News
အသက် (၅၇) နှစ် နှင့် အထက် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ဝန်ထမ်းများအား မော်တော်ယာဉ် တင်သွင်းခွင့်ပြု
Written by Aung Lay
Unicode
အသက် (၅၇) နှစ် နှင့် အ ထက် ပြည်သူ့ ဝန် ထမ်းေ ကာင် းတံ ဆိပ် ရ ရှိသူ ဝန် ထမ် းမျ ားအား မေ ာ်တေ ာ်ယာဉ် တင်သွ င်းခွင့်ပြု
အသက် (၅၇)နှစ်နဲ့ အထက်ရှိသူ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိပြီး တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို အောက်တိုဘာ (၁)ရက်မှာမော်တော်ယာဉ်တင်သွင်းခွင့်နဲ့ ဝယ်ယူခွင့်ပြုသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ထုတ် ပြန်ချက်အရ အမြဲတမ်းအတွင်းဝန်ရာထူးကနေညွှန်ကြားရေးမှူးရာထူးအထိ ဝန်ထမ်း တွေက ပြည်ပက မော်တော်ယာဉ်တင်သွင်းခွင့် ဒါမှမဟုတ် ပြည်တွင်းအရောင်း ပြခန်းတွေက ဝယ်ယူခွင့် ရရှိမှာဖြစ် ပါ တယ်။
ဒါ့အပြင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်ကနေ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရာထူးအဆင့်တူညီတဲ့ တပ်မတော်က စစ်မှုထမ်းကောင်းတံဆိပ်ရရှိထားသူတွေ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲမှုထမ်းကောင်း တံဆိပ် နဲ့ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တာဝန်ထမ်း ဆောင်ဆဲ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူ စည်ပင်သာယာရေးဝန်ထမ်းတွေလည်း ပြည်ပက မော်တော်ယာဉ်တင်သွင်းခွင့် ဒါမှမဟုတ် ပြည်တွင်းအရောင်း ပြခန်းတွေက ဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် လက်ထောက်ညွှန်ကြားရေးမှူးအဆင့်နဲ့ အောက်အဆင့်ဝန်ထမ်းတွေ ၊ အလားတူ ရာထူးအဆင့်တူ စစ်မှုထမ်းကောင်းတံဆိပ်ရ တပ်မတော်သားတွေ၊ ရဲမှုထမ်းကောင်း တံဆိပ်ရရဲတပ်ဖွဲ့ဝင်တွေ နဲ့ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိထားသူ စည်ပင်သာယာရေး ဝန်ထမ်းတွေ အနေနဲ့ပြည်တွင်းက SKD စနစ်နဲ့ ထုတ်လုပ်တဲ့ မော်ေ တာ် ယာဉ်ေ တွ ကို ဝယ် ယူ ခွင့် ရရှိမှာ ဖြစ် ပါ တယ်။
မော်တော်ယာဉ်ဝယ်ယူရာမှာ အမြဲတမ်းအတွင်းဝန်နဲ့ ညွှန်ကြားရေးမှူးချုပ် တွေက ကျပ်သိန်း (၅၀၀)နဲ့ ညီမျှတဲ့ CIF တန်ဖိုး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် ကနေ ဒုတိယညွှန်ကြားရေးမှူးအဆင့်ထိကိုတော့ ကျပ်သိန်း (၃၀၀)နဲ့ ညီမျှတဲ့ CIFတန်ဖိုး နဲ့ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ အောက်အဆင့် ဝန်ထမ်းတွေကိုတော့ သိန်း (၃၀၀)ရာနဲ့ ညီမျှတဲ့စက်ရုံထုတ်ရောင်းဈေးအတိုင်း ရာထူးအဆင့်အလိုက် မော်တော်ယာဉ်ဝယ်ယူ ခွင့်ပြုမယ့် ငွေပမာဏကို သတ်မှတ်ပေးထားပါတယ်။ လာမယ့်နှစ်တွေမှာလည်း ပြည်သူ့ဝန်ထမ်း၊နိုင်ငံ့ဝန်ထမ်းတွေမော်တော်ယာဉ် တင်သွင်း၊ ဝယ်ယူခွင့် နဲ့ ပတ် သက်ပြီး ထုတ်ပြန် ကြေ ညာပေးသွားမယ် လို့ သိ ရပ ါ တယ်။
Credit
About the author
Aung Lay
Leave a Comment