ၾကားသိရသမ်ွ

စနေဂြိုဟ် ပြောင်းလဲတော့မည်

Written by Aung Lay

” Welcome Saturn”

စေနၿဂိဳဟ္ ေျပာင္းလဲေတာ့မည္

မနက္ျဖန္ 28-9-2020 ျမန္မာစံေတာ္ခ်ိန္ ညေန 6နာရီ :11မိနစ္ အခ်ိန္မွာ မကာရရာသီမွာ ရွိေနတဲ့ စေနၿဂိဳဟ္ဟာ ကုံရာသီကို ထြက္ခြာမွာျဖစ္ၿပီး ယခုႏွစ္ မကာရရာသီအိမ္မွာ ရွိခဲ့တဲ့ အေျခအေနမ်ိဳးကို 2047 ခုႏွစ္က်မွ ျပန္လည္ေရာက္ရွိမယ္။

ဒီလို စေနၿဂိဳဟ္ရဲ႕အေျပာင္းအလဲက ကမာၻႀကီးတစ္ခုလုံးအတြက္ ေတြ႕ႀကဳံေနရတဲ့ အဆိုးေတြကေန သိသိသာသာ ျပန္လည္လြတ္ေျမာက္ေတာ့မယ့္ အေျခအေနကို ေရာက္လာၿပီလို႔ နကၡတၱပညာရွင္မ်ားက ဝမ္းေျမာက္ဝမ္းသာ ဆိုၾကပါတယ္။ စေနၿဂိဳဟ္ရဲ႕ ဒီလို အေနအထားမ်ိဳးကို နကၡတၱပညာရွင္မ်ား ေမွ်ာ္လင့္ေစာင့္စားေနခဲ့ၾကတာ ျဖစ္ပါတယ္။

ၾကာသပေတးၿဂိဳဟ္၊ စေနၿဂိဳဟ္နဲ႔ ပလူတိုၿဂိဳဟ္ သုံးခုရဲ႕ ခ်ိတ္ဆက္ျခင္း(conjunction)၊ ေနာက္ျပန္ျခင္း (retrogation)စတာေတြရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို ကမာၻၿဂိဳဟ္က ယခုႏွစ္အတြင္းမွာ လေပါင္းမ်ားစြာ ခံစားေနရၿပီးေနာက္ မနက္ျဖန္ 28-9-2020မွာ ျဖစ္ေပၚမယ့္ စေနၿဂိဳဟ္ရဲ႕အေျပာင္းအလဲဟာ သိသာတဲ့၊ အေကာင္းဖက္ကို ရည္ၫႊန္းတဲ့ အက်ိဳးသက္ေရာက္မႈေတြ စတင္ျဖစ္ေပၚလာေတာ့မယ္ လို႔ ေဟာကိန္းထုတ္ႏိုင္သလိုစေနၿဂိဳဟ္ ေဖာက္ျပန္ခ်ိန္မွာမထင္မွတ္ပဲ ဆိုးက်ိဳးခံစားလိုက္ရတဲ့ျမန္မာျပည္အတြက္လည္း

အတိအက်အားျဖင့္ မနက္ျဖန္ 28-9-2020 ညေန 18:11နာရီ (တစ္ကမာၻလုံးအတြက္ဆိုရင္ September 28 ည‌သန္းေခါင္ယံ mid-night ဝန္းက်င္အခ်ိန္ခန႔္) က စၿပီး စေနေမႊခံလိုက္ရတဲ့ ဒဏ္က စတင္လြတ္ေျမာက္ၿပီလို႔ ေျပာႏိုင္ပါတယ္။ေအာက္တိုဘာ (၃)ရက္ေန႔မွာ ပလူတိုၿဂိဳဟ္က မကာရရာသီမွာ ကမာၻၿဂိဳဟ္နဲ႔ (direct) တစ္ေျဖာင့္တည္းက်ဦးမယ္ ဆိုေပမယ့္ ျမန္မာျပည္အတြက္က ေမလကေတြ႕ႀကဳံရသလို အေျခအေနမ်ိဳး ျဖစ္တာေၾကာင့္ အလြန္အမင္း စိုးရိမ္စရာ မရွိေတာ့ပါဘူး။

ဒါ့ေၾကာင့္ မနက္ျဖန္ညပိုင္းကစ ယခုရက္ပိုင္းအတြင္း စေနၿဂိဳဟ္ရဲ႕ ေကာင္းေသာအေျပာင္းအလဲ နဲ႔ သက္ေရာက္မႈေတြ၊ ေကာင္းက်ိဳး ဆိုးက်ိဳးယွဥ္တြဲ ျဖစ္ေပၚလာမႈေတြကို ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္သလို ယခုလက္ရွိ ႀကံ့ႀကံ့ခံေနၾကတဲ့ ပုံစံအတိုင္း လူသားေတြရဲ႕ ညီၫြတ္မႈ၊ သတိ၊အသိဉာဏ္ပညာ၊ ဝီရိယ မ်ားနဲ႔ ကမာၻကပ္ေရာဂါႀကီးကို ဆက္လက္တြန္းလွန္ၾကမယ္ ဆိုရင္ မၾကာခင္ လအနည္းငယ္အတြင္းမွာ စတင္ ေအာင္ပြဲခံႏိုင္ေတာ့မယ္ လို႔ ေမွ်ာ္လင့္ရပါတယ္။

စေနၿဂိဳဟ္ေမႊခ်ိန္မွာ အလူးအလဲခံေနရတဲ့ ျမန္မာျပည္အတြက္ စေနၿဂိဳဟ္ရဲ႕အေျပာင္းအလဲဟာ အျပဳသေဘာေဆာင္တဲ့၊ ကပ္ေရာဂါ ကူးစက္မႈျမင့္မား‌ေနရာက သိသိသာသာျပန္လည္ ေလ်ာ့ပါးသြားေတာ့မယ့္ အေနအထားဘက္ကို ေရာက္လာမယ္လို႔ သုံးသပ္မိပါတယ္ ။အား မ ငယ္ ၾက ပါနဲ႔။ဒီလိုအေျပာင္းအလဲက ခ်က္ျခင္းႀကီး ျဗဳန္းဒိုင္းေျပာင္းလဲတာမ်ိဳးမဟုတ္တာေၾကာင့္ ေပါ့လည္း မေပါ့ဆၾကပါနဲ႔ဦး။

မနက္ျဖန္ဆို စေနၿဂိဳဟ္ ေျပာင္းလဲၿပီမို႔ ျမန္မာျပည္ ရဲ႕ ကံၾကမၼာက အခုႀကဳံေတြ႕ေနခဲ့ၾကရသလို အဆိုးႀကီးမဟုတ္ေတာ့ပဲ အေကာင္းဘက္ကို ျပန္ဦးတည္ေနပါၿပီ ဆိုတာ သတင္းစကားလက္ေဆာင္ပါးလိုက္တာ ျဖစ္ပါတယ္။ ။

က်န္းမာခ်မ္းသာၾကပါေစ။

မင္းဟန္(မန္းတကၠသိုလ္)

Unicode

” Welcome Saturn”

စနေဂြိုဟ် ပြောင်းလဲတော့မည်

မနက်ဖြန် 28-9-2020 မြန်မာစံတော်ချိန် ညနေ 6နာရီ :11မိနစ် အချိန်မှာ မကာရရာသီမှာ ရှိနေတဲ့ စနေဂြိုဟ်ဟာ ကုံရာသီကို ထွက်ခွာမှာဖြစ်ပြီး ယခုနှစ် မကာရရာသီအိမ်မှာ ရှိခဲ့တဲ့ အခြေအနေမျိုးကို 2047 ခုနှစ်ကျမှ ပြန်လည်ရောက်ရှိမယ်။

ဒီလို စနေဂြိုဟ်ရဲ့အပြောင်းအလဲက ကမ္ဘာကြီးတစ်ခုလုံးအတွက် တွေ့ကြုံနေရတဲ့ အဆိုးတွေကနေ သိသိသာသာ ပြန်လည်လွတ်မြောက်တော့မယ့် အခြေအနေကို ရောက်လာပြီလို့ နက္ခတ္တပညာရှင်များက ဝမ်းမြောက်ဝမ်းသာ ဆိုကြပါတယ်။ စနေဂြိုဟ်ရဲ့ ဒီလို အနေအထားမျိုးကို နက္ခတ္တပညာရှင်များ မျှော်လင့်စောင့်စားနေခဲ့ကြတာ ဖြစ်ပါတယ်။

ကြာသပတေးဂြိုဟ်၊ စနေဂြိုဟ်နဲ့ ပလူတိုဂြိုဟ် သုံးခုရဲ့ ချိတ်ဆက်ခြင်း(conjunction)၊ နောက်ပြန်ခြင်း (retrogation)စတာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာဂြိုဟ်က ယခုနှစ်အတွင်းမှာ လပေါင်းများစွာ ခံစားနေရပြီးနောက် မနက်ဖြန် 28-9-2020မှာ ဖြစ်ပေါ်မယ့် စနေဂြိုဟ်ရဲ့အပြောင်းအလဲဟာ သိသာတဲ့၊ အကောင်းဖက်ကို ရည်ညွှန်းတဲ့ အကျိုးသက်ရောက်မှုတွေ စတင်ဖြစ်ပေါ်လာတော့မယ် လို့ ဟောကိန်းထုတ်နိုင်သလိုစနေဂြိုဟ် ဖောက်ပြန်ချိန်မှာမထင်မှတ်ပဲ ဆိုးကျိုးခံစားလိုက်ရတဲ့မြန်မာပြည်အတွက်လည်း

အတိအကျအားဖြင့် မနက်ဖြန် 28-9-2020 ညနေ 18:11နာရီ (တစ်ကမ္ဘာလုံးအတွက်ဆိုရင် September 28 ည‌သန်းခေါင်ယံ mid-night ဝန်းကျင်အချိန်ခန့်) က စပြီး စနေမွှေခံလိုက်ရတဲ့ ဒဏ်က စတင်လွတ်မြောက်ပြီလို့ ပြောနိုင်ပါတယ်။အောက်တိုဘာ (၃)ရက်နေ့မှာ ပလူတိုဂြိုဟ်က မကာရရာသီမှာ ကမ္ဘာဂြိုဟ်နဲ့ (direct) တစ်ဖြောင့်တည်းကျဦးမယ် ဆိုပေမယ့် မြန်မာပြည်အတွက်က မေလကတွေ့ကြုံရသလို အခြေအနေမျိုး ဖြစ်တာကြောင့် အလွန်အမင်း စိုးရိမ်စရာ မရှိတော့ပါဘူး။

ဒါ့ကြောင့် မနက်ဖြန်ညပိုင်းကစ ယခုရက်ပိုင်းအတွင်း စနေဂြိုဟ်ရဲ့ ကောင်းသောအပြောင်းအလဲ နဲ့ သက်ရောက်မှုတွေ၊ ကောင်းကျိုး ဆိုးကျိုးယှဉ်တွဲ ဖြစ်ပေါ်လာမှုတွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်သလို ယခုလက်ရှိ ကြံ့ကြံ့ခံနေကြတဲ့ ပုံစံအတိုင်း လူသားတွေရဲ့ ညီညွတ်မှု၊ သတိ၊အသိဉာဏ်ပညာ၊ ဝီရိယ များနဲ့ ကမ္ဘာကပ်ရောဂါကြီးကို ဆက်လက်တွန်းလှန်ကြမယ် ဆိုရင် မကြာခင် လအနည်းငယ်အတွင်းမှာ စတင် အောင်ပွဲခံနိုင်တော့မယ် လို့ မျှော်လင့်ရပါတယ်။

စနေဂြိုဟ်မွှေချိန်မှာ အလူးအလဲခံနေရတဲ့ မြန်မာပြည်အတွက် စနေဂြိုဟ်ရဲ့အပြောင်းအလဲဟာ အပြုသဘောဆောင်တဲ့၊ ကပ်ရောဂါ ကူးစက်မှုမြင့်မား‌နေရာက သိသိသာသာပြန်လည် လျော့ပါးသွားတော့မယ့် အနေအထားဘက်ကို ရောက်လာမယ်လို့ သုံးသပ်မိပါတယ် ။အား မ ငယ် ကြ ပါနဲ့။ဒီလိုအပြောင်းအလဲက ချက်ခြင်းကြီး ဗြုန်းဒိုင်းပြောင်းလဲတာမျိုးမဟုတ်တာကြောင့် ပေါ့လည်း မပေါ့ဆကြပါနဲ့ဦး။

မနက်ဖြန်ဆို စနေဂြိုဟ် ပြောင်းလဲပြီမို့ မြန်မာပြည် ရဲ့ ကံကြမ္မာက အခုကြုံတွေ့နေခဲ့ကြရသလို အဆိုးကြီးမဟုတ်တော့ပဲ အကောင်းဘက်ကို ပြန်ဦးတည်နေပါပြီ ဆိုတာ သတင်းစကားလက်ဆောင်ပါးလိုက်တာ ဖြစ်ပါတယ်။ ။

ကျန်းမာချမ်းသာကြပါစေ။

မင်းဟန်(မန်းတက္ကသိုလ်)

About the author

Aung Lay

Leave a Comment