Knowledge

သင့်ရဲ့ ပတ်ဝန်ကျင်းမှာ အိပ်တဲ့အခါ ဟောက်တတ်တဲ့သူ တစ်ဦးရှိနေပြီဆိုရင်…ဒါလေးဖတ်ကြည့်ပါ

Written by Aung Lay

သင့္ရဲ႕ ပတ္ဝန္က်င္းမွာ အိပ္တဲ့အခါ ေဟာက္တတ္တဲ့သူ တစ္ဦးရွိေနၿပီဆိုရင္…ဒါေလးဖတ္ၾကည့္ပါ

ပုံမွန္အားျဖင့္ အ႐ြယ္ေရာက္ၿပီးသူ ၄၅ ရာခိုင္ႏႈန္းခန႔္ဟာ အိပ္ရင္ ေဟာက္ၾကပါတယ္။ မတူညီတဲ့ လူေနမႈပုံစံေပၚ မူတည္ၿပီး ေဟာက္သံ ျဖစ္ေပၚလာျခင္း ျဖစ္ပါတယ္။ တခ်ိဳ႕က က်န္းမာေရး မေကာင္းတာ ၊ တခ်ိဳ႕က အိပ္ေနရင္း အသက္ရႈက်ပ္တာေတြေၾကာင့္ ေဟာက္သံ ထြက္ေပၚလာပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ အျခားသူေတြနဲ႔ တူတူအိပ္ရတဲ့အခါ သင့္ရဲ႕ ေဟာက္သံက စိတ္အေႏွာင့္အယွက္ ျဖစ္တတ္ပါတယ္။ ဒီေဟာက္သံကို ေလ်ာ့နည္းေအာင္ ဘယ္လိုလုပ္ရမလဲ။

ပက္လက္အိပ္ျခင္းက သင့္ရဲ႕ လွ်ာကို အာေခါင္ဘက္သို႔ ေနာက္ျပန္က်ေစၿပီး ေလလမ္းေၾကာင္းကို ပိတ္ေစပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ေဘးေစာင္းၿပီး အိပ္ေပးပါ။ တကယ္လို႔ ပက္လက္ပဲ အိပ္ျဖစ္ေနတယ္ဆိုရင္ ေခါင္းအုံးသုံး၊ ေလးခု ခံၿပီး အိပ္ပါ။ ဒါမွသာ ေလလမ္းေၾကာင္း ပြင့္ၿပီး ေဟာက္သံရပ္သြားမွာ ျဖစ္ပါတယ္။

လည္ပင္းတစ္ဝိုက္မွာ ရွိတဲ့ အဆီပိုေတြဟာလည္း အသက္ရႈလမ္းေၾကာင္းကို ပိတ္ေစပါတယ္။ အသက္ရႈလမ္းေၾကာင္း ပိတ္ရင္ ေဟာက္သံထြက္လာႏိုင္ပါတယ္။ ဒီလိုမျဖစ္ေအာင္ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ၿပီး ေဟာက္သံကို ရပ္တန႔္ေအာင္ ျပဳလုပ္ႏိုင္ပါတယ္။အရက္ နဲ႔ အိပ္ေဆးေတြက အာ႐ုံေၾကာစနစ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို က်ဆင္းေစၿပီး လည္ေခ်ာင္းမွ တစ္ရႈးေတြကို ေျပေလ်ာ့ေစပါတယ္။ အဲဒီကတဆင့္ အသက္ရႈလမ္းေၾကာင္း ပိတ္သြားႏိုင္ပါတယ္။ တကယ္လို႔ အရက္ေသာက္မယ္ဆိုရင္ အိပ္ခ်ိန္မတိုင္မီ ၂ နာရီေလာက္ ျခားၿပီး ေသာက္ပါ။
တစ္ခါတစ္ရံ ေခါင္းအုံးမွာရွိတဲ့ ဖုန္မႈန႔္ေတြကဆင့္ ဓာတ္မတည့္မႈေတြ ျဖစ္ၿပီး ေဟာက္သံထြက္တာမ်ိဳးလည္း ရွိပါတယ္။ ဒါေၾကာင့္ ေခါင္းအုံးစြပ္ကို တစ္ပတ္ျခား တစ္ခါ ေလွ်ာ္ေပးၿပီး ေခါင္းအုံးကို ေျခာက္လတစ္ခါ လဲေပးသင့္ပါတယ္။ မ်က္ႏွာၾကက္ကို ပုံမွန္ သန႔္ရွင္းေရး လုပ္ေပးၿပီး အိမ္ေမြးတိရစာၦန္ေတြကို အိပ္ရာေပၚ ေပးမတက္ပါနဲ႔။ ဒါမွသာ ဓာတ္မတည့္မႈေတြ မျဖစ္ပဲ ေဟာက္သံက ရပ္သြားမွာ ျဖစ္ပါတယ္။

ေရဓာတ္ခ်ိဳ႕တဲ့လာတဲ့အခါ ႏွာေခါင္းထဲက စစ္ထုတ္တဲ့အရာေတြက ပိုၿပီး ေစးကပ္လာပါတယ္။ ႏွပ္ေတြ ပိတ္လာတဲ့အခါ အသက္ရႈရခက္ၿပီး ေဟာက္သံထြက္ေပၚလာပါတယ္။ ဒါေၾကာင့္ ေရမ်ားမ်ား ေသာက္သုံးဖို႔ လိုပါတယ္။သင့္အိပ္ခန္းထဲက ေလက ေျခာက္ေသြ႕တယ္ဆိုရင္ ႏွာေခါင္း နဲ႔ လည္ေခ်ာင္းမွာ ရွိတဲ့ အေျမႇးပါးေတြက ေရာင္ရမ္းၿပီး အိပ္စက္တဲ့အခါ ေဟာက္သံထြက္ေပၚလာပါတယ္။ ဒီလိုမျဖစ္ေအာင္ humidifier ကို ညဘက္ အခန္းထဲမွာ ဖြင့္ထားၿပီး အခန္းတြင္း စိုစြတ္မႈရွိေအာင္ ျပဳလုပ္သင့္ပါတယ္။

အထက္ပါ ေဖာ္ျပခ်က္အားလုံးကို လုပ္ၾကည့္ၿပီးတာေတာင္ ေဟာက္သံထြက္ေနတုန္းဆိုရင္ သင့္အေနနဲ႔ ဆရာဝန္ထံ ျပသသင့္ပါတယ္။

Unicode

သင့်ရဲ့ ပတ်ဝန်ကျင်းမှာ အိပ်တဲ့အခါ ဟောက်တတ်တဲ့သူ တစ်ဦးရှိနေပြီဆိုရင်…ဒါလေးဖတ်ကြည့်ပါ

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ ၄၅ ရာခိုင်နှုန်းခန့်ဟာ အိပ်ရင် ဟောက်ကြပါတယ်။ မတူညီတဲ့ လူနေမှုပုံစံပေါ် မူတည်ပြီး ဟောက်သံ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ တချို့က ကျန်းမာရေး မကောင်းတာ ၊ တချို့က အိပ်နေရင်း အသက်ရှုကျပ်တာတွေကြောင့် ဟောက်သံ ထွက်ပေါ်လာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အခြားသူတွေနဲ့ တူတူအိပ်ရတဲ့အခါ သင့်ရဲ့ ဟောက်သံက စိတ်အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ ဒီဟောက်သံကို လျော့နည်းအောင် ဘယ်လိုလုပ်ရမလဲ။

ပက်လက်အိပ်ခြင်းက သင့်ရဲ့ လျှာကို အာခေါင်ဘက်သို့ နောက်ပြန်ကျစေပြီး လေလမ်းကြောင်းကို ပိတ်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဘေးစောင်းပြီး အိပ်ပေးပါ။ တကယ်လို့ ပက်လက်ပဲ အိပ်ဖြစ်နေတယ်ဆိုရင် ခေါင်းအုံးသုံး၊ လေးခု ခံပြီး အိပ်ပါ။ ဒါမှသာ လေလမ်းကြောင်း ပွင့်ပြီး ဟောက်သံရပ်သွားမှာ ဖြစ်ပါတယ်။

လည်ပင်းတစ်ဝိုက်မှာ ရှိတဲ့ အဆီပိုတွေဟာလည်း အသက်ရှုလမ်းကြောင်းကို ပိတ်စေပါတယ်။ အသက်ရှုလမ်းကြောင်း ပိတ်ရင် ဟောက်သံထွက်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကိုယ်အလေးချိန်ကို လျှော့ချပြီး ဟောက်သံကို ရပ်တန့်အောင် ပြုလုပ်နိုင်ပါတယ်။အရက် နဲ့ အိပ်ဆေးတွေက အာရုံကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကျဆင်းစေပြီး လည်ချောင်းမှ တစ်ရှုးတွေကို ပြေလျော့စေပါတယ်။ အဲဒီကတဆင့် အသက်ရှုလမ်းကြောင်း ပိတ်သွားနိုင်ပါတယ်။ တကယ်လို့ အရက်သောက်မယ်ဆိုရင် အိပ်ချိန်မတိုင်မီ ၂ နာရီလောက် ခြားပြီး သောက်ပါ။
တစ်ခါတစ်ရံ ခေါင်းအုံးမှာရှိတဲ့ ဖုန်မှုန့်တွေကဆင့် ဓာတ်မတည့်မှုတွေ ဖြစ်ပြီး ဟောက်သံထွက်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်ကို တစ်ပတ်ခြား တစ်ခါ လျှော်ပေးပြီး ခေါင်းအုံးကို ခြောက်လတစ်ခါ လဲပေးသင့်ပါတယ်။ မျက်နှာကြက်ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးပြီး အိမ်မွေးတိရစ္ဆာန်တွေကို အိပ်ရာပေါ် ပေးမတက်ပါနဲ့။ ဒါမှသာ ဓာတ်မတည့်မှုတွေ မဖြစ်ပဲ ဟောက်သံက ရပ်သွားမှာ ဖြစ်ပါတယ်။

ရေဓာတ်ချို့တဲ့လာတဲ့အခါ နှာခေါင်းထဲက စစ်ထုတ်တဲ့အရာတွေက ပိုပြီး စေးကပ်လာပါတယ်။ နှပ်တွေ ပိတ်လာတဲ့အခါ အသက်ရှုရခက်ပြီး ဟောက်သံထွက်ပေါ်လာပါတယ်။ ဒါကြောင့် ရေများများ သောက်သုံးဖို့ လိုပါတယ်။သင့်အိပ်ခန်းထဲက လေက ခြောက်သွေ့တယ်ဆိုရင် နှာခေါင်း နဲ့ လည်ချောင်းမှာ ရှိတဲ့ အမြှေးပါးတွေက ရောင်ရမ်းပြီး အိပ်စက်တဲ့အခါ ဟောက်သံထွက်ပေါ်လာပါတယ်။ ဒီလိုမဖြစ်အောင် humidifier ကို ညဘက် အခန်းထဲမှာ ဖွင့်ထားပြီး အခန်းတွင်း စိုစွတ်မှုရှိအောင် ပြုလုပ်သင့်ပါတယ်။

အထက်ပါ ဖော်ပြချက်အားလုံးကို လုပ်ကြည့်ပြီးတာတောင် ဟောက်သံထွက်နေတုန်းဆိုရင် သင့်အနေနဲ့ ဆရာဝန်ထံ ပြသသင့်ပါတယ်။

Credit

About the author

Aung Lay

Leave a Comment