Cele News
ကိုဗစ်ကြောင့် မိခင်ရဲ့ နာရေးကို လိုက်မပို့ကြဖို့ မေတ္တာရပ်ခံလာတဲ့ မို့မို့မြင့်အောင်
Written by Aung Lay
Unicode
ပရိတ်သတ်အချစ်တော် ထပ်ဆင့်အကယ်ဒမီရှင် မို့မို့မြင့်အောင်ရဲ့ မိခင်ဖြစ်သူဟာ ယနေ့ စက်တင်ဘာ (၃၀)ရက် နေ့လည် ၁ နာရီ ၅ မိနစ်အချိန်မှာပဲ လူကြီးရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။အသက် ၉၉နှစ်အရွယ် ရှိပြီဖြစ်တဲ့ မိခင်ရဲ့ နာရေးကို လက်ရှိဖြစ်ပွားနေတဲ့ ရောဂါအခေအနေကြောင့် လူတွေ အများကြီး ရှုပ်ထွေးမှာကြောင့် လိုက်မပို့ကြဖိူ့ မေတ္တာရပ်ခံတောင်းဆိုလာခဲ့ပါတယ်။
“မို့ ကြေကွဲစွာခံစားနေရပါတယ် မို့ မိခင်ကြီး ၊အသက်(၉၉)နှစ် ၃၀-၉-၂၀၂၀ နေ့လည် ၁:၀၅ မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါပြီ။ မို့ ခံစားနေရသလို သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ် ၊ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ် Covid နှင့် Lockdown ကြောင့်မို့ပါ။ မို့ စာအများကြီးမရေးနိူင်တာ ခွင့်လွှတ်ပါ”
မမို့ရဲ့ မိခင်ကြီး ဆုံးပါးသွားတဲ့ အတွက် သရုပ်ဆောင်များစွာလည်း စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းလူမှုကွန်ယက်မှာ မျှဝေလာကြပါတယ်။မိခင်ရဲ့ နာရေးဖြစ်ပေမယ့် ရောဂါအခြေအနေကြောင့် ဘယ်သူမှ မလာဖို့ တောင်းဆိုလာတဲ့ မမို့ရဲ့ စိတ်ဓာတ်ကတော့ လုံးဝ လေးစားစရာပါပဲနော်။
Source ; Moht Moht Myint Aung`Fb
About the author
Aung Lay
Leave a Comment