Knowledge
ပုံမှန်ဝင်ငွေရှိပြီး ခုမှပိုက်ဆံစုမည့်သူများ အတွက် ပိုက်ဆံစုတဲ့နည်း လျှိုဝှက်ချက် ( ၆ ) မျိုး
Written by Aung Lay
Unicode
ပုံမှန်ဝင်ငွေရှိပြီး ခုမှပိုက်ဆံစုမည့်သူများ အတွက် ပိုက်ဆံစုတဲ့နည်း လျှိုဝှက်ချက် ( ၆ ) မျိုး
၁။။သုံးပြီးမှမစုလေနဲ့လစာထုတ်တာနဲ့လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ပြီးမှပိုက်ဆံစုတတ်ကြတယ်တကယ်တမ်းတော့ယလစဉ်စုဆောင်းမယ့်ပိုက်ဆံပမာဏကိုသတ်မှတ်စုဆောင်းပြီးမှသာလိုအပ်တဲ့အရာတွေကိုဝယ်သင့်ပါတယ်လစာထုတ်တာနဲ့ပထမဆုံးလုပ်ရမှာကစုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်
၂။တံဆိပ်စွဲမထားလေနဲ့ဆယ်သိန်းလောက်ရှိတဲ့အိုင်ဖုန်းဝယ်မယ့်အစားအတန်အသင့်သုံးလို့ကောင်းတဲ့နှစ်သိန်းတန်စမတ်ဖုန်းတစ်လုံးကိုဝယ်ပြီးကျန်တဲ့ရှစ်သိန်းကိုစုဆောင်းလိုက်တာကပိုအဓိပ္ပာယ်ရှိပါတယ်နာမည်ကြီးတံဆိပ်ရဲ့နောက်မှာလိုက်နေတာထက်အရည်အသွေးကောင်းတဲ့ပစ္စည်းကိုသုံးသင့်တဲ့သဘောပါဆိုင်ထိုင်မယ်ဆိုရင်နာမည်ကြီးဆိုင်မှာထိုင်တာထက်အစားအသောက်ကောင်းတဲ့ဆိုင်မှာထိုင်တာကပိုအရသာရှိသလိုငွေကုန်လည်းသက်သာစေပါတယ်
၃။အသေးအဖွဲလေးတွေကိုဂရုစိုက်ပါအအေးဘူးဝယ်သောက်လိုက်လို့ငါးရာပဲကုန်တာတစ်ခါတလေမှာဘာမှမဖြစ်ပေမယ့်ကြိမ်ဖန်များလာရင်ဆိတ်ဖန်များအနာဖြစ်တတ်ပါတယ်ဥပမာစတိုးဆိုင်တွေကပေးလိုက်တဲ့ကြွတ်ကြွတ်အိတ်တွေကိုလွှင့်မပစ်ဘဲနဲ့အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင်အမှိုက်အိတ်ကုန်ငွေသက်သာတဲ့သဘောပါ
၄။နှစ်ပတ်စောင့်တဲ့ဗျူဟာသုံးကြည့်ပါပစ္စည်းတစ်ခုဝယ်ချင်တယ်ဆိုရင်ချက်ချင်းမဝယ်သေးပါနဲ့ဦးနှစ်ပတ်လောက်စောင့်လိုက်ပါနှစ်ပတ်လောက်ကြာတော့မှကိုယ်ကလည်းတကယ်လိုချင်တယ်နေတယ်ပစ္စည်းကလည်းလိုအပ်နေတယ်ဆိုတော့မှဝယ်လိုက်ပါစောင့်နေတဲ့အတောအတွင်းမှာတခြားလူဝယ်လို့ကုန်သွားမှာစိတ်မပူပါနဲ့ပိုကောင်းပိုလှတဲ့ပစ္စည်းတွေဆိုင်မှာရောက်နေပါပြီ
၅။အင်တာနက်လျော့သုံးပါကိုယ့်အလုပ်ဟာအင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင်တစ်နေ့မှာတစ်နာရီထက်ပိုမသုံးပါနဲ့အင်တာနက်ကိုရိုးရိုးသုံးတာထက်စာရင်အကျိုးရှိအောင် သုံးပါ။
၆။လိုအပ်တာလားလိုချင်တာလားလူတွေဟာကိုယ့်အတွက်တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှလိုချင်နေမိတတ်တယ်မလိုအပ်တဲ့အရာတွေကိုဝယ်မိရင်လိုအပ်တာတွေထုတ်ရောင်းရမယ်ဆိုတဲ့ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲဆန္ဒနောက်မလိုက်မိပါစေနဲ့နောက်ဆုံးအရေးကြီးတာကပိုက်ဆံစုတဲ့အခါမှာရည်မှန်းချက်ထားပြီးစုတတ်ဖို့ပဲရည်မှန်းချက်ထားပြီးပိုက်ဆံစုတာကပိုအဓိပ္ပာယ်ရှိသလိုပန်းတိုင်သတ်မှတ်ပြီးလျှောက်လှမ်းတဲ့ဘဝဟာအနှစ်သာရပြည့်ဝနေတာပေါ့
Credit
About the author
Aung Lay
Leave a Comment