Cele News

The Voice Myanmar မှာ Drum တီးတဲ့ Bon Bon ရဲ့ ဖန်တွေ Message Box မှာလာလာဂျီကျနေကြောင်းပြောလာတဲ့ ဟန်ထူးလွင်

Written by Aung Lay





Unicode

လတ်တလော ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ အစီစဉ်ကတော့ ဝါသနာရှင် လူငယ်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ The Voice Myanmar အစီစဉ်ပဲဖြစ်ပါတယ် ။ The Voice Myanmar အစီစဉ်မှာ Drum တီးနေတဲ့ Bon Bon ကတော့ အသက် (၁၄) အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး (၃)နှစ်သားအရွယ်ကတည်းက Drum ကိုစတင်တီးခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တီးဝိုင်းတွေမှာ တီးခတ်နေပြီး အားပေးတဲ့ ပရိသတ်တွေလည်း အခိုင်အမာရရှိနေခဲ့ပါပြီ ။

အဆိုတော် ပိုပိုရဲ့ “Holiday” သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူတစ်ယောက်အဖြစ်စတင်သတိထားမိခဲ့ကြပေမယ့် The Voice Myanmar အစီစဉ်မှာတော့ အားပေးဝန်းရံသူအများအပြားပေါ်ပေါက်လာခဲ့ပြီး မိန်းကလေး ပရိသတ်တွေရဲ့အသည်းကျော်လေးတောင် ဖြစ်နေပါပြီနော် ။

The Voice Myanmar ရဲ့ ဒိုင်တစ်ယောက်ဖြစ်တဲ့ ဆရာကျား ( ဟန်ထူးလွင်) ကလည်း သူ့ရဲ့ Message box ကနေတဆင့် လာလာဂျီကျနေတဲ့ Bon Bon ရဲ့ဖန်တွေအကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဖော်ပြခဲ့ပါတယ် ။

ဆရာရယ် .. The Voice Myanmar က Drum တီးတဲ့ Bon Bon ဘက်ကို မီးလေးထိုးပေးကြပါလား မမြင်ရလို့ ပါ ဆို ပြီး ဆရာကျားရဲ့ Massage box ကနေ ဂျီလာကျနေတဲ့ Bon Bon ရဲ့ဖန်တွေကို ” မီးထိုးမှန်ထိုးလဲကျွန်တော် ပဲဆိုတော့ Bon Bon your fans gyee kya in my msg box ” ဆိုတဲ့စာသားလေးနဲ့အတူ ကျီစယ်ပြီး စနောက်ရေးသားခဲ့တာဖြစ်ပါတယ် ။ ပရိသတ်ကြီးထဲမှာရော Bon Bon Fan တွေရှိလား မှတ်ချက်ပေးခဲ့ပါဦး ..။

About the author

Aung Lay

Leave a Comment