ၾကားသိရသမ်ွ

ပရဟိတသမားတွေရဲ့ပေါက်ကွဲသံစဉ်ပါတိုင်းနဲ့ပြည်နယ်အသီးသီးကတာဝန်ရှိသူတွေကိုယ်ချင်းစာနာတတ်ကြပါ

Written by Aung Lay

က်ေနာ္ ေျပာခ်င္ေနတာ ပါးစပ္ ယားေနပါတယ္။ (ရန္ကုန္က လာတယ္ဆိုရင္ လမ္းခရီးမွာ စားစရာဆိုင္မရွိ ေသးေပါက္စရာ ေနရာမရွိ၊ အိပ္စရာ ေနရာမရွိ ….ရင္နာတယ္ဗ်ာ။)

မေျပာခ်င္ေပမဲ့ ေျပာရအုံးမယ္ဗ်ာ ကၽြန္ေတာ္တို႔ လက္ရွိၾကဳံေတြေနရတာေပါ့ ဒီအခ်ိန္မွာ လူတိုင္း ေၾကာက္ေနၾကတာ နားလည္ပါတယ္ဗ်ာ ကၽြန္ေတာ္တို႔လဲ အသက္အပိုမပါပါဘူး…

ျဖစ္ေနတာက ဒီဘက္က အကူအညီေတာင္းလို႔ ကၽြန္ေတာ္တို႔ဘက္က ကူညီနိုင္ရင္ တက္နိုင္သမၽွ အစြမ္းကုန္ကူညီေပးတယ္ သူ႔ၿမိဳ႕၊ သူ႔ရြာကို ေဘးအႏၲရာယ္အနည္းဆုံးနဲ႔ အခမဲ့ေရာက္ေအာင္ ပို႔ေပးတယ္ဗ်ာ။ သူ႔ၿမိဳ႕၊ သူ႔ရြာေရာက္ေတာ့ အုပ္ခ်ဳပ္ေရးမႉးက ျပသနာရွာတာနဲ႔ က်န္းမာေရးမႉးက ျပသနာရွာတာနဲ႔ အမ်ိဳးမ်ိဳးၾကဳံေနရတယ္။

ဟိုတစ္ပတ္က သာယာဝတီသြားေတာ့ တစ္ခါ ျပသနာတက္တယ္ တေန႔က ေတာင္ႀကီးလူနာသြားပို႔ေတာ့လဲ လူၾကားထဲ အေျပာအဆိုခံရတယ္ မေန႔က လြိဳင္ေကာ္လူနာသြားပို႔တာ အဆိုးဆုံးပဲ။

ဒီရက္ထဲ ျပန္လိုက္ပို႔တဲ့ ေနျပည္ေတာ္ ေအာင္ပန္း၊ ေတာင္ႀကီး နဲ႔ လြိဳင္ေကာ္လူနာေတြဆို တိုင္းက်န္းမာေရးက အကူအညီေတာင္းလို႔ Q ျပန္ထြက္ၿပီး Swab စစ္ေဆးၿပီး Negative ထြက္လို႔ နယ္ျပန္ပို႔ဖို႔ ကူညီေပးရတဲ့ လူနာေတြ၊ ျပည္ေတာ္ျပန္ေတြပါ… သူတို႔ေဒသ သူတို႔အိမ္ျပန္ေရာက္မွ က်န္းမာေရးဌာနရဲ့ အစီအစဥ္နဲ႔ Q စင္တာျဖစ္ျဖစ္ HQ ျဖစ္ျဖစ္ဆက္ေနရမယ့္ အေျခအေနပါ

 

ေျပာခ်င္တာက ကၽြန္ေတာ္တို႔သည္ တိုင္းက်န္းမာေရးရဲ့အကူအညီ ေတာင္းခံမႈနဲ႔ သူတို႔ရဲ့ swab အေျဖေတြ၊ သြားလာခြင့္ ေထာက္ခံစာေတြ၊ ဂိတ္ျဖတ္သန္းခြင့္ေတြနဲ႔ အခမဲ့ လိုက္ပါပို႔ေဆာင္ၿပီး အကူအညီေပးရတာပါ ကိုယ့္ရန္ကုန္ကေတာ့ ဘာအစစ္အေဆးမွမရွိပဲ အကုန္အစအဆုံး အိမ္ေရာက္တဲ့အထိ အကူအညီ လိုက္လုပ္ေပးေနရတဲ့ အေျခအေနမွာ သူတို႔ေဒသ ျပည္နယ္အစိုးရေတြက ကိုယ္ေတြကို ျပသနာရွာတာေတာ့ရင္နာတယ္။

မသိရင္ပဲ ကၽြန္ေတာ္တို႔က သူတို႔ေဒသကို ပိုးရွိတဲ့လူနာလာပို႔ၿပီး ပိုးလာျဖန႔္တဲ့ရန္သူႀကီးေတြလို ဆက္ဆံခံရ ေျပာဆိုခံရ ျပသနာရွာခံရတာ တစ္ရက္ၿပီးတစ္ရက္ၾကဳံေနရေတာ့ စိတ္ပ်က္လာတယ္ဗ်ာ… ရန္ကုန္ကိုေတာ့ ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္း ထြက္ေနၾကၿပီး ရန္ကုန္ကေန အစိုးရကေထာက္ခံခ်က္နဲ႔ သူ႔ေနရပ္ကိုျပန္ပို႔ေပးရတဲ့လူေတြကိုက် သူ႔ျပည္နယ္က တရားခံစစ္ စစ္သလိုစစ္ၿပီး ျပသနာရွာခံရေလာက္ေအာင္ ကၽြန္ေတာ္တို႔သည္ ေၾကးစားမဟုတ္ပါဘူး။

တိုင္းက်န္းရဲ့အကူအညီေတာင္းတာကို ကူညီေပးၾကတဲ့ အခမဲ့ပရဟိတလုပ္ေနၾကတဲ့ အဖြဲ႕အစည္းေတြပါ… လူနာမွာ ပိုးေတြ႕ရင္ေတာင္ ကိုယ္ေတြက Q ဝင္ၿပီး ေနရင္းထိုင္ရင္းၾကားက ဒုကၡေရာက္ၾကရတာပါဗ်ာ… ရန္ကုန္ကေတာင့္ခံေနရတယ္ ရွိတဲ့အင္အားနဲ႔ အစိုးရရယ္ က်န္းမာေရးအဖြဲ႕အစည္းေတြ ပရဟိတအဖြဲ႕အစည္းေတြ ျပည္သူေတြအားလုံးေပါင္းၿပီး ေဆာင္ရြက္ေနၾကရတာ တျခားျပည္နယ္ေတြကလဲပူးေပါင္းေပးၾကပါအုံးဗ်ာ

အဲ့လိုျပသနာေတြရွာခံေနရရင္ ေနာက္ဆို ကၽြန္ေတာ္တို႔လဲ ဘယ္လူနာမွမပို႔ပဲ ရန္ကုန္ကလူနာေတြပဲ ကူညီရမလိုျဖစ္ေနၿပီ ရန္ကုန္ကိုအားနာၾကပါအုံးဗ်ာ ရန္ကုန္ကလူေတြလဲ အသက္အပိုမပါၾကပါဘူးဗ်ာ ရန္ကုန္တိုင္းအစိုးရကလူေတြ က်န္းမာေရးဌာနကဝန္ထမ္းေတြ Q စင္တာက ေစတနာ့ဝန္ထမ္းေတြ ပရဟိတအသင္းကလူေတြအားလုံးမွာလဲ မိသားစုေတြရွိၾကပါတယ္ဗ်ာ…

ေစတနာေတြကို ဘလက္ကာယ မလုပ္ၾကပါနဲ႔ဗ်ာ။

Video Myint Zaw

Htein_Lin

Unicode

ကျနော် ပြောချင်နေတာ ပါးစပ် ယားနေပါတယ်။ (ရန်ကုန်က လာတယ်ဆိုရင် လမ်းခရီးမှာ စားစရာဆိုင်မရှိ သေးပေါက်စရာ နေရာမရှိ၊ အိပ်စရာ နေရာမရှိ ….ရင်နာတယ်ဗျာ။)

မပြောချင်ပေမဲ့ ပြောရအုံးမယ်ဗျာ ကျွန်တော်တို့ လက်ရှိကြုံတွေနေရတာပေါ့ ဒီအချိန်မှာ လူတိုင်း ကြောက်နေကြတာ နားလည်ပါတယ်ဗျာ ကျွန်တော်တို့လဲ အသက်အပိုမပါပါဘူး…

ဖြစ်နေတာက ဒီဘက်က အကူအညီတောင်းလို့ ကျွန်တော်တို့ဘက်က ကူညီနိုင်ရင် တက်နိုင်သမျှ အစွမ်းကုန်ကူညီပေးတယ် သူ့မြို့၊ သူ့ရွာကို ဘေးအန္တရာယ်အနည်းဆုံးနဲ့ အခမဲ့ရောက်အောင် ပို့ပေးတယ်ဗျာ။ သူ့မြို့၊ သူ့ရွာရောက်တော့ အုပ်ချုပ်ရေးမှူးက ပြသနာရှာတာနဲ့ ကျန်းမာရေးမှူးက ပြသနာရှာတာနဲ့ အမျိုးမျိုးကြုံနေရတယ်။

ဟိုတစ်ပတ်က သာယာဝတီသွားတော့ တစ်ခါ ပြသနာတက်တယ် တနေ့က တောင်ကြီးလူနာသွားပို့တော့လဲ လူကြားထဲ အပြောအဆိုခံရတယ် မနေ့က လွိုင်ကော်လူနာသွားပို့တာ အဆိုးဆုံးပဲ။

ဒီရက်ထဲ ပြန်လိုက်ပို့တဲ့ နေပြည်တော် အောင်ပန်း၊ တောင်ကြီး နဲ့ လွိုင်ကော်လူနာတွေဆို တိုင်းကျန်းမာရေးက အကူအညီတောင်းလို့ Q ပြန်ထွက်ပြီး Swab စစ်ဆေးပြီး Negative ထွက်လို့ နယ်ပြန်ပို့ဖို့ ကူညီပေးရတဲ့ လူနာတွေ၊ ပြည်တော်ပြန်တွေပါ… သူတို့ဒေသ သူတို့အိမ်ပြန်ရောက်မှ ကျန်းမာရေးဌာနရဲ့ အစီအစဉ်နဲ့ Q စင်တာဖြစ်ဖြစ် HQ ဖြစ်ဖြစ်ဆက်နေရမယ့် အခြေအနေပါ

ပြောချင်တာက ကျွန်တော်တို့သည် တိုင်းကျန်းမာရေးရဲ့အကူအညီ တောင်းခံမှုနဲ့ သူတို့ရဲ့ swab အဖြေတွေ၊ သွားလာခွင့် ထောက်ခံစာတွေ၊ ဂိတ်ဖြတ်သန်းခွင့်တွေနဲ့ အခမဲ့ လိုက်ပါပို့ဆောင်ပြီး အကူအညီပေးရတာပါ ကိုယ့်ရန်ကုန်ကတော့ ဘာအစစ်အဆေးမှမရှိပဲ အကုန်အစအဆုံး အိမ်ရောက်တဲ့အထိ အကူအညီ လိုက်လုပ်ပေးနေရတဲ့ အခြေအနေမှာ သူတို့ဒေသ ပြည်နယ်အစိုးရတွေက ကိုယ်တွေကို ပြသနာရှာတာတော့ရင်နာတယ်။

မသိရင်ပဲ ကျွန်တော်တို့က သူတို့ဒေသကို ပိုးရှိတဲ့လူနာလာပို့ပြီး ပိုးလာဖြန့်တဲ့ရန်သူကြီးတွေလို ဆက်ဆံခံရ ပြောဆိုခံရ ပြသနာရှာခံရတာ တစ်ရက်ပြီးတစ်ရက်ကြုံနေရတော့ စိတ်ပျက်လာတယ်ဗျာ… ရန်ကုန်ကိုတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေကြပြီး ရန်ကုန်ကနေ အစိုးရကထောက်ခံချက်နဲ့ သူ့နေရပ်ကိုပြန်ပို့ပေးရတဲ့လူတွေကိုကျ သူ့ပြည်နယ်က တရားခံစစ် စစ်သလိုစစ်ပြီး ပြသနာရှာခံရလောက်အောင် ကျွန်တော်တို့သည် ကြေးစားမဟုတ်ပါဘူး။

တိုင်းကျန်းရဲ့အကူအညီတောင်းတာကို ကူညီပေးကြတဲ့ အခမဲ့ပရဟိတလုပ်နေကြတဲ့ အဖွဲ့အစည်းတွေပါ… လူနာမှာ ပိုးတွေ့ရင်တောင် ကိုယ်တွေက Q ဝင်ပြီး နေရင်းထိုင်ရင်းကြားက ဒုက္ခရောက်ကြရတာပါဗျာ… ရန်ကုန်ကတောင့်ခံနေရတယ် ရှိတဲ့အင်အားနဲ့ အစိုးရရယ် ကျန်းမာရေးအဖွဲ့အစည်းတွေ ပရဟိတအဖွဲ့အစည်းတွေ ပြည်သူတွေအားလုံးပေါင်းပြီး ဆောင်ရွက်နေကြရတာ တခြားပြည်နယ်တွေကလဲပူးပေါင်းပေးကြပါအုံးဗျာ

အဲ့လိုပြသနာတွေရှာခံနေရရင် နောက်ဆို ကျွန်တော်တို့လဲ ဘယ်လူနာမှမပို့ပဲ ရန်ကုန်ကလူနာတွေပဲ ကူညီရမလိုဖြစ်နေပြီ ရန်ကုန်ကိုအားနာကြပါအုံးဗျာ ရန်ကုန်ကလူတွေလဲ အသက်အပိုမပါကြပါဘူးဗျာ ရန်ကုန်တိုင်းအစိုးရကလူတွေ ကျန်းမာရေးဌာနကဝန်ထမ်းတွေ Q စင်တာက စေတနာ့ဝန်ထမ်းတွေ ပရဟိတအသင်းကလူတွေအားလုံးမှာလဲ မိသားစုတွေရှိကြပါတယ်ဗျာ…

စေတနာတွေကို ဘလက်ကာယ မလုပ်ကြပါနဲ့ဗျာ။

Video Myint Zaw

Htein_Lin

About the author

Aung Lay

Leave a Comment