Cele News Video
ကြည့်မိသူတိုင်းမျက်ရည်ကျစေမယ့် မင်းသွေးကွယ်လွန်ခြင်း (၂)နှစ်ပြည့်အတွက်ရိုက်ကူးထားတဲ့ ဗီဒီယို
Written by Aung Lay
Source : Nay Toe
Maria ( Yaung Chi)
Unicode
ပရိသတ်တွေချစ်ခင်ကြတဲ့ သရုပ်ဆောင် နေတိုးရဲ့ ညီ မင်းသွေးဟာ (၂၀၁၈) ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရင်း အမောဖောက် လဲကျသွားရာကနေ ပါရမီ ဆေးရုံ ကို ပို့ဆောင် ကုသနေချိန်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။ ဒီနေ့ကတော့ သရုပ်ဆောင် မင်းသွေးကွယ်လွန်ခဲ့တာ (၂) ပြည့်ခဲ့ပါပြီ ။ ကွယ်လွန်သွားတာ (၂) နှစ်ပြည့်ခဲ့ပေမယ့် ပရိသတ်တွေနဲ့ မင်းသွေးကိုချစ်ခင်ကြတဲ့ သူတွေရဲ့ ရင်ထဲမှာတော့ ထာဝရ ရှင်သန်နေဦးမှာ အသေချာပါပဲ ။
ဒီလိုနေ့မျိုးမှာ ပရိသတ်တွေနဲ့ မိသားစု ၊ သူငယ်ချင်း ၊ ချစ်သူခင်သူတွေကို မင်းသွေးနှုတ်မဆက်ပဲထွက်သွားခဲ့တာ၂နှစ်ပြည့်ခဲ့ပါပြီ ဖြစ်ပြီး မတည်မြဲခြင်းဆိုတဲ့သင်္ခါရတရားကို သူလုပ်ခဲ့တဲ့အနုပညာနဲ့ပြသထားတဲ့ Music Video လေးတစ်ခုအဖြစ် မင်းသွေးရဲ့ပရိသတ်များအားလုံးအတွက် သရုပ်ဆောင်နေတိုးက ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။ ဒီ Video လေးမှာ မင်းသွေးရဲ့ချစ်သူကောင်မလေးက ပါဝင်သရုပ်ဆောင်ထားပြီး အတူတူ ပျော်ရွှင်ခဲ့တဲ့ သူမတို့ချစ်သူနှစ်ဦးရဲ့ ဗီဒီယိုလေးတွေကို လည်း ပြန်လည်ထည့်သွင်းဖော်ပြခဲ့ပါတယ် ။
မင်းသွေးရဲ့ အုတ်ဂူလေးဆီကို သွားရောက်နှုတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ ပုံကနေစပြီး အုတ်ဂူလေးရှေ့ကို ရောက်တဲ့ထိ တစ်လမ်းလုံး တစ်ချိန်က သူမတို့နှစ်ဦးရဲ့ ပျော်ရွှင်စရာနေ့ရက်လေးတွေကို တွေးတောလာတဲ့ ပုံစံလေး ရိုက်ကူးထားပြီး မင်းသွေးအုတ်ဂူရှေ့မှာ ငိုနေတဲ့ သူမရဲ့ခံစားချကေ်တွကိုတော့ သေကွဲကွဲဖူးတဲ့ သူတွေမှသာ ခံစားနိုင်လိမ့်မယ်လို့ထင်ပါတယ် ။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ရင်း မျက်ရည်ကျမိမှာအမှန်ပါပဲ ။
Source : Nay Toe
Maria ( Yaung Chi)
About the author
Aung Lay
Leave a Comment