Knowledge
ချစ်စရာကောင်းသလောက် သေမင်းနိုင်ငံကို အလည်ခေါ်သွားနိုင်တဲ့ တိရစ္ဆာန်လေးများ
Written by Aung Lay
(၁) ပန်ဒါဝက်ဝံလေးတွေ
(၃) ငန်း
(၄) ဆင်
(၅)လင်းပိုင်
(၆) မျောက်မောင်းမ
(၇) ပုရွက်စားကောင်
(၉) ငါးပူတင်း
(၁၀) အဆိပ်ရှိဖား
Unicode
ချစ်စရာကောင်းသလောက် သေမင်းနိုင်ငံကို အလည်ခေါ်သွားနိုင်တဲ့ တိရစ္ဆာန်လေးများ
ဘယ်လိုကောင်လေးတွေပါဝင်သလဲ ဆက်လက်ဖတ်ရှုလိုက်ရအောင်…
(၁) ပန်ဒါဝက်ဝံလေးတွေ
ပန်ဒါလေးတွေဟာ အင်မတန်မှချစ်စရာကောင်းပါတယ်။ မျက်ကွင်းနက်နက်တွေပိုင်ဆိုင်ထားတဲ့ ပန်ဒါလေး တွေကိုမြင်လိုက်တာနဲ့ မချစ်တဲ့သူဆိုတာမရှိနိုင်ပါဘူး။ သူတို့ရဲ့ ၀၀ဖိုင့်ဖိုင့် အိစက်စက်ကိုယ်လုံးကြီးကလည်း မြင်တာနဲ့ ဖက်ထားချင်စရာကောင်းလွန်းလှပါတယ်။ ဒါ့အပြင် သူတို့ဟာ ငြိမ်းချမ်းရေးနဲ့အကြင်နာ တရားတွေကို ပြသတဲ့ သင်္ကေတတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီတော့ ပန်ဒါလေးတွေဟာ အရမ်းဖြူစင်ပြီး အန္တရာယ် မပေး နိုင်တဲ့ သတ္တဝါလေးတွေလို့ မြင်မိကြမှာပါ။ ဒါပေမယ့် သင့်အနေနဲ့ ပန်ဒါတွေနဲ့သိပ်နီးနီးကပ်ကပ်မနေတာက ပိုကောင်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ သင်ဟာ သူတို့ရဲ့နယ်မြေကိုကျူးကျော်မိသွားတာပြီဆိုရင်တော့ ပန်ဒါတွေရဲ့ အန္တရာယ် ပေးခြင်းကို ခံစားရနိုင်ပါလိမ့်မယ်။သူတို့ဟာအရမ်းကိုသန်မာပြီး သင့်ကိုကိုက်ဖြတ် နိုင်တဲ့အလွန်ခိုင် မာတဲ့ သွားတွေရှိနေ ပါတယ်။ ဒါ့အပြင် လူတွေ ပြေးနိုင်တာထက်ကို ပိုမြန်မြန်ပြေးနိုင်ပြီး အချိန်အကြာကြီးလိုက်လံဖမ်းဆီး အန္တရာယ်ပြုနိုင် တာကတော့ သေချာတဲ့အချက်ပဲဖြစ်ပါတယ်။ ပန်ဒါတွေက ပရော်ဖက် ရှင်နယ်တစ်ယောက်လို ရေကူးနိုင်ပြီး အပင်တွေအပေါ်လည်း တက်နိုင်ပါသေးတယ်။ ဒီအချက်တွေကြောင့် သူတို့နဲ့ရင်ဆိုင်တွေ့မိတဲ့သူကတော့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့မလွယ်ကူလှပါဘူး။ သူတို့ဘယ်လောက် ချစ်စရာကောင်းကောင်း ပန်ဒါတွေဟာ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ ဝက်ဝံမျိုးနွယ်တွေပဲဖြစ်တယ်ဆိုတာတော့ မေ့မထားသင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
(၂ )အပြုံးမျက်နှာလေးနဲ့ ပင်လယ်ဖျံ
အရမ်းကို ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ပင်လယ်ဖျံလေးပါ။ သူ့မျက်နှာလေးကိုက တွေ့တဲ့လူတိုင်းကို ပြုံးပြတတ်တဲ့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းလွန်းလှပါတယ်။ ဒါပေမယ့် သူတို့က ပင်လယ်ထဲမှာ ကျားသစ်တွေလို ကျက်စားတဲ့ ပင်လယ် ဖျံတစ်မျိုးပါ။ လူတွေအနေနဲ့ ဒီပင်လယ်ဖျံလေးတွေဆီ တိုက်ခိုက်မှုတွေရှိလာနိုင်တယ်ဆိုတာကိုတော့ မျှော်လင့်ထားမိမှာ မဟုတ်ပါဘူး။ သူတို့ရဲ့နှုတ်ခမ်းက အပေါ်ကိုကွေးတက်နေတဲ့အတွက် ပြုံးနေတဲ့မျက်နှာ လေးကိုဖြစ်ပေါ် စေတာပဲဖြစ်ပါတယ်။ သူတို့က ရေနေနို့တိုက်သတ္တဝါတွေဖြစ်တဲ့အပြင် ပင်ကွင်းဧကရာဇ် လို့ခေါ်ဆိုကြတဲ့ ကြီးမားတဲ့အရွယ်အစားရှိတဲ့ ပင်ကွင်းတွေကိုပါ သတ်ဖြတ်စားသောက်ကြတာပါ။သူတို့မစားနိုင်တဲ့ရေသတ္တဝါဆိုတာ မရှိသလောက်ကို ရှားပါးပါတယ်။ အကုန်လုံးကို သတ်ဖြတ်စားသောက်ကြတာပါ။ ဒါကြောင့် သင့်အနေနဲ့ သူတို့နဲ့အတူတူရေကူးချင်စိတ်ရှိ လာတဲ့အခါမျိုးမှာဆိုရင်တော့ ဒီအချက်တွေကို သတိရမိဖို့လိုပါလိမ့်မယ်။ ဇီဝပညာရှင်တစ်ယောက်ဟာ အဲဒီပင်လယ်ဖျံတစ်ကောင်ရဲ့ ပင်လယ်အနက်ပေ ၂၀၀လောက်အထိဆွဲချသွားတာကို ခံခဲ့ရပြီး သေဆုံးခဲ့ရ ဖူးပါတယ်။
(၃) ငန်း
ငန်းလေးတွေက ဖြူစင်ခြင်းသင်္ကေတ၊ ချစ်ခြင်းရဲ့ သင်္ကေတလို့ တင်စားခံရတဲ့သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ ကျက်သရေလည်းရှိတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် အချစ်ဆိုတဲ့အရာက လူသားတွေကို ပျော်ရွှင်မှု ပေးနိုငသလို နာကျင်မှုလည်းပေးနိုင်တယ်ဆိုတဲ့ အချက်ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ငန်းတွေဟာ သူတို့ကိုခြိမ်းခြောက်တယ်လို့ ခံစားမိလာပြီဆိုတာနဲ့ ကောင်းကောင်းကိုအန္တရယ်ပေးနိုင်တဲ့ အမျိုုး အစားဖြစ်ပါတယ်။ငန်းတစ်ကောင်ကြောင့် လူတစ်ယောက်သေဆုံးသွားတဲ့ဖြစ်ရပ်တောင်ရှိပါတယ်။ အဲဒီငန်းဟာ အဲဒီလူစီးလာတဲ့လှေပေါ်တက်ပြီး လှေကိုမှောက်ပစ်လိုက်ပါတယ်။ အဲဒီလူက ရေကူးပြီးထွက်ပြေး ဖို့ကြိုး စားပေမယ့် ငန်းကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် ငန်းတွေကို အရသာမရှိတဲ့အစာတွေ ကျွေးဖို့လည်း မစဉ်းစားပါနဲ့။ ဒီလိုလုပ်လိုက်ခြင်းက သင်က သူတို့ရဲ့အသိုက်ကို စိတ်ဝင်စားနေတယ်လို့ ငန်းတွေ ကို ထင်စေနိုင်လို့ပဲဖြစ်ပါ တယ်။
(၄) ဆင်
ဆင်တွေဟာ ကုန်းနေသတ္တဝါတွေထဲမှာ အကြီးမားဆုံးနဲ့အသန်မာဆုံးသတ္တဝါတွေဖြစ်ပါတယ်။ ဆင်တွေကို တွေ့လိုက်တာနဲ့ အပြင်ပန်းအမြင်အရဆို ကြင်နာတတ်ပြီး အန္တရာယ်မပေးတတ်တဲ့ သတ္တဝါတွေလို့ပဲ လူတော် တော်များများက ထင်မိတတ်ကြပါတယ်။ လူတစ်ချို့ကလည်း ဆင်တွေအပေါ်ဆိုးဆိုးဝါးဝါး ဆက်ဆံတတ်ကြ တာကိုလည်း သတင်းတွေထဲမှာ မြင်တွေ့နေရလေ့ရှိပါတယ်။ သူတို့ကို သတ်ပြီးအစွယ်တွေဖြတ်ယူတာ၊ သူတို့ကို အဆမတန်ခိုင်းစားတာမျိုးတွေလည်း တွေ့နေရပါတယ်။ အဲဒီလိုပါပဲ ဒီနှစ်တွေထဲမှာ ဆင်တွေရဲ့တိုက်ခိုက်မှုကြောင့် လူတွေသေဆုံးကြရတာတွေဟာလည်း သူတို့အပေါ် လူတွေက ကောင်းကောင်းမွန်မွန်မဆက်ဆံတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။သူတို့က လူတွေကို ပြန်လက်စားချေတဲ့ပုံစံလို့တောင်ထင်ရပါတယ်။ တစ်ခုသိထားရမှာက ဆင်တွေဟာ အင်မတန်မှ အတေးအမှတ်ကြီးပါတယ်။ အင်အားကြီးမားလွန်းပြီး အပြေးလည်းသန်တာကြောင့် အငြိုးအတေး ကြီးကြီးထားပြီး အန္တရယ်ပြန်ပေးမယ်ဆို လူတွေရဲ့ အသက်ဟာ အာမခံချက်မရှိနိုင်ဘူးဖြစ်သွားတတ်တာမျိုးပါ။ အခုဆိုရင် တစ်နှစ်မှာ လူအယောက် ၅၀၀ လောက်ဟာ ဆင်တွေကြောင့် သေဆုံးနေပါတယ်။ သိကြတဲ့အတိုင်း ပဲ ဆင်တွေဟာ အရမ်းဉာဏ်ကောင်းကြပါတယ်။ သင်တို့အနေနဲ့ ဆင်တွေကို နောက်တစ်ကြိမ် ထပ်စီးချင်တယ် ဆိုရင်တော့ သူတို့ကို ဆုချဖို့မမေ့ပါနဲ့။
(၅)လင်းပိုင်
ချစ်စရာကောင်းတဲ့ လင်းပိုင်လေးတွေက လူကို အန္တရာယ်ပြုနိုင်တယ်ဆိုတာကိုတော့ သင်တို့အနေနဲ့ လက်ခံချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်ဒါက တကယ့်အမှန်တရားပဲဖြစ်ပါတယ်။ လင်းပိုင်တွေဟာ ရေကူ းကန်ထဲမှာ အတူတူရေကူးချင်စိတ်ပေါက်လာလောက်အောင်ကို အင်မတန်ချစ်စရာကောင်းကြပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ အရမ်းကောင်းတဲ့လှည့်ကွက်တစ်ခုပါ။ လင်းပိုင်တွေဟာ အကြောင်းပြချက်မရှိဘဲ အန္တရာယ်ပြုနိုင်တဲ့ တစ်ခုတည်းသော တိရစ္ဆာန်မျိုးစိတ်တစ်ခုပါ။လင်းပိုင်တွေဟာ ဉာဏ်ရည်မြင့်တဲ့ တိရ စ္ဆာန်ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကံမကောင်းစွာနဲ့သင့်ကို အန္တရာယ်ပြုနိုင်ပါတယ်။ သူတို့တွေက လူတွေကို မကြာခဏသတ်ဖြတ်လေ့တော့မရှိပေမယ့် သူတို့ကိုချဉ်းကပ်တော့မယ်ဆိုရင်တော့ နှစ်ခါပြန်စဉ်းစားဖို့ အကြံပြုပါရစေ။ အထူးသဖြင့် လူနဲ့မယဉ်ပါးသေးတဲ့ လင်းပိုင်တွေကို သတိထားပါလို့ အကြံပြုလိုက်ပါရစေ။
(၆) မျောက်မောင်းမ
အင်မတန်ချစ်ဖို့ကောင်းတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်ပါတယ်။ သူတို့ကတော့ အင်ဒိုနီးရှားမှာ နေထိုင် ပါတယ်။ သူတို့ဆီသွားလေ့လာမယ်လို့ စဉ်းစားထားရင်တော့ လေယာဉ်လက်မှတ်မဝယ်ခင်မှာ သိထားသင့် တဲ့အချက်တစ်ချို့ ရှိနေပါတယ်။ မျောက်မောင်းမ ဟာကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးနို့တိုက်သတ္တဝါ တစ်မျိုးပဲဖြစ်ပါတယ်။ သူတို့က အဆိပ်ပြင်း ပေမယ့် မြွေတွေနဲ့မတူတဲ့အချက်ကတော့ မျောက်မောင်းမ တွေရဲ့အဆိပ်က သူတို့ရဲ့ တံတောင်ဆစ်တွေမှာ ရှိ နေတာဖြစ်ပါတယ်။ဒါကြောင့် သူတို့က တစ်စုံတစ်ယောက်ကို ကိုက်တော့မယ်ဆိုတာနဲ့ သူတို့ရဲ့တံဆောင် ဆစ်က အဆိပ်ကို အရင်စုပ်ယူပြီးမှ ကိုက်ကြတာပါ။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ သူတို့ဟာ မြွေတွေရဲ့ အသံကိုတုပပြီး လူတွေကို ထိတ်လန့်မှုတွေဖြစ်အောင် လုပ်နိုင်ကြတယ်လို့လည်း သိရပါတယ်။ ဒီတော့ သူတို့ရဲ့ချစ်စရကောင်းတဲ့ မျက်လုံးလေးတွေကို မြင်တိုင်း သူတို့ရဲ့ တံဆောင်ဆစ်ကိုလည်းကြည့် ဖို့ မမေ့ပါနဲ့။
(၇) ပုရွက်စားကောင်
ပေတိပေစုတ်လေးနဲ့ တစ်မျိုးချစ်စရာကောင်းလို့ အန္တရာယ်မပေးနိုင်ဘူးထင်ရင် မှားသွားပါလိမ့်မယ်။ သူတို့မှာ ဆိုရင် ဝါးစရာသွားတောင်မရှိရှာပါဘူး။ သူတို့က အင်းဆက်တွေ၊ ရှောက်သံပုရာနွယ်ဝင် သစ်သီးတွေ၊ ထောပတ်သီးတွေကို စားသောက်ကြပါတယ်။ ဒီလိုသတ္တဝါမျိုးလေးက လူတွေကို ဘယ်လိုဒုက္ခပေးနိုင်မှာတဲ့လဲ? သူတို့ အစားအသောက်အတွက် အဓိကအသုံးပြုရတာက လက်သည်းတွေကိုပါ။ သူတို့ဟာ သူတို့ရဲ့ လက်သည်း တွေကို သူတို့ကိုယ်သူတို့ကာကွယ်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။ အဲဒီလက်သည်း နဲ့ပွတ်ဆွဲလိုက်ရုံနဲ့ လူကို မယုံနိုင်လောက်ေအောင် ထိခိုက်စေနိုင်ပါလိမ့်မယ်။ပုရွက်စားကောင်တွေဟာ အမြင်အာရုံလည်း အားနည်းတဲ့အတွက် သူတို့ကို တိုက်ခိုက်တော့မယ်ဆိုရင် သူတို့ကိုယ်သူ တို့ကာကွယ်ရာမှာ အသုံးပြုတဲ့ သူတို့ရဲ့လက်သည်းတွေကလည်း တွန့်ဆုတ်မှုမရှိဘဲ သင့်ကိုလှီးဖြတ်သွား ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၄ တုန်းက မုဆိုးနှစ်ယောက်ဟာ ပုရွက်စားကောင်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရ ဖူးပါတယ်။ အဲဒီပုရွက်စားကောင်က သူ့ကိုယ်သူကာကွယ်ဖို့အတွက် လက်သည်းနဲ့တိုက်ခိုက်ခဲ့တာပါ။ အဲဒါကြောင့် ပုရွက်စားကောင်တွေကို အန္တရာယ်မရှိဘူးလို့ မထင်ကြပါနဲ့နော်။
(၈) တက်စမေးနီးယား တောကြောင်
ဒီတောကြောင်မျိုးနွယ်စုဝင် သတ္တဝါလေးကတော့ လူတိုင်းကြိုက်နှစ်သက်ကြတဲ့ ကာတွန်းဇာတ်ကား တွေထဲမှာ ပါဝင်တတ်တာမို့ ရင်းနှီးကြလိမ့်မယ်လို့ထင်ပါတယ်။ ကာတွန်းဇာတ်ကားတွေထဲမှာ သူဟာ အရမ်းရယ်ရပြီး ကာတွန်းဇာတ်ရုပ်နဲ့လိုက်ဖက်ကြည့်ကောင်းလွန်းတာကြောင့် အန္တရာယ်ပေးနိုင်တဲ့ သတ္တဝါဖြစ်လိမ့်မယ်လို့ လည်း မျှော်လင့်မိမှာမဟုတ်ပါဘူး။ဒီသတ္တဝါဟာ သေးငယ်တဲ့ သားကောင ်တွေဖြစ်တဲ့ မြွေ၊ ငါး၊ ငှက်၊ အင်းဆက်တို့ကို စားသုံးပြီး ဆာလောင်နေ တဲ့အချိန်မှာ သူတို့ရဲ့ အမြီးဟာ ကြီးလာတတ်ပါတယ်။ သူတို့ရဲ့သွားတွေက အရိုးတွေကို စားနိုင်တဲ့အထိ မာကျော ပါတယ်။ သူတို့ရဲ့ပုံစံက ပွေးတွေနဲ့ဆင်သလိုရှိပေမယ့် အန္တရာယ်ကြီးတဲ့သတ္တဝါတွေပါ။ နောက်ပြီးသူတို့ဟာ ညအချိန်မှသာ အမဲလိုက်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ အနံ့ခံတဲ့နေရာမှာ ဆရာကျလွန်းတဲ့အတွက် သူတို့ကိုလွယ်လွယ်နဲ့မြင်တွေ့နိုင်ကြမှာ မဟုတ်ပါဘူး။
(၉) ငါးပူတင်း
ငါးပူတင် လို့ခေါ်တဲ့ ငါးတွေကတော့ သူသေဆုံးသွားပြီးတာတောင် လူကိုအန္တရာယ်ဖြစ်စေနိုင်သေးတဲ့ သတ္တဝါတွေပဲဖြစ်ပါတယ်။ အဲဒီငါးတွေကို ဂျပန်နိုင်ငံမှာ စားသုံးကြပြီး ဖူဂူ ဟင်းရယ်လို့ လူသိများကြပါတယ်။ အဲဒီငါးဟင်းက အခန့်မသင့်ရင် သင့်အတွက် နောက်ဆုံးညစာလည်း ဖြစ်သွားနိုင်ပါတယ်။ စားဖိုမှူးအနေနဲ့ ငါးရဲ့အသည်းကိုဖယ်ထုတ်ရာမှာ အမှားအယွင်းအနည်းငယ်လုပ်ခဲ့မိရင်တောင် မှာစားမိတဲ့သူကို အန္တရာယ်ဖြစ်စေနိုင်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ငါးပူတင် တွေရဲ့ အသည်းမှာ ပိုတက်ဆီယမ်ဆိုက်ရာ နိုက်ထက် အဆတစ်ထောင်ပိုပြင်းတဲ့ နျူယိုတောက်စင်ဓာတ်ပါဝင်နေလို့ပါပဲ။
(၁၀) အဆိပ်ရှိဖား
ဒါကတော့ အဆိပ်ရှိတဲ့ ဖားတစ်မျိုးပါ။ သူတို့ဟာ ဖားအမျိုးအစားတွေ ထဲမှာတော့ အရမ်းလှပပြီး ချစ်စရာကောင်းတဲ့ ဖားတွေပါ။ ဒါပေမယ့် ဒီလှပမှုက လှည့်စားမှုတစ်ခုလို့ဆိုရမှာပါ။ ဖားအမျိုးအနွယ်တွေထဲမှာ ဒီလိုအဆိပ်ရှိတဲ့ဖားတွေက အရောင်အမျိုးမျိုးရှိပြီး အဆိပ်ပြင်းတဲ့အဆင့်တွေ ကလည်း ကွဲပြားကြပါတယ်။ သူတို့ဟာ အဝါရောင်၊ ကြေးနီရောင်၊ အစိမ်းရောင်၊ အနီရောင်၊ အပြာရောင်နဲ့ အမည်းရောင်တွေရှိကြပါတယ်။ ဒါပေမယ့် အန္တရာယ်အပေးနိုင်ဆုံးဖားကတော့ ရွှေရောင်ရှိတဲ့ဖားပါ။အဲဒီဖားကို ထိမိသူတွေကို အန္တရာယ်ဖြစ်စေ နိုင်တာဖြစ်ပြီး အဲဒီရွှေရောင်ဖားက အရွယ်ရောက်ပြီးသူ ဆယ်ယောက်လောက်ကိုတောင် အလွယ်တကူသေ စေနိုင်တာပါ။ ဒါကြောင့် တောထဲသွားကြမယ်ဆိုရင် အတောက်ပဆုံးအရောင်က အန္တရာယ်အဖြစ်စေနိုင်ဆုံးဆို တဲ့အချက်ကို မမေ့ပါနဲ့။ကဲ အခုရေးထားတဲ့ တိရစ္ဆာန်လေးတွေကချစ်စရာကောင်းပေမယ့် သင့်ကိုသေမင်းနိုင်ငံကို အလည်ရောက်စေ နိုင်တဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ နောက်ထပ်လည်း တိရစ္ဆာန်လေးတွေနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားဦးမှာဖြစ်လို့ ရွှေဉာဏ်ရှင်ပေ့ချ်လေးကို အမြဲပဲ လာလည်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
Credit
About the author
Aung Lay
Leave a Comment