ၾကားသိရသမ်ွ

ကိုဗစ်ကာလမှာ ပေါ်လာတဲ့ ရန်ကုန်မြေအောက်လောကတခု (ဒီကိစ္စတွေကတော့ ဖြစ်မှာပဲ)

Written by Aung Lay

ကိုဗစ္ကာလမွာ ေပၚလာတဲ့ ရန္ကုန္ေျမေအာက္ေလာကတခု (ဒီကိစၥေတြကေတာ့ ျဖစ္မွာပဲ)

ၿမိဳ႕ရန္ကုန္ ကႀကိဳးရယ္စုံပါေပ့… မနက္က လိုတာေလးဝယ္ရေအာင္ ေစ်းဖက္ ထြက္ခဲ့တယ္… ညက လိုက္ေအာ္ထားလို႔နဲ႔တူပါရဲ့ လမ္းေဘးေစ်းသည္ တစ္သည္မွမရွိ…

လမ္းထိပ္ေရာက္ေတာ့… က်ေနာ့ ေရွ႕ကသြားေနတဲ့ လူက မလုံမလဲနဲ႔ ေဘးဘီၾကည့္ရင္း… လမ္းေထာင့္မွာရပ္ေနတဲ့ အိႏၵိယသား တေယာက္နားကပ္သြားၿပီး တိုးတိုး တိုးတိုးေျပာတယ္… ၿပီးေတာ့( ပိုက္ဆံလို႔ထင္တာဘဲ ) ကပ္ေပးလိုက္တယ္… အိႏၵိယသား(မုတ္ဆိတ္နဲ႔)က ဖုန္းထုတ္ၿပီးဆက္တယ္ သူ႔ကိုလည္း ခဏေစာင့္ဖို႔ ေျခဟန္လက္ဟန္နဲ႔ျပတယ္…

ဟား ဟ… ဒါ… ေသခ်ာတယ္… ကိုယ္လည္းရန္ကုန္မွာေမြးတဲ့သူဘဲ… ေပါက္တာေပါ့ ဒီလို အထာမ်ိဳးေတြကို… ကိုယ္ကလည္း ဒါမ်ိဳးဆို သိပ္သိခ်င္တဲ့ေကာင္… ဖုန္းလာသလိုလို ေျပာသလိုလိုနဲ႔ မေယာင္မလည္ရပ္လိုက္ရင္း အေျခအေနကို အကဲခတ္ေနလိုက္တယ္…

ရႊီ…ကနဲ ေလခၽြန္သံ တခ်က္အၿပီးမွာ ေနာက္ကတိုက္ သုံးထပ္ေပၚက အထုတ္ေလးတစ္ထုတ္က်လာတယ္ မုတ္ဆိတ္က လွမ္းဖမ္းလိုက္ၿပီး ခုနက လူကိုေပးတယ္.. ဟိုလူက ရတာနဲ႔ ခ်ာကနဲ လွည့္လစ္သြားတယ္… ဟား… လုပ္လွခ်ည့္လား ကိုယ့္အပိုင္ထဲမွာေတာင္ ဒါမ်ိဳးေတြျဖစ္ေနပါ့လား ဟ ဟ ဟ …

ငါသိတယ္ေနာ္ ဆိုတဲ့ အထာနဲ႔ မုတ္ဆိတ္ကို ရွိုးလိုက္တယ္… အိႏၵိယသားကလည္း နပ္တယ္ က်ေနာ့ကိုလွမ္းျပဳံးျပတယ္ … ဖုန္းနံပါတ္တခု ေရးထားတဲ့ ကတ္ျပားေလးတခု လွမ္းေပးရင္း တီးတိုး ေမးတယ္ အကို… လိုရင္လွမ္းမွာလို႔ရေအာင္… အခုေရာ ယူသြားဦးမွာလား? … အခုခ်က္ျခင္းရမွာလား…? ၾကာမွာလား…? အဲ့ မုတ္ဆိတ္ ကပ္ေျပာတယ္ ၅ မိနစ္ေလာက္ပါဘဲ အကို အေပၚထပ္မွာ ဆက္တိုက္ ယာေနပါတယ္…

အကိုက ဘာနဲ႔စားမွာလဲ နိုင္တီတူးနဲ႔လား ဘုရင္မနဲ႔လား… ဘယ္ေလာက္ဖိုးလဲ… တဲ့

၅၂၈

Unicode

ကိုဗစ်ကာလမှာ ပေါ်လာတဲ့ ရန်ကုန်မြေအောက်လောကတခု (ဒီကိစ္စတွေကတော့ ဖြစ်မှာပဲ)

မြို့ရန်ကုန် ကကြိုးရယ်စုံပါပေ့… မနက်က လိုတာလေးဝယ်ရအောင် ဈေးဖက် ထွက်ခဲ့တယ်… ညက လိုက်အော်ထားလို့နဲ့တူပါရဲ့ လမ်းဘေးဈေးသည် တစ်သည်မှမရှိ…

လမ်းထိပ်ရောက်တော့… ကျနော့ ရှေ့ကသွားနေတဲ့ လူက မလုံမလဲနဲ့ ဘေးဘီကြည့်ရင်း… လမ်းထောင့်မှာရပ်နေတဲ့ အိန္ဒိယသား တယောက်နားကပ်သွားပြီး တိုးတိုး တိုးတိုးပြောတယ်… ပြီးတော့( ပိုက်ဆံလို့ထင်တာဘဲ ) ကပ်ပေးလိုက်တယ်… အိန္ဒိယသား(မုတ်ဆိတ်နဲ့)က ဖုန်းထုတ်ပြီးဆက်တယ် သူ့ကိုလည်း ခဏစောင့်ဖို့ ခြေဟန်လက်ဟန်နဲ့ပြတယ်…

ဟား ဟ… ဒါ… သေချာတယ်… ကိုယ်လည်းရန်ကုန်မှာမွေးတဲ့သူဘဲ… ပေါက်တာပေါ့ ဒီလို အထာမျိုးတွေကို… ကိုယ်ကလည်း ဒါမျိုးဆို သိပ်သိချင်တဲ့ကောင်… ဖုန်းလာသလိုလို ပြောသလိုလိုနဲ့ မယောင်မလည်ရပ်လိုက်ရင်း အခြေအနေကို အကဲခတ်နေလိုက်တယ်…

ရွှီ…ကနဲ လေချွန်သံ တချက်အပြီးမှာ နောက်ကတိုက် သုံးထပ်ပေါ်က အထုတ်လေးတစ်ထုတ်ကျလာတယ် မုတ်ဆိတ်က လှမ်းဖမ်းလိုက်ပြီး ခုနက လူကိုပေးတယ်.. ဟိုလူက ရတာနဲ့ ချာကနဲ လှည့်လစ်သွားတယ်… ဟား… လုပ်လှချည့်လား ကိုယ့်အပိုင်ထဲမှာတောင် ဒါမျိုးတွေဖြစ်နေပါ့လား ဟ ဟ ဟ …

ငါသိတယ်နော် ဆိုတဲ့ အထာနဲ့ မုတ်ဆိတ်ကို ရှိုးလိုက်တယ်… အိန္ဒိယသားကလည်း နပ်တယ် ကျနော့ကိုလှမ်းပြုံးပြတယ် … ဖုန်းနံပါတ်တခု ရေးထားတဲ့ ကတ်ပြားလေးတခု လှမ်းပေးရင်း တီးတိုး မေးတယ် အကို… လိုရင်လှမ်းမှာလို့ရအောင်… အခုရော ယူသွားဦးမှာလား? … အခုချက်ခြင်းရမှာလား…? ကြာမှာလား…? အဲ့ မုတ်ဆိတ် ကပ်ပြောတယ် ၅ မိနစ်လောက်ပါဘဲ အကို အပေါ်ထပ်မှာ ဆက်တိုက် ယာနေပါတယ်…

အကိုက ဘာနဲ့စားမှာလဲ နိုင်တီတူးနဲ့လား ဘုရင်မနဲ့လား… ဘယ်လောက်ဖိုးလဲ… တဲ့

၅၂၈

About the author

Aung Lay

Leave a Comment