Cele News

Covid-19 Positive ဖြစ်ပြီ း ဆေးရုံ တ စ်ခု က ဆရာဝန်ေ တွရဲ့ တာဝ န်မဲ့ တဲ့ လုပ် ရပ်ကြောင့် မသေ ရုံတ မယ်ဖြစ် ခဲ့တဲ့ အကြောင်း ပြောလ ာ တဲ့ အစီ အ စဉ် တင် ဆက်သူ ဇော်ဝင်းနိုင်

Written by Aung Lay

လက္ရွိ ျမန္မာနိုင္ငံအတြင္းမွာေတာ့ Covid-19 ေရာဂါပိုးကူး စက္မႈေတြက တစ္ေန႔ထက္တစ္ေန႔ မ်ားျပားလာၿပီး ေသဆုံးလူနာေတြလည္း တိုးျမင့္လို႔ လာၿပီပဲ ျဖစ္ပါတယ္။ Covid-19 ကေတာ့ ဆင္းရဲ၊ ခ်မ္းသာ၊ သာမာ န္လူ၊ နာမည္ႀကီး ဘာဆိုဘာမွ မေရြးဘူးဆိုတဲ့အတိုင္း ပရိသတ္သိတဲ့ နာမည္ႀကီးဆယ္လီ ေတြလည္း ေရာဂါကူးစက္ခံရမႈေတြရွိေနၿပီပဲ ျဖစ္ပါ တယ္။ ဒီတစ္ေခါ က္မွာလည္း နာမည္ႀကီး႐ုပ္သံလိုင္း MRTV-4 က အစီအစဥ္တင္ဆက္သူ ကိုေဇာ္ဝင္ းနိုင္ကေတာ့ Covid-19 Positive ျဖစ္ၿပီး သူၾကဳံေတြ႕ခဲ့ရ သ မၽွကို အခုလိုပဲ ေျပာလာ ပါ တယ္။

“ကၽြန္ေတာ္ ေဖာင္ႀကီး Q center မွာေရာက္တာ ဒီေန႔နဲ႔ဆို (၈)ရက္ရွိပါတယ္။ ဒီမေရာက္ခင္ကၽြန္ေတာ္ေတြ႕ၾကဳံခဲ့ရတဲ့ေရာဂါခံစားမႈနဲ႔ သတိျပဳစရာတခ်ိဳ႕ကိုေျပာျပခ်င္ပါတယ္။ Covid 19 ေရာဂါျဖစ္တဲ့ပုံစံကေတာ့တစ္ေယာက္နဲ႔တစ္ေယာက္မတူၾကပါဘူး။ ကၽြန္ေတာ္ျဖစ္တာကေတာ့ဆိုးတဲ့အထဲမွာပါတယ္လို႔ပဲဆိုရမွာပါ။ အဖ်ားတက္၊ေမာ၊ၾကပ္တာေပါ့ေနာ္။ အနံ့ေပ်ာက္ၿပီးအဲဒါေတြစျဖစ္တာပဲ။ အရင္လဲအဆုတ္မေကာင္းတာအခံရွိေတာ့ ေမာတာ၊ၾကပ္တာကို ပုံမွန္ေလာက္ပဲထင္တာ။ လူကေခါင္းကလဲမာေတာ့ သက္သာသြားမွာဆိုၿပီးႀကိတ္ခံေနေသးတာ။ oxygen level တိုင္းၾကည့္ေတာ့ 90 ေအာက္က်ေနတာနဲ႔ ပရဟိတကူညီေရးအသင္းကို ဖုန္းဆက္ၿပီးညတြင္းခ်င္းေဆး႐ုံတက္လိုက္လို႔ အခုေလာက္အသက္ရွိေသးတာပါ။ လတ္တေလာထိ oxygen level ျပည့္ေအာင္လုပ္ေနရတုန္းပါပဲ။”

“အဲ့မွာေျပာခ်င္တာနဲ႔သတိျပဳေစခ်င္တာရွိပါေသးတယ္။ ေဆး႐ုံကေန ေဖာင္ႀကီး Q Center အေရာက္မေသ႐ုံတမယ္ျဖစ္ခဲ့တဲ့အေၾကာင္းေလးပါ။ ကၽြန္ေတာ္သြားခဲ့တဲ့ေဆး႐ုံက (စံျပေဆး႐ုံႀကီး) ပါ။ ေဆး႐ုံကို ည ၁၂ ေက်ာ္ေလာက္ေရာက္ေတာ့ အဲကဆရာဝန္က စိတ္မရွည္သလိုနဲ႔အရင္စစ္ေမးပါတယ္။ သူေမးတာေတြေျဖၿပီး oxygen levelတိုင္းေတာ့ 88 ဆိုေတာ့ oxygen ေပးစရာ မလိုဘူးလုပ္ၿပီး ေနဖို႔ေနရာေပးပါတယ္။ ပရဟိတကူညီေရးကားေပၚမွာ oxygen ရႉခဲ့ရေတာ့ ပထမေတာ့နည္းနည္းသက္သာတယ္။ ၿပီးေတာ့ သူတို႔ခ်ေပးတဲ့ေနရာမွာoxyengမပါဘဲ ေနေနရင္းမခံနိုင္ေတာ့တာနဲ႔ထြက္ၿပီး အသက္ရႉအရမ္းၾကပ္လာလို႔ပါ လို႔ထြက္ေျပာရပါတယ္။ ဒါေတာင္ထြက္လာလို႔တဲ့ေအာ္ေငါက္ေသးတာ။ မထြက္လို႔လဲလာၾကည့္မယ့္လူတစ္ေယာက္မွမရွိပဲနဲ႔။ အဲ့ညကေတာ့ေကာင္းေကာင္းအိပ္ေပ်ာ္သြားပါတယ္။ မနက္က် swab test စစ္ရပါတယ္။ ေနာက္တစ္ရက္က် result ကတန္းသိရတာပါပဲ။ Positive တဲ့။ အခန္းထဲမွာ လူနာ (6)ေယာက္ရွိတာ (4)ေယာက္ Positive ပါတယ္။ အဲ့မွာစေတြ႕ေတာ့တာပါပဲ Positive လဲဆိုေတာ့အကုန္ၾကက္ေပ်ာက္ငွက္ေပ်ာက္ oxygen ကုန္လို႔ေတာင္းလို႔လဲခုလာမလိုလိုေတာ္ၾကာလာမလိုလိုနဲ႔လာကိုမလာေတာ့တာ။ ေရာဂါကူးမွာေၾကာက္တာစာနာပါတယ္။ ဒါေပမယ့္ ဒီလိုအ‌ေျခအေနမွာ covid လူနာေတြေရာက္ရင္ဘာလုပ္မယ္ဆိုၿပီး system မလုပ္ထားတာလားဘာလားေတာ့မသိဘူး။ တိုးခ်ဲ႕ေတြလုပ္ေနတာေတာ့အမ်ားႀကီး။ အဲ့ဒီ စံျပေဆး႐ုံက ဆရာဝန္ေတြေကာ၊ ဆရာဝန္မေတြေကာ ေဆးကုဖို႔ထက္ ေဆးျဖန္းဖို႔ပဲလုပ္ေနၾကတာဗ်ာ။ အဲဒါဆိုလဲအိမ္မွာပဲေနတာမဟုတ္ဘူးဗ်ာ”

“ၿပီးေတာ့ေဖာင္ႀကီးဖို႔ပို႔စီစဥ္ၾကေတာ့တာပဲ။ အဲ့မွာစံျပေဆး႐ုံက တာဝန္ခံဆရာဝန္ကဖုန္းဆက္ပါတယ္။ အဓိကဆက္တာ ေဖာင္ႀကီးကို information ပို႔ဖို႔နာမည္ေမး၊ဘာေမးေပါ့ ကိုယ္ကလဲ oxygen ပိုက္ကျဖဳတ္လို႔ကိုမရေတာ့ အားကိုးတႀကီးနဲ႔ ‘ဆရာရယ္ ကၽြန္ေတာ္အသက္ရႉၾကပ္ေနလို႔ oxygen ေလးရႉၿပီးျဖစ္ျဖစ္သြားလို႔ရေအာင္ စီစဥ္ေပးပါအုံးေနာ္’ လို႔အကူညီေတာင္းရတာေပါ့။ ရႊန္းရႊန္းေဝျပန္ေျပာပါတယ္ စီစဥ္ေပးပါ့မယ္တဲ့! ကိုယ္လဲစိတ္ခ်လက္ခ်ေပါ့။ ညေနလဲေရာက္ေရာကားေရာက္ၿပီ ထြက္ေတာ့ဆိုၿပီးေမာင္းထုတ္ေတာ့တာပါပဲ။ဒါမ်ိဳးက်ေနာက္ကေနေတာက္ေလၽွာက္အုပ္လိုက္ႀကီး လူ‌ေျခ‌ေထာက္နားေတြထိပါေဆးျဖန္းၿပီးလိုက္ပို႔တာဗ်ာ။ ကိုယ္လဲသိေတာ့သိလိုက္တယ္ ဘာ oxygen မွလဲရႉဖို႔ေျပာလို႔ရမွာမဟုတ္ေတာ့ဘူး။ ေတာ္ေတာ္လဲအသက္ရႉၾကပ္ေနပီ။ ကားျမင္ေတာ့ပိုၾကပ္ YBS ကားေပၚမွာ အကုန္လုံကိုစုၿပီးဝက္တင္သလိုတင္ထားတာ ထိုင္စရာေနရာေတာင္မရွိေတာ့ တင္စရာရွိတာတင္ၿပီး မတ္တပ္ေလးရပ္မွီေနၿပီး စိတ္မလႊတ္သြားေအာင္ အသက္ကိုပုံမွန္ထိန္းၿပီးမနည္းရႉေနရတယ္။ အသက္ရႉေလ့က်င့္ခန္းေတြအရင္ကလုပ္ထားတာကိုလဲကိုယ့္ဘာသာေက်းဇူးတင္မိတယ္။ ကံေကာင္းခ်င္ေတာ့အန္တီႀကီးတစ္ေယာက္က ၾကပ္ေနမွန္းသိလို႔ေနရာဖယ္ေပးလို႔ ၿငိမ္ၿငိမ္ေလးထိုင္ၿပီးလိုက္လာရတယ္။ ေဖာင္ႀကီးကို။ oxygen level တိုင္းၾကည့္ေတာ့ 68 ေလာက္ဖစ္ေနပီ!! မေသတာ ကံေကာင္း…😫”

“ေဖာင္ႀကီးနားေရာက္ေတာ့ Q Center ကတာဝန္က်ဆရာဝန္ကဖုန္းဆက္ၿပီး ေရာဂါအေျခေနႀကိဳေမးေတာ့ ကၽြန္ေတာ္အသက္ရႉၾကပ္ေနတဲ့အေၾကာင္းေျပာေတာ့ ဆရာဝန္ကအံ့ဩၿပီး! ဘယ္လိုလိုက္လာလဲတဲ့? ဒီတိုင္းပဲလိုက္လာရတာလို႔ေျပာေတာ့ ‘ဒီဘက္ကိုလဲအသက္ရႉၾကပ္တဲ့သူပါတယ္ဆိုၿပီးအေၾကာင္းမၾကားထားဘူးတဲ့’ ဪ…စံျပေဆး႐ုံကဖုန္းဆက္ေမးတဲ့ဆရာဝန္ကိုသိခ်င္လိုက္တာ။ ေဖာင္ႀကီးေရာက္ေတာ့ Center ထဲဝင္ဖို႔ကားကအထဲထိမေရာက္ေတာ့ထိပ္ကေနလမ္းေလၽွာက္ရတယ္။ အေဝးႀကီးမဟုတ္ေပမယ့္ ဆင္းလိုက္တာနဲ႔ဘယ္လိုမွမခံနိုင္ေတာ့ဘူး တလမ္းလုံးလည္းၾကပ္လာတာဆိုေတာ့ ဟတ္ထိုးကိုလိုက္ေနတာပဲ အသက္ကိုမနည္းရေအာင္ျပန္ရႉရတာ။ မ်က္လုံးပါျပာၿပီးေသပီထင္တာ။ Center ထဲမနည္းအားတင္းဝင္ၿပီး အထဲေရာက္တာနဲ႔ လိုအပ္တဲ့ေဆးေတြထိုးေပးၿပီး လိုတာအကုန္လုပ္ေပးၾကပါတယ္။ Q center ေတြကေတာ့ ဒီလူနာေတြအတြက္ system ခ်ထားၿပီးသားဆိုေတာ့ ေနရတာအဆင္တကယ္ေျပပါတယ္။ ေဆးစစ္တာကအစေသခ်ာေလးကို ဂ႐ုစိုက္လုပ္ေပးပါတယ္။ေက်းဇူးလဲအ ထူးတင္ပ ါတယ္🙏”

“ဒါေၾကာင့္ ကၽြန္ေတာ္လိုမျဖစ္ရေအာင္ အနံ့ေပ်ာက္၊အဖ်ားအရမ္းတက္၊ၾကပ္ေမာၿပီဆိုရင္ ေဆး႐ုံကို ျမန္ျမန္ေက်ာ္ၿပီး Q Center ကိုျမန္ျမန္ေရာက္ေအာင္ေျပးၾကပါလို႔ေျပာခ်င္ပါတယ္ (တျခားေဆး႐ုံေတြေတာ့မသိပါ စံျပေဆး႐ုံႀကီးကေတာ့လွန႔္သြားပါပီ) ေနာက္ၿပီး ‌ကိုယ့္ကိုယ္ကို အရမ္းမစိုးရိမ္ရဘူးထင္လို႔ oxyen level က်မက်သိခ်င္ရင္ေတာ့ စက္ေလးေဆာင္ထားၿပီးတိုင္ၾကည့္လို႔ရပါတယ္။ Oxygen level 95 နဲ႔ အထက္ဆိုရင္ပုံမွန္ပါပဲ။ 90-92 ေလာက္ဆို ေနသာတယ္ဆို႐ုံေလးပါ။ 90 ေအာက္ဆိုရင္ေတာ့မေကာင္းပါဘူး။ အားလုံးပဲ အိမ္ထဲမွာက်န္းမာေအာင္ေနၿပီး Covid19 ရန္ကင္းေဝးၾကပါ‌ေစဆုေတာင္းေပးလိုက္ပါတယ္🙏🙏🙏” ဆိုၿပီး သူ႔ရဲ့ အေတြ႕အၾကဳံကို ေျပာျပလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို ႔ဆုေ တာင္းေပးလို ပါတယ္။

Source: Zaw Win Naing’s fb

Unicode

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာတော့ Covid-19 ရောဂါပိုးကူး စက်မှုတွေက တစ်နေ့ထက်တစ်နေ့ များပြားလာပြီး သေဆုံးလူနာတွေလည်း တိုးမြင့်လို့ လာပြီပဲ ဖြစ်ပါတယ်။ Covid-19 ကတော့ ဆင်းရဲ၊ ချမ်းသာ၊ သာမာ န်လူ၊ နာမည်ကြီး ဘာဆိုဘာမှ မရွေးဘူးဆိုတဲ့အတိုင်း ပရိသတ်သိတဲ့ နာမည်ကြီးဆယ်လီ တွေလည်း ရောဂါကူးစက်ခံရမှုတွေရှိနေပြီပဲ ဖြစ်ပါ တယ်။ ဒီတစ်ခေါ က်မှာလည်း နာမည်ကြီးရုပ်သံလိုင်း MRTV-4 က အစီအစဉ်တင်ဆက်သူ ကိုဇော်ဝင် းနိုင်ကတော့ Covid-19 Positive ဖြစ်ပြီး သူကြုံတွေ့ခဲ့ရ သ မျှကို အခုလိုပဲ ပြောလာ ပါ တယ်။

“ကျွန်တော် ဖောင်ကြီး Q center မှာရောက်တာ ဒီနေ့နဲ့ဆို (၈)ရက်ရှိပါတယ်။ ဒီမရောက်ခင်ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ရောဂါခံစားမှုနဲ့ သတိပြုစရာတချို့ကိုပြောပြချင်ပါတယ်။ Covid 19 ရောဂါဖြစ်တဲ့ပုံစံကတော့တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ကျွန်တော်ဖြစ်တာကတော့ဆိုးတဲ့အထဲမှာပါတယ်လို့ပဲဆိုရမှာပါ။ အဖျားတက်၊မော၊ကြပ်တာပေါ့နော်။ အနံ့ပျောက်ပြီးအဲဒါတွေစဖြစ်တာပဲ။ အရင်လဲအဆုတ်မကောင်းတာအခံရှိတော့ မောတာ၊ကြပ်တာကို ပုံမှန်လောက်ပဲထင်တာ။ လူကခေါင်းကလဲမာတော့ သက်သာသွားမှာဆိုပြီးကြိတ်ခံနေသေးတာ။ oxygen level တိုင်းကြည့်တော့ 90 အောက်ကျနေတာနဲ့ ပရဟိတကူညီရေးအသင်းကို ဖုန်းဆက်ပြီးညတွင်းချင်းဆေးရုံတက်လိုက်လို့ အခုလောက်အသက်ရှိသေးတာပါ။ လတ်တလောထိ oxygen level ပြည့်အောင်လုပ်နေရတုန်းပါပဲ။”

“အဲ့မှာပြောချင်တာနဲ့သတိပြုစေချင်တာရှိပါသေးတယ်။ ဆေးရုံကနေ ဖောင်ကြီး Q Center အရောက်မသေရုံတမယ်ဖြစ်ခဲ့တဲ့အကြောင်းလေးပါ။ ကျွန်တော်သွားခဲ့တဲ့ဆေးရုံက (စံပြဆေးရုံကြီး) ပါ။ ဆေးရုံကို ည ၁၂ ကျော်လောက်ရောက်တော့ အဲကဆရာဝန်က စိတ်မရှည်သလိုနဲ့အရင်စစ်မေးပါတယ်။ သူမေးတာတွေဖြေပြီး oxygen levelတိုင်းတော့ 88 ဆိုတော့ oxygen ပေးစရာ မလိုဘူးလုပ်ပြီး နေဖို့နေရာပေးပါတယ်။ ပရဟိတကူညီရေးကားပေါ်မှာ oxygen ရှူခဲ့ရတော့ ပထမတော့နည်းနည်းသက်သာတယ်။ ပြီးတော့ သူတို့ချပေးတဲ့နေရာမှာoxyengမပါဘဲ နေနေရင်းမခံနိုင်တော့တာနဲ့ထွက်ပြီး အသက်ရှူအရမ်းကြပ်လာလို့ပါ လို့ထွက်ပြောရပါတယ်။ ဒါတောင်ထွက်လာလို့တဲ့အော်ငေါက်သေးတာ။ မထွက်လို့လဲလာကြည့်မယ့်လူတစ်ယောက်မှမရှိပဲနဲ့။ အဲ့ညကတော့ကောင်းကောင်းအိပ်ပျော်သွားပါတယ်။ မနက်ကျ swab test စစ်ရပါတယ်။ နောက်တစ်ရက်ကျ result ကတန်းသိရတာပါပဲ။ Positive တဲ့။ အခန်းထဲမှာ လူနာ (6)ယောက်ရှိတာ (4)ယောက် Positive ပါတယ်။ အဲ့မှာစတွေ့တော့တာပါပဲ Positive လဲဆိုတော့အကုန်ကြက်ပျောက်ငှက်ပျောက် oxygen ကုန်လို့တောင်းလို့လဲခုလာမလိုလိုတော်ကြာလာမလိုလိုနဲ့လာကိုမလာတော့တာ။ ရောဂါကူးမှာကြောက်တာစာနာပါတယ်။ ဒါပေမယ့် ဒီလိုအ‌ခြေအနေမှာ covid လူနာတွေရောက်ရင်ဘာလုပ်မယ်ဆိုပြီး system မလုပ်ထားတာလားဘာလားတော့မသိဘူး။ တိုးချဲ့တွေလုပ်နေတာတော့အများကြီး။ အဲ့ဒီ စံပြဆေးရုံက ဆရာဝန်တွေကော၊ ဆရာဝန်မတွေကော ဆေးကုဖို့ထက် ဆေးဖြန်းဖို့ပဲလုပ်နေကြတာဗျာ။ အဲဒါဆိုလဲအိမ်မှာပဲနေတာမဟုတ်ဘူးဗျာ”

“ပြီးတော့ဖောင်ကြီးဖို့ပို့စီစဉ်ကြတော့တာပဲ။ အဲ့မှာစံပြဆေးရုံက တာဝန်ခံဆရာဝန်ကဖုန်းဆက်ပါတယ်။ အဓိကဆက်တာ ဖောင်ကြီးကို information ပို့ဖို့နာမည်မေး၊ဘာမေးပေါ့ ကိုယ်ကလဲ oxygen ပိုက်ကဖြုတ်လို့ကိုမရတော့ အားကိုးတကြီးနဲ့ ‘ဆရာရယ် ကျွန်တော်အသက်ရှူကြပ်နေလို့ oxygen လေးရှူပြီးဖြစ်ဖြစ်သွားလို့ရအောင် စီစဉ်ပေးပါအုံးနော်’ လို့အကူညီတောင်းရတာပေါ့။ ရွှန်းရွှန်းဝေပြန်ပြောပါတယ် စီစဉ်ပေးပါ့မယ်တဲ့! ကိုယ်လဲစိတ်ချလက်ချပေါ့။ ညနေလဲရောက်ရောကားရောက်ပြီ ထွက်တော့ဆိုပြီးမောင်းထုတ်တော့တာပါပဲ။ဒါမျိုးကျနောက်ကနေတောက်လျှောက်အုပ်လိုက်ကြီး လူ‌ခြေ‌ထောက်နားတွေထိပါဆေးဖြန်းပြီးလိုက်ပို့တာဗျာ။ ကိုယ်လဲသိတော့သိလိုက်တယ် ဘာ oxygen မှလဲရှူဖို့ပြောလို့ရမှာမဟုတ်တော့ဘူး။ တော်တော်လဲအသက်ရှူကြပ်နေပီ။ ကားမြင်တော့ပိုကြပ် YBS ကားပေါ်မှာ အကုန်လုံကိုစုပြီးဝက်တင်သလိုတင်ထားတာ ထိုင်စရာနေရာတောင်မရှိတော့ တင်စရာရှိတာတင်ပြီး မတ်တပ်လေးရပ်မှီနေပြီး စိတ်မလွှတ်သွားအောင် အသက်ကိုပုံမှန်ထိန်းပြီးမနည်းရှူနေရတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေအရင်ကလုပ်ထားတာကိုလဲကိုယ့်ဘာသာကျေးဇူးတင်မိတယ်။ ကံကောင်းချင်တော့အန်တီကြီးတစ်ယောက်က ကြပ်နေမှန်းသိလို့နေရာဖယ်ပေးလို့ ငြိမ်ငြိမ်လေးထိုင်ပြီးလိုက်လာရတယ်။ ဖောင်ကြီးကို။ oxygen level တိုင်းကြည့်တော့ 68 လောက်ဖစ်နေပီ!! မသေတာ ကံကောင်း…😫”

“ဖောင်ကြီးနားရောက်တော့ Q Center ကတာဝန်ကျဆရာဝန်ကဖုန်းဆက်ပြီး ရောဂါအခြေနေကြိုမေးတော့ ကျွန်တော်အသက်ရှူကြပ်နေတဲ့အကြောင်းပြောတော့ ဆရာဝန်ကအံ့ဩပြီး! ဘယ်လိုလိုက်လာလဲတဲ့? ဒီတိုင်းပဲလိုက်လာရတာလို့ပြောတော့ ‘ဒီဘက်ကိုလဲအသက်ရှူကြပ်တဲ့သူပါတယ်ဆိုပြီးအကြောင်းမကြားထားဘူးတဲ့’ ဪ…စံပြဆေးရုံကဖုန်းဆက်မေးတဲ့ဆရာဝန်ကိုသိချင်လိုက်တာ။ ဖောင်ကြီးရောက်တော့ Center ထဲဝင်ဖို့ကားကအထဲထိမရောက်တော့ထိပ်ကနေလမ်းလျှောက်ရတယ်။ အဝေးကြီးမဟုတ်ပေမယ့် ဆင်းလိုက်တာနဲ့ဘယ်လိုမှမခံနိုင်တော့ဘူး တလမ်းလုံးလည်းကြပ်လာတာဆိုတော့ ဟတ်ထိုးကိုလိုက်နေတာပဲ အသက်ကိုမနည်းရအောင်ပြန်ရှူရတာ။ မျက်လုံးပါပြာပြီးသေပီထင်တာ။ Center ထဲမနည်းအားတင်းဝင်ပြီး အထဲရောက်တာနဲ့ လိုအပ်တဲ့ဆေးတွေထိုးပေးပြီး လိုတာအကုန်လုပ်ပေးကြပါတယ်။ Q center တွေကတော့ ဒီလူနာတွေအတွက် system ချထားပြီးသားဆိုတော့ နေရတာအဆင်တကယ်ပြေပါတယ်။ ဆေးစစ်တာကအစသေချာလေးကို ဂရုစိုက်လုပ်ပေးပါတယ်။ကျေးဇူးလဲအ ထူးတင်ပ ါတယ်🙏”

“ဒါကြောင့် ကျွန်တော်လိုမဖြစ်ရအောင် အနံ့ပျောက်၊အဖျားအရမ်းတက်၊ကြပ်မောပြီဆိုရင် ဆေးရုံကို မြန်မြန်ကျော်ပြီး Q Center ကိုမြန်မြန်ရောက်အောင်ပြေးကြပါလို့ပြောချင်ပါတယ် (တခြားဆေးရုံတွေတော့မသိပါ စံပြဆေးရုံကြီးကတော့လှန့်သွားပါပီ) နောက်ပြီး ‌ကိုယ့်ကိုယ်ကို အရမ်းမစိုးရိမ်ရဘူးထင်လို့ oxyen level ကျမကျသိချင်ရင်တော့ စက်လေးဆောင်ထားပြီးတိုင်ကြည့်လို့ရပါတယ်။ Oxygen level 95 နဲ့ အထက်ဆိုရင်ပုံမှန်ပါပဲ။ 90-92 လောက်ဆို နေသာတယ်ဆိုရုံလေးပါ။ 90 အောက်ဆိုရင်တော့မကောင်းပါဘူး။ အားလုံးပဲ အိမ်ထဲမှာကျန်းမာအောင်နေပြီး Covid19 ရန်ကင်းဝေးကြပါ‌စေဆုတောင်းပေးလိုက်ပါတယ်🙏🙏🙏” ဆိုပြီး သူ့ရဲ့ အတွေ့အကြုံကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုေ တာင်းပေးလို ပါတယ်။

Source: Zaw Win Naing’s fb

About the author

Aung Lay

Leave a Comment