Cele News

မွေးနေ့မှာ ခင်ပွန်းနဲ့သမီးက ဂစ်တာလေးနဲ့ birthdayသီချင်းသီဆိုပေးတာကြောင့်ကျေနပ်နေတဲ့ ခိုင်သင်းကြည်

Written by Aung Lay





Unicode

ယနေ့မှာတော့ ထပ်ဆင့်အကယ်ဒမီရှင် ခိုင်သင်းကြည်ရဲ့မွေးနေ့ကျရောက်တဲ့နေ့လေးပဲဖြစ်ပါတယ်။နေရာစုံပီစွာ သရုပ်ဆောင်နိုင်တာကြောင့် ထပ်ဆင့်အကယ်ဒမီဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။နွေးထွေးတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ကတော့ မွေးနေ့မှာလည်း ပျော်ရွှင်စေအောင် ခင်ပွန်းနဲ့သမီးက ဖြည့်ဆည်းပေးခဲ့ပါတယ်။

လူစုလူဝေးမလုပ်ရတဲ့ ကာလတစ်ခုဖြစ်တာကြောင့် လူအများအပြားနဲ့ မွေးနေ့ပွဲကျင်းပလို့ မဖြစ်နိုင်တာကြောင့် သူမတို့ မိသားစု၃ယောက်နဲ့ပဲ ကျင်းပခဲ့ပါတယ်။သမီးအလိမ္မာလေးဖြစ်တဲ့ ထိပ်ထားလေးက ဂစ်တာတီးပြီး ခင်ပွန်းနဲ့အတူ Birthday သီချင်းသီဆိုတာ မခိုင်လေးတစ်ယောက်ကတော့ ကြည်နူးပျော်ရွှင်နေတာကို မြင်တွေ့ရပါတယ်။

ယနေ့မှာ ကျရောက်တဲ့ မခိုင်လေးတစ်ယောက် မွေးနေ့မှ စ၍ စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးတို့လည်း မခိုင်လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောသွားကြပါဦးနော်။မခိုင်လေးရဲ့မွေးနေ့ပွဲကျင်းပနေတဲ့ videoလေးကိုလည်း မျှဝေကြည်နူးစေရဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Flower Sky , Source : Khine Thin Kyi`Fb Account

About the author

Aung Lay

Leave a Comment