News
၂၈.၅.၂၀၂၀ နေ့ (၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန် အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးပြတ်မည်
Written by Aung Lay
အများပြည်သူသို့ အသိပေးပန်ကြားခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင်(၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊
ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့ သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ် များဖြင့်
လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို (၂၆.၅.၂၀၂၀)ရက်နေ့ အင်္ဂါနေ့နှင့်
(၂၈.၅.၂၀၂၀)ရက်နေ့ ကြာသပတေးနေ့တွင် (၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန် အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်စဉ်အချိန်အတွင်း ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ဗိုလ်တထောင်၊ တောင်ဥက္ကလာပ၊
ရန်ကင်း၊ ဒေါပုံ ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ရွှေပေါက်ကံ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း ၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ကမာရွတ်၊
လှိုင်၊ အလုံ ၊ ဗဟန်း၊ မရမ်းကုန်း၊သန်လျင်၊ ကော့မှူး၊ ကျိုက်ထော်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊
ဖောင်ကြီး ၊ မြောင်းတကာ၊ ဉက္ကံ၊ တိုက်ကြီး ၊အဖျောက်မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှု အနည်းငယ်ရှိနိုင်ပါသည်။
၂။ ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် ယာယီဓာတ်အား ပြတ်တောက် ရခြင်းအတွက်
လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ် ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
Zawgyi
About the author
Aung Lay
Leave a Comment