Health

အူအတက်ပေါက်လျှင် ချက်ချင်းသိနိုင်သည့် လက္ခဏာများ

Written by Aung Lay

အူအတက်ပေါက်သည့်အခါ ပြသည့်လက္ခဏာများ

အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကြုံဖူးကြပါတယ်။

ဗိုက်အောင့်ခြင်း. ဝမ်းချုပ်ခြင်း. အစာအဆိပ်သင့်ခြင်း တို့ဖြစ်လေ့ဖြစ်ထရှိပါတယ်။

အူအတက်နဲ့ ပတ်သက်တာကတော့ ဖြစ်လေ့ဖြစ်ထမရှိပါဘူး လူတိုင်း အူအတက်ပေါက်တာနဲ့ ကြုံဘူးတာမရှိပါဘူး ကြုံခဲ့ရင်လည်း ဆေးရုံ အချိန်မီရောက် အမြန်ခွဲထုတ် ရပါမယ် ။

အူအတက်ပေါက်တဲ့ လက္ခဏာ များမှာ

၁ – အစာအိမ်က ပြင်းထန်စွာ နာကျင်ပါတယ်။ ( ဒီလိုခံစားမူမျိုး တခါမှ မရှိခဲ့ဘူးပါဘူး)

၂ – ဝမ်းဗိုက် ကြွက်သားအောက်ဖက် ဘယ်ဘက်ခြမ်းမှာ ဆိုးဝါးစွာအောင့်ပါတယ်။

၃ – မူးမော်ပြီး ပျို့အန်ပါတယ်။

၄ – အစာ စားချင်စိတ်လုံးဝမရှိပါ။

၅ – အချို့လူတွေမှာ အူအတက်ဟာ တင်ပဆုံရိုးရဲ့ အောက်ပိုင်းမှာ ရှိနေတတ်ပါတယ်။ ဆီးအိတ်နဲ့ နီးကပ်နေတာပါ။

၆ – အူအတက်က ရောင်ရမ်းပြီး ပေါက်ထွက်တော့မယ်ဆို ဆီးအိတ်ကိုပါထိနေလို့ မကြာခဏ ဆီးသွားပါတယ်။

၇ – ခိုက်ခိုက်တုန်အောင် အဖျားတက်ပါတယ်။ ( ခန္ဓာကိုယ်က ပူလိုက် အေးလိုက် ဖြစ်ပြီးဖျားပါတယ်)

၈ – အူ အတက်ရောင်နေပြီဆို နာကျင်တဲ့နေရာကို တုန့်ပြန်ဖို့ ခန္ဓာကိုယ်ကနေ ဓာတုပစ္စည်းပေါင်းများစွာ အလိုလိုထုတ်လွတ်ပေးတာကြောင့် လူကဖျားနာရခြင်း ဖြစ်ပါတယ်။

၉ – စိတ်ရှုပ်ထွေးပြီး ပုံမှန်မဟုတ်တော့ပါ – ဦးနှောက်ကို အောက်ဆီဂျင်ကပုံမှန်အတိုင်းမရောက်တော့တဲ့အခါ ကိုယ်ဘာဖြစ်နေမှန်းတောင် ကိုယ်တိုင်မသိတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

Zawgyi









၎ – အစာ စားချင်စိတ်လုံးဝမရှိပါ။






About the author

Aung Lay

Leave a Comment