Health

နားအူ၊နားကိုက်၊ နားပြည်ယိုခြင်းအတွက်

Written by Aung Lay

နားကိုက်ခြင်းသည် အလွန်ပင်ခံစားရရခက်သည်။ ညအချိန်တွင်ပိုမို ဖြစ်တတ်ရကာ ခံရဆိုးပါ၏ ဖြစ်ရသည်မှာ ကိုယ်ခန္ဓာဖွဲ့စည်းမှုနှင့် လေဖိအားကြောင့်လည်းပါ၏။

နားကိုက်ခြင်းသည် များသောအားဖြင့် နားပြွန်များထဲတွင် အဆီးအတားရှိနေတတ်ပြီး ပိတ်ဆို့နေခြင်းကြောင့် နားကိုက်ဝေဒနာခံစားရတတ်ပါသည်။ အသက်အရွယ်မရွေးခံစားရသည်မှန်သော်လည်း ကလေးအရွယ်တွင်ပို၍အဖြစ်များပါသည်

သက်သာစေသောနည်းများ

(၁) လူကိုယ်ခန္ဓာကိုယ်အား မတ်မတ်ထိုင်ရ၏ အိပ်သည့်အခါဦးခေါင်း ကို အနည်းငယ် အောက်မှ ထောက်စရာတစ်ခုခုဖြင့်ထားပြီးမှ အိပ်ပါရန် နားနှင့်လေပြွန်ရောဂါအထူးကု ဒေါက်တာဝေဒါကပြော သည်။

(၂) ရှေးသူကြီးသူမတို့ နားအတွင်းသို့ ဆေးတံမှ မီးခိုးငွေ့ကို မှုတ်သွင်းကြ၏ ဆေးတံမှဆေးခိုးငွေ့က နားကိုက်ခြင်းကိုသက် သာစေခြင်းမဟုတ်ဘဲ အပူဓာတ်ကသာ သက်သာစေခြင်းဖြစ်သည် ဟုအမေရိကန် မိသားစုဆရာဝန်ဒေါက်တာဒန်းဒရှုးကဆိုလေသည် ။

ထိုကြောင့်် ဆံပင်အခြောက်ခံစက် ၏ အပူအနိမ့်ဆုံးခလုတ်မှ ထွက်သောလေပူကို ၁၈လက်မနှင့်၂၀လက်မ အကွာမှ နားထဲသို့ သင့်ရုံမှုတ်ပေးရသည်။

(၃) နားရွက်ကိုလိမ်ဆွဲပေးခြင်း

နားကိုက်နားနာခြင်းသည် အတွင်းပိုင်းနှင့်အပြင်ပိုင်း နားကျင်ခြင်း လာသိစေရန် နားရွက်ကိုဆွဲလိမ်ပြီးစစ်ဆေးသင့်သည်။

ဆွဲလိမ်၍ နားမနာပါလျှင် နား၏အလယ်ပိုင်းတွင်ဖြစ်ရန်များသည် နားကိုဆွဲ လိမ်ခြင်းကြောင့် နားနာနေပါက နာပြွန်အပြင်ပိုင်းတွင်ဖြစ်နိုင်သည် ။

ထို့ပြင်များစွာသော အခြားဆေးနည်းလမ်းများနှင့်ဆရာဝန်ထံပြရန်ဖြစ်သည်။

မြန်မာတိုင်းရင်းဆေးမြီးတိုနည်းများ

ဆေးမြီးတိုလေးများ မတင်ပြမည် မကြာသေးမီက နားကိုက်လွန်းသူ တစ်ဦးအား နားအတွင်းသို့ ရွက်ကျပင်ပေါက်အရွက်ကို မီးကင်၍ အရည်ညှစ်ချပေးလိုက်ရာ သက်သာပျောက်ကင်းသွားသည်။

ကြောင်လျှာသီး မီးကင်အရည်ညှစ်၍ ခပ်နွေးနွေ လေးနားထဲထည့်ပေးပါ ။တစ်နေ့၃ကြိမ်ထည့်ပေးပါ ကြောင်ရှာသီးကြောင်ရှာရွက်ကြော်စားခြင်း မီးအုံကာ အတို့အမြှုပ်လုပ်စားပါ နားအတွက်အလွန်ကောင်းပါသည်။

နားကိုက်လျှင် သံလွင်ဆီ(သို့)မုန့်ညင်းဆီစသောအဆီတို့ ကြွေဇွန်းတွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေးလောင်းထည့်ပေးပါ။

နားပင်းလျှင် ကြောင်ရှာသီးကိုပြုတ်ပြီး သံပုရာသီးညှစ်၍ သုတ်စားပါ။

နားပြည်ယိုလျှင် ကြိတ်မှန်ရွက်သတ္တုရည် ကို အပူပေးပြီး ခပ်နွေးနွေးလေး ၃စက်၄စက်လောင်းထည့်ပေးပါ

နားလေထွက်လျှင် ကြက်သွန်နီဥ အရည်အနည်း ကို အပူပေးပြီးခပ်နွေးနွေးညှစ်ထည့်ပေးပါ။

နားအူနားလေထွက်လျှင် တရုတ်စံကားအပွင့်ကိုပြုတ်ပြီး အသုပ် လုပ်စားပါ။နားအူနားအုံကိုက်လျှင် သင်္ဘောရွက်ကို မီးအုံ၍အတို့ အမြုပ်လုပ်၍ စားပေးပါ။သင်္ဘောသီးသုပ်စားပေးပါ။

ဂျင်းတက်အနည်းငယ်ကို ထုထောင်းပြီး အရည်ညှစ်၍ မီးအပူပေးပြီး ဂျင်းသတ္တုရည်ခပ်နွေးနွေးကို ၄စက်၅စက် ချပေးပါ။ ။

ရဲမျိုးသူ(ဗောဓိမြိုင်)

Zawgyi

နားကိုိက္ျခင္းသည္ အလြန္ပင္ခံစားရရခက္သည္။ ညအခိ်န္တြင္ပိုမို ျဖစ္တတ္ရကာ ခံရဆိုးပါ၏ ျဖစ္ရသည္မွာ ကိုယ္ခႏၶာဖြဲ႔စည္းမႈႏွင့္ ေလဖိအားေၾကာင့္လည္းပါ၏။

နားကိုက္ျခင္းသည္္ မ်ားေသာအားျဖင့္ နားႁပြန္မ်ားထဲတြင္ အဆီးအတားရွိေနတတ္ၿပီး ပိတ္ဆို႔ေနျခင္းေၾကာင့္ နားကိုက္ေဝဒနာခံစားရတတ္ပါသည္။ အသက္အရြယ္မေရြးခံစားရသည္မွန္ေသာ္လည္း ကေလးအရြယ္တြင္ပို၍အျဖစ္မ်ားပါသည္

သက္သာေစေသာနည္္းမ်ား

(၁) လူကိုယ္ခႏၶာကိုယ္အား မတ္မတ္ထိုိင္ရ၏ အိိပ္သည့္အခါဦးေခါင္း ကို အနည္းငယ္ ေအာက္မွ ေထာက္စရာတစ္ခုခုျဖင့္ထားျပီးမွ အိပ္ပါရန္ နားႏွင့္ေလျပြန္ေရာဂါအထူးကု ေဒါက္တာေဝဒါကေျပာ သည္။

(၂) ေရွးသူႀကီးသူမတို႔ နားအတြင္းသိုိ႔ ေဆးတံမွ မီးခိုးေငြ႔ကို မွဳတ္သြင္းႀက၏ ေဆးတံမွေဆးခိုးေငြ႔က နားကိုက္ျခင္းကိုသက္ သာေစျခင္းမဟုတ္ဘဲ အပူဓာတ္ကသာ သက္သာေစျခင္းျဖစ္သည္ ဟုအေမရိကန္ မိသားစုဆရာဝန္ေဒါက္တာဒန္းဒရွုးကဆ္ိုေလသည္ ။

ထိုေႀကာင့္္ ဆံပင္အေျခာက္ခံစက္ ၏ အပူအနိမ္႔ဆံုးခလုတ္မွ ထြက္ေသာေလပူကို ၁၈လက္မႏွင့္၂၀လက္မ အကြာမွ နားထဲသို႔ သင့္ရံုမွဳတ္ေပးရသည္။

(၃) နားရြက္ကိုိလိမ္ဆဲြေပးျခင္း

နားကိုိက္နားနာျခင္းသည္ အတြင္းပိုင္းႏွင့္အျပင္ပိုင္း နားက်င္ျခင္း လာသိေစရန္ နားရြက္ကိုဆဲြလိမ္ျပီးစစ္ေဆးသင့္သည္။

ဆဲြလိမ္၍ နားမနာပါလွ်င္ နား၏အလယ္ပိုင္းတြင္ျဖစ္ရန္မ်ားသည္ နားကိုဆဲြ လိမ္ျခင္းေျကာင့္ နားနာေနပါက နာျပြန္အျပင္ပိုင္းတြင္ျဖစ္နိုင္သည္ ။

ထို႔ျပင္မ်ားစြာေသာ အျခားေဆးနည္းလမ္းမ်ားႏွင့္ဆရာဝန္ထံျပရန္ျဖစ္သည္။

ျမန္မာတိုင္းရင္းေဆးျမီးတိုနည္းမ်ား

ေဆးျမီးတိုေလးမ်ား မတင္ျပမည္ မႀကာေသးမီက နားကိုက္လြန္းသူ တစ္ဦးအား နားအတြင္းသို႔ ရြက္က်ပင္ေပါက္အရြက္ကို မီးကင္၍ အရည္ညွစ္ခ်ေပးလိုက္ရာ သက္သာေပ်ာက္ကင္းသြားသည္။

ေၾကာင္လွ်ာသီး မီးကင္အရည္ညႇစ္၍ ခပ္ေႏြးေႏြ ေလးနားထဲထည့္ေပးပါ ။တစ္ေန႔၃ႀကိမ္ထည့္ေပးပါ ေႀကာင္ရွာသီးေျကာင္ရွာရြက္ေျကာ္စားျခင္း မီးအံုကာ အတို႔အျမွဳပ္လုပ္စားပါ နားအတြက္အလြန္ေကာင္းပါသည္။

နားကိုက္လွ်င္ သံလြင္ဆီီ(သို႔)မုန္႔ညင္းဆီစေသာအဆီတို႔ ေႂကြဇြန္းတြင္ထည့္ မီးအပူေပးၿပီး ခပ္ေႏြးေႏြးေလာင္းထည့္ေပးပါ။

နားပင္းလွ်င္္ ေၾကာင္႐ွာသီးကိုျပဳတ္ၿပီး သံပုရာသီးညႇစ္၍ သုတ္စားပါ။

နားျပည္ယိုိလွ်င္ ႀကိတ္မွန္ရြက္သတၱဳရည္ ကို အပူေပးျပီး ခပ္ေႏြးေႏြးေလး ၃စက္၄စက္ေလာင္းထည့္ေပးပါ

နားေလထြက္လွ်င္ ၾကက္သြန္နီီဥ အရည္အနည္း ကို အပူေပးျပီးခပ္ေႏြးေႏြးညႇစ္ထည့္ေပးပါ။

နားအူနားေလထြက္လွ်င္ တ႐ုတ္စံကားအပြင့္္ကိုျပဳတ္ၿပီး အသုပ္ လုပ္စားပါ။နားအူနားအုံကိုက္လွ်င္ သေဘၤာရြက္ကို မီးအုံ၍အတို႔ အျမဳပ္လုပ္၍ စားေပးပါ။သေဘၤာသီးသုပ္စားေပးပါ။

ဂ်င္းတက္အနည္းငယ္ကို ထုေထာင္းျပီး အရည္ညွစ္၍ မီးအပူေပးျပီး ဂ်င္းသတၱဳရည္ခပ္ေႏြးေႏြးကိုိ ၄စက္၅စက္ ခ်ေပးပါ။ ။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

About the author

Aung Lay

Leave a Comment