Knowledge ၾကားသိရသမ်ွ
စင်ကာပူရဲ့ အတု ယူဖွ ယ်ကောင် းတဲ့ ကိုဗစ် ထိန် းချုပ်ရေး နည်း လမ် းများ (အ မိန့်တွေ အများကြီး မထု တ် ပါ ဘူးတဲ့)
Written by Aung Lay
Unicode
ကိုဗစ်ကို ထိန်းချုပ်တဲ့ နေရာမှာ စင်ကာပူ ရဲ့ Circuit Breaker ၂ လက အရမ်းကို ထိရောက်တယ်။ အလုပ်သမားဆောင်တွေကနေ ကူးဆက်တာက လူထုကြားထဲကို ရောက်မလာဘူး။ ဒီနေ့ဆို ဒေသတွင်း မှာ တစ်ယောက်ပဲ ရှိတယ်။ အစိုးရ ဘယ်လို ထိထိရောက်ေ ရာက် ကိုင်တွ ယ်လဲ ဆိုရင်….
(၁) အိမ်ထောင်စု တစ်စုနဲ့ တစ်စု အလည်သွားလို့မရဘူး။ မိဘဆီလဲ သွားလည်လို့ မရသလို သမီးရည်းစားတွေလဲ တွေ့ခွ င့် မပေးဘူး။
(၂) ဆိုင်မှာ ထိုင်စားခွင့် မရှိဘူး။ အကုန် ပါဆယ်ထုပ်ရတယ်။ တန်းစီရင် ၃ ပေအကွာ ထားပြီး တန်းစီရတယ်။ ခပ်ခွာခွာနေဖို့ သတိပေးမယ့်လူတွေကို အဓိက လူများတဲ့ ဈေးတွေ အမ်အာတီ တွေ ကျောင်းတွေမှာ ထားထားတယ်။ အချိန်တိုင်း ခပ်ခွါခွါနေဖို့ အော်ေ နတာပဲ။
(၃) လူတိုင်း Mask တပ်ရတယ်။ မတပ်ရင် ဒဏ်ငွေ ဒေါ်လာ ၃၀၀. ဒီနေရာမှာ Mask မတပ်ရင် ပြည်သူတွေက ဓာတ်ပုံရိုက်ပြီး တိုင်လို့ရ တယ်။
(၄) လူစုလူဝေးတွေ လုပ်မရဘူး။ ဂျင်တွေ ကစားကွင်းတွေ ရေကူးကန်တွေ အကုန်ပိတ်။ လေ့ကျင့်ခန်း လုပ်ချင်ရင် ကိုယ့်အိမ်သား (သို့) တစ်ယောက်ထဲ လုပ်ရတယ်။
(၅) Stay Home ထိတဲ့သူတွေကို လူ့စွမ်းအား ဝန်ကြီးဌာနက ရုတ်တရက် စစ်ဆေးမှုတွေ ဗီဒီယိုကောလ်တွေလုပ်တယ်။ ဥပဒေ ချိုးဖောက်ရင် အရေးယူတယ်။ နေထိုင်ခွင့် ရုတ်သိမ်း ခံရတာတွေ ရှိတယ်။ ပီအာ တွေ ပြန်သိမ်းခံရတဲ့အထိ အရေးယူခံရတယ်။ Stay Home ဆိုတာ အိမ်ပေါ်ကနေ အိမ်အောက်တောင် ဆင်း လို့မရပါ။
(၆) ဈေးတွေမှာ အဝင်နဲ့ အထွက် လူဦးရေ ကန့်သတ်လိုက် တယ်။
(၇) မရှိမဖြစ် မဟုတ်တဲ့ ရုံးတွေ အကုန်ပိတ်တယ်။ အိမ်က လုပ်လို့ရသလောက် လုပ်ရမယ်ဆိုတဲ့ ဥပဒေနဲ့ ထိန်းတယ်။ ခိုးဖွင့်တဲ့ ရုံးတွေရှိလို့ လူ့စွမ်းအား ဝန်ကြီးဌာနက မိရင်တော့ ရုံးပိတ်ပစ်ရတဲ့အ ထိ အရေးယူ တယ်။
ဒါက ကိုယ်နားလည်သလောက် စင်ကာပူ အစိုးရရဲ့ ကိုဗစ် ကိုင်တွယ်ပုံပါ။ ခုထိလဲ လူ ၅ ယောက်ထက် စုမရဘူး။ ပါတီ တွေ စုဝေးပွဲ တွေ ပေးမလုပ်ဘူး။ ကလပ် တွေ မဖွင့်ရဘူး။ လူတိုင်း Mask တပ်ရတယ်။ Social Distancing ရှိရတယ်။ အပူချိန် တိုင်းရတယ်။ တစ်နေရာသွားတိုင်း တစ်ခါ Check in Check out လုပ်ရ တယ် (contact tracing) အတွက်။
မြန်မာပြည်သူတွေလဲ အစိုးရကို ကူညီသေ ာအားဖြင့် နိုင် သလောက် ကြိုးစားေ ပးကြပါလို့..
About the author
Aung Lay
Leave a Comment