Cele News

ရပ်ကွက်အတွင်း ကားတစ်စီးနဲ့ဆေးဖြန်းဖို့ ကိစ္စအဝဝကို ကူညီလှူဒါန်းခဲ့တဲ့ လွင်မိုး

Written by Aung Lay




Source ; Lwin Moe`Fb

Unicode

အကယ်ဒမီများရှင် လွင်မိုးကတော့ လက်ရှိဖြစ်ပွားလျက်ရှိသော ကပ်ရောဂါဆိုးကြီးရန်ကနေ ကာကွယ်တားဆီးရန်အတွက် တတ်နိုင်တဲ့ဘက်ကနေ အမျိုးမျိုးအဖုံဖုံ ကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။အသက်အရွယ်အရ ရိုက်ကူးရေးတွေကိုနားထားပြီး မိမိဝါသနာအရ လီလီပန်းများကို စိုက်ပျိုးရောင်းချပြီး အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။

ရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစားများ ဆန်ဆီဆားများ လှူဒါန်းမှုတွေလည်း ပြုလုပ်ပေးခဲ့ပါသေးတယ်။ယနေ့မှာတော့ မိမိရပ်ကွက်အတွင်းရှိ လမ်းကြိုလမ်းကြားမကျန် ပိုးသတ်ဆေးဖြန်းရန်အတွက် ကိစ္စအဝဝကို လှူဒါန်းမှုလေး ပြုလုပ်ခဲ့ပါတယ်။ကိုယ်တိုင် ဆေးဖြန်းမှုတွေ မလုပ်နိုင်ပေမယ့် လိုအပ်တာတွေကို ရပ်ကွက်လူငယ်တွေနဲ့ ပူးပေါင်းပြီး ဖြည့်ဆည်းလှူဒါန်းပေးခဲ့ပါတယ်။

အားလုံးတောင့်တမျှော်လင့်နေတဲ့ ကပ်ဆိုးကြီးပြီးဆုံးတဲ့ တစ်နေ့လည်း အမြန်ရောက်ပါစေလို့ဆုတောင်းပေးရင်း ရပ်ကွက်အတွင်း ဆေးဖြန်နေတဲ့နေရာမှာ ကူညီပါဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးတို့လည်း တတ်နိုင်သ၍ ဆင်ခြင်နေထိုင်ကြပြီး ကပ်ဆိုးကြီးကို အတူတွန်းလှန်တိုက်ထုတ်နိုင်ကြပါစေ။

Source ; Lwin Moe`Fb

About the author

Aung Lay

Leave a Comment