Cele News
အနည်းဆုံးတော့ စိတ်သက်ရာရစေမယ့် ဝေကြီးရဲ့ သီချင်းအသစ်ဖြစ်တဲ့ “ငိုးမ ကိုဗစ်ကြီး”သီချင်း video
Written by Aung Lay
Unicode
တေးရေးလောကမှာ ဆရာတစ်ဆူလို့ခေါ်ထိုက်တဲ့ တေးရေးဆရာ ဝေကြီးကတော့ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ရေးစပ်တတ်တာကြောင့် သူရေးတဲ့ သီချင်းတွေဟာ လူငယ်တွေ အကြိုက်တွေ့စေခဲ့ပါတယ်။
နာမည်ကြီး အဆိုတော် အတော်များများဟာလည်း ဝေကြီးဆီ မှာ သီချင်းအပ်ကြတာများတာကြောင့် ခဏတာအတွင်းမှာ တေးရေးဆရာဝေကြီးကတော့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
ကိုယ်တိုင်သီချင်းတွေ ရေးစပ်ပြီး ကိုယ်တိုင်သီဆိုတဲ့ သီချင်းတွေလည်းရှိပါတယ်။ယခုအခါမှာလည်း လက်ရှိဖြစ်ပွားနေလျက်ရှိသေး ကိုဗစ်ကို လူတိုင်းက ကျေနပ်ကြမှာ မဟုတ်ပါဘူး။ကိုဗစ်ကို မကျေနပ်တာကြောင့် ဝေကြီးတစ်ယောက်ကတော့ သီချင်းလေးနဲ့ ပေါက်ကွဲ ပြလိုက်ပါတယ်။လူတိုင်းကြုံတွေ့နေရတဲ့ အခက်အခဲတစ်ချို့ကို ရေးစပ်ကြီး ငဗစ်ကို ဒေါသထွက်ပြနေတဲ့ ပုံံမျိုး ရေးစပ်ထားပါတယ်။
ဝေကြီး ကိုင်တိုင်ရေး ကိုယ်တိုင်သီဆိုထားတဲ့ ငဗစ်ကိုပေါက်ကွဲထားတဲ့ သီချင်းနာမည်ကတော့”ငိုးမ ကိုဗစ်ကြီး”လို့ အမည်ပေးထားပါတယ်။အခုလို အချိန်မှာ ငဗစ်ကို ပေါက်ကွဲပြီး စိတ်သက်သာချင်ရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ ဝေကြီးရဲ့ “ငိုးမ ကိုဗစ်ကြီး”သီချင်းလေးကို ကြည့်ရှုလိုက်ကြပါဦးနော်။
Flower Sky, Source ; Wai Gyi`Fb Acc
About the author
Aung Lay
Leave a Comment