျခင္းအားျဖင့္ေလငန္းေရာဂါေျခတုန္လက္တုန္။လက္တုန္္ေျခဆြဲလက္ဆြဲ။ပါးေစာင္းရြဲ႕ျခင္း။စကားထစ္အ။ေျခဘက္လိုက္ျဖစ္ေသာေလမ်ားနွင့္ေလေရာဂါတို႕ကိုေပ်ာက္ကင္းေစ၏ ။
ဟင္းနႏြယ္ရြြက္ပဲႏွင့္ပဲဇင္ငုံေရာ၍ဟင္းခ်ိဳခ်က္ေသာက္ပါကသားသည္မိခင္နိဳ႕ရည္ထြက္ရွိေစသည္။
ဟင္းနုႏြယ္ရြြက္ကိုကန္ဇြန္းရြက္နွင္ဆတူေေႀကာ္စားပါကေသြးအဆိပ္သင့္ျခင္း။အစာအဆိပ္သင့္ျခင္းကိုသက္သာေပ်ာက္ကင္းေစပါသည္။
ဟင္းနုႏြြယ္ရြြက္ပဥၥငါးပါးကိုငါက်ည္းေျခာက္နွင့္ေႀကာ္ခ်က္စားလ်ွင္သာအိ္မ္ေဝဒနာကိုသက္သာေပ်ာက္ကင္းေစ၏ ။ ဆီးကိုရႊင္ေစျပီးအဆိပ္ေျပေစသည္။
ကို္ယ္ဝန္မႀကာခနပ်က္ေသာအမ်္ိဳးသမီးမ်ားအတြက္ဟင္းနုနယ္ပဥၥငါးပါးကိုသုံးခြက္တခြက္တင္ျပဳတ္ေဆးရည္ကိုတေန႕ေလးႀကိမ္ေသာက္ေပးျခင္းျဖင့္ကိုယ္ဝန္တည္ျမဲေစ၏ ။
ေမြးဖြားျပီးမိခင္ အစားမွား၍ အေရျပားအဖုအပိ္န္႔ထြက္ယားနာျဖစ္ျခင္းေသြးသားမသန္႔ျခင္းအတြက္ ဟင္းနုႏြယ္ရြက္ကို မႀကာခဏေႀကာ္စားေပးရသည္ ။
ငါးမ်က္စိေရာဂါအတြက္ဟင္းနုနယ္အျမစ္ကို္ဆန္ေဆးရည္နွင့္ျပစ္ျပစ္ေသြးျပီးပတ္တီးျဖင့္စီးထားပါသုံးေလးရက္အတြင္းငါးမ်က္စိက်ြတ္ထြက္ပါသည္ ။
ႏွာေခါင္းေသြးယိုခ်င္းအတြြက္ဟင္းနုနယ္ရြက္ညွက္ေအာင္ႀကိတ္၍နွာေခါင္းမွစျပီးမ်က္နွာအထက္ပိုင္းလိမ္းက်ံေပးပါေပ်ာက္ကင္းေစ၏။
ဟင္းနုနယ္အရြက္အရိုးကို္ပုဇြန္ႀကက္သြန္နီျဖင့္ေႀကာ္စားေပးပါကသက်ည္းကိုက္ျခင္း။သားအိမ္နာ ျခင္းတို႔ကိုသက္သာေစ၏ ။
ဟင္းနုနယ္ရြက္ကို္ဧကရာဇ္ရြက္နွင့္ေႀကာ္စားလ်ွင္ေလကိုအေျခခံ၍ျဖစ္ေသာအမူးေရာဂါကိုေပ်ာက္ကင္းေစပါသည္။
ငါးရိုးစူးလ်င္ဟင္းနုနယ္ရြက္ါ သတၲဳရည္ကိုေသာက္ေပးပါက ငါးရိုးေပ်ာ႔ျပီးက်ေလသည္ ။ ။
ခႏၶာကို္ယ္ အစားမွားေသြးမသန္႕ျခင္းေႀကာင့္ အေရျပား အကြက္ထျခင္းမ်ားကို ဟင္းနုနယ္ မႀကာခဏ ေႀကာ္စားေပးလ်င္ ေပ်ာက္ကင္းေစပါသည္ ။ ။
အိမ္တြင္းေဆးျမီးတိုမ်ားစုစည္းမွဳ႕