Cele News

HIVကူးစက်ခံသမီးလေး အမြန်ကျန်းမာစေဖို့ ပြုဖူးသမျှကုသိုလ်တွေကို တိုင်တည်ဆုတောင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

Written by Aung Lay





Unicode

ပရဟိတအလုပ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့တဲ့ ခိုင်နှင်းဝေ တစ်ယောက်ကတော့ အတော်လေး ပင်ပန်းမှာ အမှန်ပါပဲ။ဘယ်လောက် ပင်ပန်းနေပါစေ အပြုံးမပျက်ပဲ ဂေဟာက သားသမီးလေးတွေဆီကို ဂရုတစိုက်နဲ့ သွားရောက်ပြုစုနေဆဲပါပဲ။မိဘမဲ့ ကလေးငယ်တွေကို ပြုစုပြိုးထောင်ရာမှာ အလှူရှင်များလည်း မပျက်ရှိနေပေမယ့် ဂေဟာလိုချက်တွေအတွက် ဆက်လျက်ကြိုးစားနေကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက မိဘနှစ်ပါး HIVနဲ့ ဆုံးပါးသွားခဲ့ရတဲ့ သမီးငယ်လေးကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။သမီးငယ်လေး အရင်ထက်သက်သာလာပေမယ့် အမြန်ကျန်းမာစေဖို့ သူမ ပြုဖူးသမျှ ကုသိုလ်တွေကို တိုင်တည်ဆုတောင်းခဲ့ပါတယ်။သမီးလေးဟာ ဆေးရုံတက်တည ရက် ၂၀ ရှိပြီဖြစ်ပြီး အရင်ကထက်သက်သာလာသလို နို့ဗူးလည်း စတင်တိုက်လို့ရပါပြီလို့ သိရပါတယ်။သမီးလေးကို တီဘီဆေးတွေ နဲ့ HIV ဆေးတွေရောတိုက်နေတာကြောင့် သူမအနေနဲ့ အတော်လေး စိတ်ပူနေပါတယ်။

သမီးလေးအပေါ်ထားရှိတဲ့ မိခင်တစ်ယောက်မေတ္တာအပြည့်အဝထားပေးတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားစရာပါပဲ။ခိုင်နှင်းဝေ တစ်ယောက် ကျန်းကျန်းမာမာနဲ့ ပရဟိတအလုပ်တွေ ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source ; Khine Hnin Wai`Fb

About the author

Aung Lay

Leave a Comment