Health

ပုရစ် စားခြင်း ကောင်းကျိုး နှင့် အစားများပါက ဘာတွေဖြစ်နိုင်လဲ/ပုရစ်မှာ ရှိတတ်တဲ့ ကပ်ပါးကောင်အကြောင်း

Written by Aung Lay

ပုရစ် စားခြင်း ကောင်းကျိုး နှင့် အစားများပါက ဘာတွေဖြစ်နိုင်လဲ/ပုရစ်မှာ ရှိတတ်တဲ့ ကပ်ပါးကောင်အကြောင်း
(၁) ပုရစ် ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ အမဲသားနဲ့ ကြက်သားတို့မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ သံဓာတ်ထက် ပိုမို များပြားပါတယ်။ သံဓာတ်နဲ့ ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ ခံစားနေရသူတွေနဲ့လည်း သင့်တော်ပါတယ်။

(၂) ပုရစ်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကိုပါ လျော့ကျစေနိုင်တာကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတွေကိုပါ ကာကွယ် ပေးနိုင်တယ်လို့ သုတေသနလေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

(၃) ပုရစ် စားသုံးခြင်းဟာ တနေ့တာရဲ့လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ် ဓာတ်တွေလည်း ပါဝင်တာကြောင့် အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သွားတွေကို ခိုင်ခံ့စေတယ်လို့ အမေရိကန်သုတေသီတွေက ဆိုပါတယ်။

(၄) ပုရစ်မှာ ပါဝင်တဲ့ ဗီတာမင် B1 နဲ့ B2 ဓာတ်တွေဟာ မှတ်ဉာဏ်အားနည်းခြင်းကို ကာကွယ်ပေးပြီး အမိုင်နိုအက်ဆစ်လည်း ပါဝင်တာကြောင့် အာရုံကြောအား ကောင်းစေနိုင်ပါတယ်။

(၅) ပုရစ်မှာ Omega3, Omega6 နဲ့ အမျှင်ဓာတ်တွေပါ ပါဝင်တာကြောင့် အစာအိမ်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ပုရစ်ရဲ့ ခပ်ဆိမ့်ဆိမ့် အရသာကြောင့် ခံတွင်းပျက်နေသူတွေ စားသုံးရင် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

“တန်ဆေးလွန်ဘေး” ဆိုသလိုပဲ ပုရစ်မှာ ပရိုတင်းနဲ့ သံဓာတ်တွေ အများအပြား ပါဝင်တာကြောင့် စားသင့်တာထက် အလွန်အကျွံ စားသုံးရင်တော့ သွေးလေးစေနိုင်ပြီး သွေးပေါင်ချိန် တက်လာစေနိုင်ပါတယ်။ အင်းဆက်နဲ့ ဓာတ်မတည့် သူတွေ စားသုံးတဲ့အခါ ခန္ဓာကိုယ် အရေပြားမှာ Allergic ဖြစ်လာနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။
ကပ်ပါးကောင်အကြောင်း

အကောင်ဟာ အလွန်သေးငယ်မာကြောပြီး သန်ကောင်ကဲ့သို့ ရှည်လျားသော ကပ်ပါးကောင်(Parasite)သာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာဖြင့်”Horsehair worm “ခေါ်ပါတယ်။

ဘယ်လို သတ္တဝါတွေမှာတွေဆီမှာ ကိန်းအောင်းနေတတ်သလဲဆိုတော့ ပုရစ်(Crickets) နှင့် ဓားခုတ်ကောင် ဘုရားရှစ်ခိုးကောင်(Praying mantis)တွေရဲ့ ဝမ်းဗိုက်အတွင်းမှာ တွေ့မြင်နိုင်ပါတယ်။

ဒါ့ကြောင့် ပုရစ်ကြော်ကြိုက်နှစ်သက်သူများ သတိထားရမဲ့အချက်ပါ။ သူ့ကို ဖမ်းပြီး ရေထဲထည့်ထားရင်ဖြင့် တစ်ရက် နှစ်ရက်ခန့် အသက်ရှင်ပါတယ်။ ဒီအကောင်အခြောက်ကို ဖန်စီလက်စွပ် လက်ကောက် ယက်လုပ်လို့ရပါတယ်။

ကြာကြာသိမ်းထားချင်ရင်တော့ ကြက်သွေး ထည့်ထားပေးလိုက်ပါ။သွေးစုတ်တတ်တဲ့ သတ္တ၀ါ တစ်မျိုးဖြစ်ပါတယ်။ ကြာကြာ သိမ်းဆည်းမထားသင့်ပါ…လူကို အန္တရာယ်ပြုတတ်ပါတယ်။ Shareပေးနိုင်ပါတယ်။

Zawgyi

ပုရစ္ စားျခင္း ေကာင္းက်ိဳး ႏွင့္ အစားမ်ားပါက ဘာေတြျဖစ္ႏိုင္လဲ/ပုရစ္မွာ ရွိတတ္တဲ့ ကပ္ပါးေကာင္အေၾကာင္း
(၁) ပုရစ္ ၁၀၀ ဂရမ္မွာ ပါဝင္တဲ့ ပ႐ိုတင္းဓာတ္ဟာ အမဲသားနဲ႔ ၾကက္သားတို႔မွာ ပါဝင္တဲ့ ပ႐ိုတင္းဓာတ္နဲ႔ သံဓာတ္ထက္ ပိုမို မ်ားျပားပါတယ္။ သံဓာတ္နဲ႔ ပ႐ိုတင္းဓာတ္ ႂကြယ္ဝတာေၾကာင့္ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစၿပီး ေသြးအားနည္းေရာဂါ ခံစားေနရသူေတြနဲ႔လည္း သင့္ေတာ္ပါတယ္။

(၂) ပုရစ္မွာ ပါဝင္တဲ့ မဂၢနီဆီယမ္ဓာတ္ဟာ ႏွလုံးေရာဂါ ျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ ကိုလက္စထေရာေတြကိုပါ ေလ်ာ့က်ေစႏိုင္တာေၾကာင့္ အဝလြန္ျခင္းနဲ႔ ဆီးခ်ိဳေရာဂါေတြကိုပါ ကာကြယ္ ေပးႏိုင္တယ္လို႔ သုေတသနေလ့လာခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

(၃) ပုရစ္ စားသုံးျခင္းဟာ တေန႔တာရဲ႕လိုအပ္တဲ့ ပ႐ိုတင္းဓာတ္ကို ျဖည့္တင္းေပးႏိုင္ၿပီး ကယ္လ္ဆီယမ္နဲ႔ ေဖာ့စဖိတ္ ဓာတ္ေတြလည္း ပါဝင္တာေၾကာင့္ အ႐ိုးက်န္းမာေရးကို အေထာက္အကူျဖစ္ေစၿပီး သြားေတြကို ခိုင္ခံ့ေစတယ္လို႔ အေမရိကန္သုေတသီေတြက ဆိုပါတယ္။

(၄) ပုရစ္မွာ ပါဝင္တဲ့ ဗီတာမင္ B1 နဲ႔ B2 ဓာတ္ေတြဟာ မွတ္ဉာဏ္အားနည္းျခင္းကို ကာကြယ္ေပးၿပီး အမိုင္ႏိုအက္ဆစ္လည္း ပါဝင္တာေၾကာင့္ အာ႐ုံေၾကာအား ေကာင္းေစႏိုင္ပါတယ္။

(၅) ပုရစ္မွာ Omega3, Omega6 နဲ႔ အမွ်င္ဓာတ္ေတြပါ ပါဝင္တာေၾကာင့္ အစာအိမ္ရဲ႕ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ပုရစ္ရဲ႕ ခပ္ဆိမ့္ဆိမ့္ အရသာေၾကာင့္ ခံတြင္းပ်က္ေနသူေတြ စားသုံးရင္ အစာစားခ်င္စိတ္ကို ျဖစ္ေပၚေစႏိုင္ပါတယ္။

“တန္ေဆးလြန္ေဘး” ဆိုသလိုပဲ ပုရစ္မွာ ပ႐ိုတင္းနဲ႔ သံဓာတ္ေတြ အမ်ားအျပား ပါဝင္တာေၾကာင့္ စားသင့္တာထက္ အလြန္အကြၽံ စားသုံးရင္ေတာ့ ေသြးေလးေစႏိုင္ၿပီး ေသြးေပါင္ခ်ိန္ တက္လာေစႏိုင္ပါတယ္။ အင္းဆက္နဲ႔ ဓာတ္မတည့္ သူေတြ စားသုံးတဲ့အခါ ခႏၶာကိုယ္ အေရျပားမွာ Allergic ျဖစ္လာႏိုင္တာကိုလည္း သတိျပဳသင့္ပါတယ္။
ကပ္ပါးေကာင္အေၾကာင္း

အေကာင္ဟာ အလြန္ေသးငယ္မာေၾကာၿပီး သန္ေကာင္ကဲ့သို႔ ရွည္လ်ားေသာ ကပ္ပါးေကာင္(Parasite)သာ ျဖစ္ပါတယ္။ အဂၤလိပ္ဘာသာျဖင့္”Horsehair worm “ေခၚပါတယ္။

ဘယ္လို သတၱဝါေတြမွာေတြဆီမွာ ကိန္းေအာင္းေနတတ္သလဲဆိုေတာ့ ပုရစ္(Crickets) ႏွင့္ ဓားခုတ္ေကာင္ ဘုရားရွစ္ခိုးေကာင္(Praying mantis)ေတြရဲ႕ ဝမ္းဗိုက္အတြင္းမွာ ေတြ႕ျမင္ႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ပုရစ္ေၾကာ္ႀကိဳက္ႏွစ္သက္သူမ်ား သတိထားရမဲ့အခ်က္ပါ။ သူ႔ကို ဖမ္းၿပီး ေရထဲထည့္ထားရင္ျဖင့္ တစ္ရက္ ႏွစ္ရက္ခန႔္ အသက္ရွင္ပါတယ္။ ဒီအေကာင္အေျခာက္ကို ဖန္စီလက္စြပ္ လက္ေကာက္ ယက္လုပ္လို႔ရပါတယ္။

ၾကာၾကာသိမ္းထားခ်င္ရင္ေတာ့ ၾကက္ေသြး ထည့္ထားေပးလိုက္ပါ။ေသြးစုတ္တတ္တဲ့ သတၱ၀ါ တစ္မ်ိဳးျဖစ္ပါတယ္။ ၾကာၾကာ သိမ္းဆည္းမထားသင့္ပါ…လူကို အႏၲရာယ္ျပဳတတ္ပါတယ္။ Shareေပးႏိုင္ပါတယ္။

About the author

Aung Lay

Leave a Comment