ၾကားသိရသမ်ွ

ရောဂါကူးစက်ခံရမှုအတွက် လုံးဝနောင်တမရကြောင်း ဆေးရုံကနေ ဆင်းပြီးနောက် ဒေါက်တာဒေါ်မြင့်မြင့်စိန် ဖွင့်ဟ

Written by Aung Lay

COVID-19 ကူးစက္ခံလိုက္ရတဲ့ ျပည္ၿမိဳ႕က ေမ့ေဆးဆရာမႀကီး ေဒါက္တာ ေဒၚျမင့္ျမင့္စိန္ကေတာ့ အခုအခါ အလံုးစံုျပန္လည္သက္သာလာၿပီျဖစ္လို႔ ေ၀ဘာဂီအထူးကုေဆးရုံကေန ေပးဆင္းလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ေဒါက္တာ ေဒၚျမင့္ျမင့္စိန္ဟာ COVID-19 လူနာကို ကုသဖို႔ ႀကိဳးပမ္းစဥ္ ကူးစက္ခံလိုက္ရတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူမကို ျပည္သူေတြက အားေပးေထာက္ခံခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ အခုလို ေဆးရုံကေန ဆင္းခြင့္ ရရွိခဲ့တာပါ။

ဆင္းရုံကေနဆင္းၿပီးေနာက္ ေဒါက္တာေဒၚျမင့္ျမင့္စိန္ဟာ သူမအေနနဲ႔ ေရာဂါကူးစက္ခံလိုက္ရမႈအတြက္ လံုး၀ ေနာင္တမရဘူးလို႔ ေျပာဆုိသြားခဲ့ပါတယ္။ “ကၽြန္မတို႔မွာ လံုေလာက္တဲ့ပစၥည္းေတြမရွိဘူး။ က်န္တဲ့အခင္းအက်င္းေတြမွာလည္း လိုအပ္မႈ ရွိေနတယ္။

အဲဒီအခ်ိန္မွာ ဖိစီးမႈေတြေတာ့ ကၽြန္မတုိ႔မွာ ရွိတယ္။ ေၾကာက္စိတ္ေတြအျပင္ ဒီလိုမ်ိဳး ပစၥည္းေတြ၊ အခင္းအက်င္းအေပၚမွာ ကၽြန္မတုိ႔ ဖိအားေတြရွိတယ္။ အဲဒီအခ်ိန္မွာလည္း ကၽြန္မတို႔ မရင္ဆုိင္ခ်င္တဲ့ မေအာင္ျမင္မႈေတြကိုလည္း ကၽြန္မတုိ႔ ေတြ႕ေနရတယ္။

အဲဒီအခ်ိန္မွာ ထပ္ၿပီးေတာ့ ကၽြန္မ ကူးစက္သြားတယ္ေပါ့ေနာ္။ အဲဒါအတြက္ေတာ့ ကၽြန္မ တစ္ခါမွ ကူးစက္ခံရမႈအတြက္ ေနာင္တမရွိဘူး။ ဒီလိုလုပ္လိုက္ရမႈအတြက္လည္း ေနာင္တမရွိ္ဘူး။ ဒါက ကၽြန္မတို႔ က်န္းမာေရး၀န္ထမ္းေတြက လုပ္ရမွာပဲ။

သို႔ေသာ္ ကၽြန္မတို႔ က်န္းမာေရး၀န္ထမ္းေတြ အဲဒီလို လုပ္ႏိုင္ဖို႔အတြက္ Safely Working Enviroment ကို ကၽြန္မတို႔ အရမ္းေမွ်ာ္လင့္ပါတယ္”လို႔ ေဒါက္တာ ေဒၚျမင့္ျမင့္စိန္က ေျပာၾကားသြားခဲ့တာပါ။

Unicode

COVID-19 ကူးစက်ခံလိုက်ရတဲ့ ပြည်မြို့က မေ့ဆေးဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်စိန်ကတော့ အခုအခါ အလုံးစုံပြန်လည်သက်သာလာပြီဖြစ်လို့ ဝေဘာဂီအထူးကုဆေးရုံကနေ ပေးဆင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်စိန်ဟာ COVID-19 လူနာကို ကုသဖို့ ကြိုးပမ်းစဉ် ကူးစက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမကို ပြည်သူတွေက အားပေးထောက်ခံခဲ့ပြီး နောက်ဆုံးမှာတော့ အခုလို ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့တာပါ။

ဆင်းရုံကနေဆင်းပြီးနောက် ဒေါက်တာဒေါ်မြင့်မြင့်စိန်ဟာ သူမအနေနဲ့ ရောဂါကူးစက်ခံလိုက်ရမှုအတွက် လုံး၀ နောင်တမရဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်မတို့မှာ လုံလောက်တဲ့ပစ္စည်းတွေမရှိဘူး။ ကျန်တဲ့အခင်းအကျင်းတွေမှာလည်း လိုအပ်မှု ရှိနေတယ်။

အဲဒီအချိန်မှာ ဖိစီးမှုတွေတော့ ကျွန်မတို့မှာ ရှိတယ်။ ကြောက်စိတ်တွေအပြင် ဒီလိုမျိုး ပစ္စည်းတွေ၊ အခင်းအကျင်းအပေါ်မှာ ကျွန်မတို့ ဖိအားတွေရှိတယ်။ အဲဒီအချိန်မှာလည်း ကျွန်မတို့ မရင်ဆိုင်ချင်တဲ့ မအောင်မြင်မှုတွေကိုလည်း ကျွန်မတို့ တွေ့နေရတယ်။

အဲဒီအချိန်မှာ ထပ်ပြီးတော့ ကျွန်မ ကူးစက်သွားတယ်ပေါ့နော်။ အဲဒါအတွက်တော့ ကျွန်မ တစ်ခါမှ ကူးစက်ခံရမှုအတွက် နောင်တမရှိဘူး။ ဒီလိုလုပ်လိုက်ရမှုအတွက်လည်း နောင်တမရှိဘူး။ ဒါက ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေက လုပ်ရမှာပဲ။

သို့သော် ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေ အဲဒီလို လုပ်နိုင်ဖို့အတွက် Safely Working Enviroment ကို ကျွန်မတို့ အရမ်းမျှော်လင့်ပါတယ်”လို့ ဒေါက်တာ ဒေါ်မြင့်မြင့်စိန်က ပြောကြားသွားခဲ့တာပါ။

About the author

Aung Lay

Leave a Comment