Cele News

အခုလိုကာလမှာ လူစုလူဝေးနဲ့ မဲဆွယ်အင်အားပြနေသူတွေကို ကန့်ကွက်လိုက်တဲ့ ဖိုးချစ်

Written by Aung Lay

ပရိသတ္ႀကီးေရ လက္ရွိအခ်ိန္ကေတာ့ ကိုဗစ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကိုထိန္းခ်ဳပ္ဖို႔အတြက္ အသြားအလာကန္႔သတ္ထားတဲ့ အခ်ိန္ကာလျဖစ္ေပမယ့္ လာမယ့္(၂၀၂၀) ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ကာလလည္းျဖစ္တာမို႔ ပါတီဝင္ေတြအသင္းအဖြဲ႕အလိုက္ စည္း႐ုံးေရးဆင္းေနၾကတာကိုလည္း ေတြ႕ျမင္ၾကမွာပါ။

ဖိုးခ်စ္ကေတာ့ အခုလိုအေနအထားေတြနဲ႔ ပတ္သက္ၿပီး မျဖစ္သင့္ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝလာပါတယ္။ “ဒီလိုကာလမွာ အျပင္ထြက္ လူစုလူေဝးနဲ႔ မဲဆြယ္ သူေတြ အင္အားျပသူေတြ ဘယ္သူ႔ကိုမဆို ကန္႔ကြက္ပါတယ္ ( မလုပ္သင့္ေသးေသာ အခ်ိန္မို႔ပါ )အင္အားျပရင္း အင္အားေလ်ာ့သြားမယ့္ အေနအထားပါဗ်ာ…

ေနာက္တစ္ခုက ဘယ္သူပိုးေတြ႕လို႔တဲ့ ဘယ္အဖြဲ႕တဲ့ ဆိုၿပီးကိုယ္နဲ႔ အျမင္မတူသူ အယူအဆမတူသူ ကိုယ္အဆင္မေျပတဲ့သူ ပိုးေတြ႕ရင္ လူသားမဆန္စြာ ဝမ္းသာသလို ေရးတဲ့သူေတြ အားလုံး ကို လုံးဝ လုံးဝရႈတ္ခ်ပါတယ္…. လူသားဆန္ျခင္း ဆိုတာ အေရာင္ကာလာ မခြဲရဘူး….သူ႔ဒုကၡ ကိုယ့္ဒုကၡပါ.. သူ႔တဲ မီးေလာင္႐ုံနဲ႔ ကိုယ့္အိမ္က တိုက္ျဖစ္မလာဘူးဗ်…. ေမတၱာအစစ္ဆိုတာ အားလုံးအေပၚထားႏိုင္ရမယ္… က႐ုဏာဆိုတာ အားလုံးအေပၚထားႏိုင္ပါေစ.. မုဒိတာ ဆိုတာ အကုန္လုံးအေပၚ ပြားႏိုင္ရမယ္… ဥေပကၡာဆိုတာ ဆိုးျခင္းေကာင္းျခင္းႏွစ္ခုလုံးကို လ်စ္လ်ဴ႐ူ ႏိုင္ရမယ္ မဟုတ္ပါလားဗ်ာ ” ဆိုၿပီး သူ႔ရဲ႕အျမင္ေလးကို ေရးသားခဲ့ပါတယ္။

အခုလိုအခ်ိန္မွာ လူသားဆန္စြာနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္မခြဲျခားဘဲ ေရာဂါဆိုးႀကီးကို တြန္းလွန္ၾကဖို႔က ႏိုင္ငံသားတိုင္းရဲ႕အဓိကတာဝန္အျဖစ္သတ္မွတ္ထားတဲ့ ဖိုးခ်စ္ရဲ႕အေတြးေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Unicode

ပရိသတ်ကြီးရေ လက်ရှိအချိန်ကတော့ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့အတွက် အသွားအလာကန့်သတ်ထားတဲ့ အချိန်ကာလဖြစ်ပေမယ့် လာမယ့်(၂၀၂၀) ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလလည်းဖြစ်တာမို့ ပါတီဝင်တွေအသင်းအဖွဲ့အလိုက် စည်းရုံးရေးဆင်းနေကြတာကိုလည်း တွေ့မြင်ကြမှာပါ။

ဖိုးချစ်ကတော့ အခုလိုအနေအထားတွေနဲ့ ပတ်သက်ပြီး မဖြစ်သင့်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာပါတယ်။ “ဒီလိုကာလမှာ အပြင်ထွက် လူစုလူဝေးနဲ့ မဲဆွယ် သူတွေ အင်အားပြသူတွေ ဘယ်သူ့ကိုမဆို ကန့်ကွက်ပါတယ် ( မလုပ်သင့်သေးသော အချိန်မို့ပါ )အင်အားပြရင်း အင်အားလျော့သွားမယ့် အနေအထားပါဗျာ…

နောက်တစ်ခုက ဘယ်သူပိုးတွေ့လို့တဲ့ ဘယ်အဖွဲ့တဲ့ ဆိုပြီးကိုယ်နဲ့ အမြင်မတူသူ အယူအဆမတူသူ ကိုယ်အဆင်မပြေတဲ့သူ ပိုးတွေ့ရင် လူသားမဆန်စွာ ဝမ်းသာသလို ရေးတဲ့သူတွေ အားလုံး ကို လုံးဝ လုံးဝရှုတ်ချပါတယ်…. လူသားဆန်ခြင်း ဆိုတာ အရောင်ကာလာ မခွဲရဘူး….

သူ့ဒုက္ခ ကိုယ့်ဒုက္ခပါ.. သူ့တဲ မီးလောင်ရုံနဲ့ ကိုယ့်အိမ်က တိုက်ဖြစ်မလာဘူးဗျ…. မေတ္တာအစစ်ဆိုတာ အားလုံးအပေါ်ထားနိုင်ရမယ်… ကရုဏာဆိုတာ အားလုံးအပေါ်ထားနိုင်ပါစေ.. မုဒိတာ ဆိုတာ အကုန်လုံးအပေါ် ပွားနိုင်ရမယ်… ဥပေက္ခာဆိုတာ ဆိုးခြင်းကောင်းခြင်းနှစ်ခုလုံးကို လျစ်လျူရူ နိုင်ရမယ် မဟုတ်ပါလားဗျာ ” ဆိုပြီး သူ့ရဲ့အမြင်လေးကို ရေးသားခဲ့ပါတယ်။

အခုလိုအချိန်မှာ လူသားဆန်စွာနဲ့ တစ်ယောက်နဲ့တစ်ယောက်မခွဲခြားဘဲ ရောဂါဆိုးကြီးကို တွန်းလှန်ကြဖို့က နိုင်ငံသားတိုင်းရဲ့အဓိကတာဝန်အဖြစ်သတ်မှတ်ထားတဲ့ ဖိုးချစ်ရဲ့အတွေးလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

About the author

Aung Lay

Leave a Comment