Knowledge

မိသားစုထဲမှာ သင်က အလတ်တစ်ယောက်ဆိုရင်…ဖတ်ကြည့်လိုက်ပါ

Written by Aung Lay

မိသားစုထဲမွာ သင္က အလတ္တစ္ေယာက္ဆိုရင္

အလတ္ မိသားစုတစ္ခုမွာ အလတ္ဆိုတဲ့အတိုင္း အရာရာမွာလစ္လပ္ခဲ့ပါတယ္။မိဘရဲ႕ေမွ်ာ္လင့္ခ်က္ေတြက အႀကီးဆုံးအေပၚမွာ ပုံအပ္ထားတတ္သလို အခ်စ္ေတြက အငယ္ဆုံးေလးေတြကို ပိုတတ္တယ္ေလ။

အႀကီးတစ္ေယာက္ကို အလိုက္သိတတ္ရသလို အငယ္ကိုက်ျပန္ေတာ့လဲ အလိုလိုက္ရတတ္တယ္၊၊

ဒါေတြေၾကာင့္ပဲ ထင္ပါတယ္ မ်ားေသာအားျဖင့္ အလတ္ေတြက မိသားစုအေပၚျပန္ၿပီး သိတတ္ၾကတာမ်ားတယ္။

ငယ္စဥ္ကတည္းက သည္းခံတတ္တဲ့စိတ္ေလးေတြ ပါလာၾကတယ္ေလ။အလိုေလာဘမႀကီးဘူး။

ကိုယ္ျဖစ္ခ်င္တဲ့အရာေတြထက္ မိသားစုအေရးကို ပိုၿပီးအေလး ထားတတ္တယ္။ဒါေတြေၾကာင့္ပဲ မိသားစုတစ္ခုမွာ အလတ္ေတြက ပိုၿပီးပင္ပန္းရပါတယ္။

ေမာင္ႏွမေတြၾကားမွာ အနစ္နာခံတတ္ၾကသလို သူပဲထိပ္ဆုံးကအဆူခံရတတ္တယ္။လူနဲ႔မလိုက္ေအာင္ ရင့္က်က္တတ္သလို တစ္ခါတစ္ေလက်ေတာ့ သူ႔မွာကေလးဆန္တတ္တယ္။အလတ္ေတြက နားလည္ရခက္ပါတယ္ ။

သူတို႔စိတ္ထဲမွာ ဘာရွိေနတယ္ ဘာျဖစ္ေနတယ္ဆိုတာကို သိဖို႔နားလည္ဖို႔သိပ္ခက္တယ္။

သူ႔မွာ ျဖစ္ခ်င္တဲ့အရာေတြ ရွိခဲ့ရင္ေတာင္ ဘယ္သူ႔ကိုမွ ဒုကၡမေပးပဲ သူ႔ေျခသူ႔လက္နဲ႔ ႀကိဳးစားယူတတ္ၾကတယ္ေလ။မိဘေတြကိုလဲ အပူမေပးသလို ေမာင္ႏွမေတြကို ဒုကၡမေပးဘူး။

ေအးေဆးတယ္ တည္ၿငိမ္တယ္စိတ္ရွည္တယ္မ်ားေသာအားျဖင့္ ဒီအခ်က္ေတြ သူ႔မွာရွိေနတတ္ပါတယ္။

အႀကီးကို ဂ႐ုစိုက္တတ္သလို အငယ္ေတြကိုလဲ အလိုလိုက္တတ္ပါတယ္ သူကဘဝကို အႀကီးေတြ အငယ္ေတြထက္ ပိုၿပီးနားလည္တတ္သလို ပိုၿပီးလဲရင့္က်က္ပါတယ္။လက္ထဲမွာ ဘာမွမရွိလို႔လဲ ဝမ္းနည္းမေနတတ္သလို လက္ထဲရွိေနလို႔လဲ မာန္မတက္ဘူး။တည္ၿငိမ္တယ္။

ခံစားခ်က္ေတြကို ဦးစားမေပးတတ္သလို သူ႔ျဖစ္ေနတဲ့အရာေတြကို သိုဝွက္ထားတတ္တာေတာ့ ေကာင္းတဲ့အခ်က္လို႔ေျပာလို႔မရေပမယ့္ ဒါကသူ႔ရဲ႕သဘာဝလို႔ပဲေျပာရမယ္ထင္ပါတယ္။

ေနမေကာင္းလို႔လဲ ဘယ္သူ႔ကိုမွ ဒုကၡမေပးဘူး။ကိုယ္ျဖစ္ရင္ ကိုယ္ပဲ ခံရမယ္ဆိုတဲ့အေတြးနဲ႔ အသက္ရွင္တယ္၊၊ကိုယ့္အား ကိုယ္ကိုးၿပီး ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ပါတယ္ ။

မေကာင္းတဲ့တစ္ခ်က္ကေတာ့ သူကအရမ္းကိုတြယ္တာတတ္တယ္။သူ႔ကို ဂ႐ုစိုက္တဲ့သူေတြကို သိပ္ၿပီးေတာ့ သေဘာက်တယ္ေလ။

မိသားစုတစ္ခုမွာ အလတ္က အခ်စ္ႀကီးခ်စ္ခံရခဲတယ္ေလ ဒါေၾကာင့္ သူ႔အေပၚဂ႐ုစိုက္ ၾကင္နာတဲ့သူကို ေတြ႕ရင္တြယ္တာတတ္တာေလးပဲ ဆိုးတာပါ။

တကယ္လို႔သင္သာ မိသားစုတစ္ခုက အလတ္ျဖစ္ခဲ့မယ္ဆိုရင္ ဘဝမွာ ကိုယ့္ဆႏၵေတြထက္ မိသားစုအေရးကို ပိုၿပီးဦးစားေပးတတ္လိမ့္မယ္လို႔ထင္ပါတယ္၊၊

တကယ့္လို႔သင္သာ အလတ္ျဖစ္ခဲ့မယ္ဆိုရင္ အႀကီးေတြအငယ္ ေတြထက္ ပိုၿပီးရင့္က်က္လိမ့္မယ္လို႔ထင္ပါတယ္။

Unicode

မိသားစုထဲမှာ သင်က အလတ်တစ်ယောက်ဆိုရင်

အလတ် မိသားစုတစ်ခုမှာ အလတ်ဆိုတဲ့အတိုင်း အရာရာမှာလစ်လပ်ခဲ့ပါတယ်။မိဘရဲ့မျှော်လင့်ချက်တွေက အကြီးဆုံးအပေါ်မှာ ပုံအပ်ထားတတ်သလို အချစ်တွေက အငယ်ဆုံးလေးတွေကို ပိုတတ်တယ်လေ။

အကြီးတစ်ယောက်ကို အလိုက်သိတတ်ရသလို အငယ်ကိုကျပြန်တော့လဲ အလိုလိုက်ရတတ်တယ်၊၊

ဒါတွေကြောင့်ပဲ ထင်ပါတယ် များသောအားဖြင့် အလတ်တွေက မိသားစုအပေါ်ပြန်ပြီး သိတတ်ကြတာများတယ်။

ငယ်စဉ်ကတည်းက သည်းခံတတ်တဲ့စိတ်လေးတွေ ပါလာကြတယ်လေ။အလိုလောဘမကြီးဘူး။

ကိုယ်ဖြစ်ချင်တဲ့အရာတွေထက် မိသားစုအရေးကို ပိုပြီးအလေး ထားတတ်တယ်။ဒါတွေကြောင့်ပဲ မိသားစုတစ်ခုမှာ အလတ်တွေက ပိုပြီးပင်ပန်းရပါတယ်။

မောင်နှမတွေကြားမှာ အနစ်နာခံတတ်ကြသလို သူပဲထိပ်ဆုံးကအဆူခံရတတ်တယ်။လူနဲ့မလိုက်အောင် ရင့်ကျက်တတ်သလို တစ်ခါတစ်လေကျတော့ သူ့မှာကလေးဆန်တတ်တယ်။အလတ်တွေက နားလည်ရခက်ပါတယ် ။

သူတို့စိတ်ထဲမှာ ဘာရှိနေတယ် ဘာဖြစ်နေတယ်ဆိုတာကို သိဖို့နားလည်ဖို့သိပ်ခက်တယ်။

သူ့မှာ ဖြစ်ချင်တဲ့အရာတွေ ရှိခဲ့ရင်တောင် ဘယ်သူ့ကိုမှ ဒုက္ခမပေးပဲ သူ့ခြေသူ့လက်နဲ့ ကြိုးစားယူတတ်ကြတယ်လေ။မိဘတွေကိုလဲ အပူမပေးသလို မောင်နှမတွေကို ဒုက္ခမပေးဘူး။

အေးဆေးတယ် တည်ငြိမ်တယ်စိတ်ရှည်တယ်များသောအားဖြင့် ဒီအချက်တွေ သူ့မှာရှိနေတတ်ပါတယ်။

အကြီးကို ဂရုစိုက်တတ်သလို အငယ်တွေကိုလဲ အလိုလိုက်တတ်ပါတယ် သူကဘဝကို အကြီးတွေ အငယ်တွေထက် ပိုပြီးနားလည်တတ်သလို ပိုပြီးလဲရင့်ကျက်ပါတယ်။လက်ထဲမှာ ဘာမှမရှိလို့လဲ ဝမ်းနည်းမနေတတ်သလို လက်ထဲရှိနေလို့လဲ မာန်မတက်ဘူး။တည်ငြိမ်တယ်။

ခံစားချက်တွေကို ဦးစားမပေးတတ်သလို သူ့ဖြစ်နေတဲ့အရာတွေကို သိုဝှက်ထားတတ်တာတော့ ကောင်းတဲ့အချက်လို့ပြောလို့မရပေမယ့် ဒါကသူ့ရဲ့သဘာဝလို့ပဲပြောရမယ်ထင်ပါတယ်။

နေမကောင်းလို့လဲ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမယ်ဆိုတဲ့အတွေးနဲ့ အသက်ရှင်တယ်၊၊ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပါတယ် ။

မကောင်းတဲ့တစ်ချက်ကတော့ သူကအရမ်းကိုတွယ်တာတတ်တယ်။သူ့ကို ဂရုစိုက်တဲ့သူတွေကို သိပ်ပြီးတော့ သဘောကျတယ်လေ။

မိသားစုတစ်ခုမှာ အလတ်က အချစ်ကြီးချစ်ခံရခဲတယ်လေ ဒါကြောင့် သူ့အပေါ်ဂရုစိုက် ကြင်နာတဲ့သူကို တွေ့ရင်တွယ်တာတတ်တာလေးပဲ ဆိုးတာပါ။

တကယ်လို့သင်သာ မိသားစုတစ်ခုက အလတ်ဖြစ်ခဲ့မယ်ဆိုရင် ဘဝမှာ ကိုယ့်ဆန္ဒတွေထက် မိသားစုအရေးကို ပိုပြီးဦးစားပေးတတ်လိမ့်မယ်လို့ထင်ပါတယ်၊၊

တကယ့်လို့သင်သာ အလတ်ဖြစ်ခဲ့မယ်ဆိုရင် အကြီးတွေအငယ် တွေထက် ပိုပြီးရင့်ကျက်လိမ့်မယ်လို့ထင်ပါတယ်။

Credit

 

About the author

Aung Lay

Leave a Comment