Cele News

ယနေ့မှာပဲ ကိုဗစ်ကင်းစင်ပြီမို့ အိမ်ကိုပြန်ခွင့်ရသွားပြီဖြစ်တဲ့ စိန်ဖြိုးလှိုင်(video)

Written by Aung Lay


 




Unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် စိန်ဖြိုးလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ မင်းသမီးကြီးတစ်ဦးဖြစ်ခဲ့တဲ့ နန္ဒာလှိုင်ရဲ့မောင်အရင်းပဲ ဖြစ်ပါတယ်။စိန်ဖြိုးလှိုင် ကတော့ တူ တူမလေးတွေကို အနီးကပ်ပြုစုစောင့်လျောက်ရင်း သူ့မှာပါ covide 19 positive ဖြစ်ခဲ့တာကြောင့် ဧရာဝတီ Quarantineစင်တာကို ပြောင်းရွေ့ကာ နေထိုင် ခဲ့ရတာပါ။

ယနေ့မှာတော့ ကိုဗစ်ကင်းစင်ပြီလို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်တယကြောင့် သူ့အနေနဲ့ အိမ်ကိုပြန်ခွင့်ရခဲ့ပါပြီ ဖြစ်ပါတယ်။သူ့ရဲ့ အိမ်အပြန်ခရီးကို အမ ဖြစ်သူ နန္ဒာလှိုင်ကတော့ ဝရန်တာပေါ်ကနေပဲ ဆီးကြိုနှုတ်ဆက်ခဲ့ပါတယ်။သူမ အိမ်မှာ lock down ရက်မစေ့သေးတာကြောင့် မောင်ဖြစ်သူ စိန်ဖြိုးလှိုင် အနေနဲ့ သီးခြားအခန်းမှာ နေထိုင်ရဦးမှာဖြစ်ပါတယ်။

စိန်ဖြိုးလှိုင် ကတော့ အိမ်ပြန်ခွင့်ရတဲ့အတွက် သူ့ကို စောင့်ရှောက်ပေးခဲ့ကြတဲ့ဧရာဝတီQuarantineစင်တာ မှ တာဝန်ရှိသူတွေနဲ့ ဆရာဝန်တွေ ပရဟိတညီကိုမောင်နှတွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေကျေးဇူးတင်စကားပြောဆိုလာခဲ့ပါတယ်။သူ့အနေနဲ့ Covid 19ခရီးကြမ်းကြီးကတော့ ဒီနေရာမှာပဲပြီးဆုံးပါပြီ… ထပ်မဖြစ်အောင်လည်း ပိုပြီးဂရုစိုက်သွားပါမယ်လို့ မျှဝေလာခဲ့ပါတယ်။

Source ; Sein Phyo Hlaing`Fb

About the author

Aung Lay

Leave a Comment