Cele News
ကိုဗစ်ထိန်းချုပ်ရေးကို ၆ လကြာထိလက်တွဲလုပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေကို ဟော့ပေါ့ဝယ်ကျွေးပြီးဒါနပြုခဲ့တဲ့ ဝေဠုကျော်
Written by Aung Lay
Unicode
နိုင်ငံကျော်သရုပ်ဆောင်ကြီး ဝေဠုကျေယ်ကတော့ ပရဟိတမင်းသားကြီးတစ်ယောက်အဖြစ် ပရိတ်သတ်တွေ ချစ်ခင်လေးစားနေရသူပဲဖြစ်ပါတယ်။ကိုဗစ် လူနာ စတွေ့ ကတည်းကနေ ယခုအချိန်ထိ ဝေဠုကျော် ဖောင်ဒေးရှင်းမှ ပရဟိတညီငယ် ညီမငယ်တွေနဲ့အတူ မြန်မာနိုင်ငံအနှံ့က လိုအပ်တဲ့နေရာတွေမှာ အမြဲကူညီမှူတွေပေးခဲ့ပါတယ်။လက်ရှိမှာတော့ ရန်ကုန်မြို့တွင်းက ကိုဗစ်ထိန်းချုပ်ရေးစင်တာတွေကို လိုအပ်ရင် လိုအပ်လို ကူညီလုပ်ဆောင်ပေးလျက်ရှိပါတယ်။
သူနဲ့အတူ ကိုဗစ်တိုက်ပွဲ ၆ လကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တွေကို ဟော့ပေါ့ ဝယ်ကျွေးဖြစ်တဲ့အကြောင်း အခုလိုပြောပြလာပါတယ်”29-9-2020 ရန်ကုန်မြို့ကြီး COVID စဝင်ကတည်းက လုပ်အားပေးလာကြပြီး စခန်းစဖွင့်ချိန်က အခုထိ ၆လ ကျော်ကြာအောင် ကြံ့ကြံ့ခံ ဇွဲမလျော့စတမ်း ရင်ဆိုင် တိုက်ပွဲဝင်လာကြတယ့် ကျတော်တို့စခန်းကပရဟိတ လုပ်အားရှင်များအား မနေ့ညက ဟောပေါ့ ဝယ်ကြွေး ဖြစ်ပါတယ်။ကျတော်တို့ ပရဟိတသမားတွေအားလုံး ပင်ပမ်းနေကြပေမယ့် အပြုံးမပျက်ကြသေးဖူး လက်မလျော့ကြသေးပါဖူး။အဖွဲ့သားတွေရေပင်ပမ်းနေကြပေမယ့်ေ ပျာ်ရွှင်စွာ အစားကောင်းများ စားပြီးရင်တော့ နောက်မဆုတ်စတမ်း ငဗစ်ကို နိူင်အောင်တိုက်ကြမယ်နော့်အသက်အာမခံလဲ အားလုံးထားပြီးကြပြီမို့ ဘုရင့်နောင် ဖောင်ဖျက်တိုက်သလိုပဲ ဇွဲမလျှော့ စတမ်း ကျတော်တို့ အားလုံး လက်တွဲပြီး မိစ္ဆာကပ်ဆိုးကို အနိူင်တိုက်ထုတ်ကြမယ်ဟေ့”ဆိုပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
ဝေဠုကျော်ကတော့ မိမိကိုယ်တိုင်ကလည်း စွမ်းစွမ်းတမံ ကိုဗစ်ထိန်းချုပ်ရေးတိုက်ပွဲဝင်နေပြီး မိမိရဲဘော် ရဲဘက်တွေကိုလည်း အားပေးချီးမွှမ်းစကားတွေ ပြောကြားခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်ရပ်တည်လျက်ရှိပါတယ်။ကိုဗစ်ထိန်းချုပ်ရေးတိုက်ပွဲမှ အဖက်ဖက် နေရာစုံမှ ကူညီတိုက်ပွဲဝင်နေတဲ့ ညီကိုမောင်နှမတွေအားလုံး ကျန်းကျန်းမာမာနဲ့ ရှေ့ဆက် တိုက်ပွဲဝင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source ; Wai Lu Kyaw Foundation`Fb
About the author
Aung Lay
Leave a Comment