Cele News

သားသားမီးမီလေးတွေရှိတဲ့ဆီမှာပဲ ဂရုတစ်စိုက်နဲ့ ယုယုယယပြုစုနေတတ်တဲ့ ခိုင်နှင်းဝေ

Written by Aung Lay





Unicode

တစ်ချိန်က အနုပညာလေးကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ခိုင်နှင်းဝေကတော့ အနုပညာလုပ်ငန်းတွေ ရပ်နားထားခဲ့တာကြာခဲ့ပြီပဲဖစ်ပါတယ်။အနာပညာအလုပ်တွေ ရပ်နားထားတဲ့ ခိုင်နှင်းဝေကတော့ မွန်မြတ်တဲ့ ပရဟိတအလုပ်တွေပဲ လုပ်ကိုင်လျက်ရှိပါတယ်။မိဘမဲ့ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အတွက် ခိုင်နှင်းဝေ ဖောင်ဒေးရှင်း ဖွင့်ထားပါတယ်။

စွန်ပြစ်ခံကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ မကြာသေးမီအချိန်ကပဲ ကလေးငယ်လေးတွေ ထားရှိဖို့ ဖောင်ဒေးရှင်းတည်နေရာမှာ တိုက်တစ်လုံးတည်ဆောက်နေခဲ့ပါတယ်။ကလေးငယ်လေးတွေရဲ့ နေထိုင်မှုပုံစံလေးတွေကို မကြာခဏ ပရိတ်သတ်ကြီးကို ဝေမျှပေးလေ့ရှိပါတယ်။

ကလေးငယ်လေးတွေကို ပွေ့ချီထားတဲ့ ပုံလေးတွေနဲ့ အတူ”ခိုကိုးရာမဲ့ ကလေးတွေကို တတ်နိုင်သမျှ ကယ်တင်နိုင်ရပါစေ…အပ်တစ်ချောင်းနဲ့ သစ်ပင် မခုတ်နိုင်ပေမဲ့ ကျမ တတ်နိုင်တဲ့ ဘက်က အမြဲ ကယ်တင်နိုင်ရပါစေ ရှင်..”စာသားလေးနဲ့ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။မွန်မြတ်တဲ့ စိတ်ထားပိုင်ရှင်ဖြစ်တဲ့ ခိုင်နှင်းဝေ တစ်ယောက် ရှေ့လျောက် ပရိဟိတအလုပ်တွေကို ကျန်းမာစွာနဲ့ ဆက်လက်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Flower Sky  , Source ; Khine Hnin Wai

About the author

Aung Lay

Leave a Comment