Uncategorized

မန္တလေးသူလေးကို ရည်ရွယ်feelထားတဲ့ G fatt ရဲ့ “အဝေးပြေး လမ်းမကြီး”သီချင်းvideo

Written by Aung Lay





Unicode

သီချင်းအသစ်လေးတွေ မကြာခဏထွက်ရှိလေ့ရှိတဲ့ G Fattတစ်ယောက် ယခုအခါလည်း ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် သီချင်းတစ်ပုဒ်ထွက်ရှိခဲ့ပါတယ်။လူငယ်တွေ အကြိုက်အမိုက်စား rapစာသားတွေနဲ့ ဖမ်းစားထားတဲ့ G Fattကတော့ အခုတစ်ခါမှာ မန္တလေးသူတစ်ယောက်ကို လွမ်းတမ်းချင်းတွေ ထုတ်ပြလိုက်ပါတယ်။

သီချင်းလေးနာမည်ကတော့”အဝေးပြေးလမ်းမကြီး”လို့အမည်ပေးထားပြီး ရန်ကုန် နဲ့ မန်းလေး ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက်အကြောင်းရေးစပ်သီဆိုထားတာပဲဖြစ်ပါတယ်။သီချင်းလေးထဲမှာတော့ မန္တလာမြေရဲ့ လှပတဲ့ ရှုခင်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီသီချင်းလေးကို ဒါရိုက်တာ ဖြိုးက ရိုက်ကူးပေးထားပြီး G-fatt ၊ မြတ်နိုးပွင့် ၊ ဉာဏ်လင်းနိုင် ၊ စိုင်းလန်း နဲ့သူငယ်ချင်းတွေက ပါဝင်ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ် ။

တစ်ပုဒ်နဲ့တစ်ပုဒ် မတူထူးခြားတဲ့ ပုံစံလေးတွေနဲ့ ပရိတ်သတ်ကို ချပြလေ့ရှိတဲ့ G Fattရဲ့ “အဝေးပြေး လမ်းမကြီး”သီချင်း videoလေးကို ဖော်ပြပေးလိုက်ပါတယ်။

Flower Sky , Source ; G Fatt

About the author

Aung Lay

Leave a Comment