ဖိလစ္ပိုင္လူမ်ိဳး Sinon Loresca ကေတာ့ အရမ္းျမင့္တဲ့ ေဒါက္ဖိနပ္ႀကီးေတြကို စီးၿပီး Catwalk ေလွ်ာက္ျပရင္း လူမႈကြန္ယက္မွာ နာမည္ႀကီးခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ကမာၻေက်ာ္ ဆယ္လီတစ္ေယာက္ျဖစ္သလို အႏုပညာလုပ္ငန္းေတြ လက္မလည္ေအာင္လုပ္ကိုင္ရတဲ့ Sinon က အလႉအတန္းေတြကိုလည္း ရက္ရက္ေရာေရာ ျပဳလုပ္ေလ့ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။
ဒီတစ္ေခါက္မွာလည္း Sinon က သူပိုင္ဆိုင္တဲ့ Rolex နာရီကို ေရာင္းခ်ၿပီး ဖိလစ္ပိုင္ႏိုင္ငံအတြက္ Mask နဲ႔ COVID-19 အတြက္ လိုအပ္တဲ့အသုံးအေဆာင္ေတြကို လႉဒါန္းမယ့္အေၾကာင္း ေျပာထားပါတယ္။
Sinon က “မဂၤပါလာ ကြၽန္ေတာ့အခ်စ္တို႔.. ကြၽန္ေတာ္ကဒီေန႔မွာေတာ့ က်ေတာ္ရဲ႕ 11,000.00US DOLLAR(သိန္းႏွစ္ရာနီးပါးရွိတဲ့) Rolex Watch လက္ပတ္နာရီကို ေရာင္းလိုက္ၿပီ ျဖစ္ပါတယ္။
အဲ့က ရလာမယ့္ ပိုက္ဆံေတြကို က်ေတာ့္ရဲ႕ ဖိလစ္ပိုင္ႏိုင္ငံကို လႉဒါန္းမွာျဖစ္ပါတယ္။ ဒါမွCOVID-19အတြက္ သူတို႔လိုအပ္ေနတဲ့ Mask ေတြ အသုံးအေဆာင္ေတြ ပစၥည္းကိရိယာေတြကို လုံလုံေလာက္ေလာက္ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တတ္ႏိုင္သေလာက္ က်ေတာ့္ႏိုင္ငံေပၚသိတတ္တာပါ။” ဆိုၿပီး ေျပာထားပါတယ္။
Sinon ကေတာ့ ျမန္မာႏိုင္ငံအတြက္လည္း လိုေလေသးမရွိ လႉဒါန္းေနသလို သူ႔ရဲ႕ ေမြးရပ္ေျမ ဖိလစ္ပိုင္ ႏိုင္ငံအတြက္လည္း ေက်းဇူးသိတတ္စြာ လႉဒါန္းသြားမွာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း တန္ဖိုးႀကီးပစၥည္းကို ျပတ္ျပတ္သားသားစြန႔္လႊတ္ၿပီး အလႉေတြလုပ္တဲ့ Sinon ကိုၾကည့္ၿပီး ပီတိျဖစ္ေနမယ္ ထင္ပါတယ္ေနာ္။
Unicode
ဖိလစ်ပိုင်လူမျိုး Sinon Loresca ကတော့ အရမ်းမြင့်တဲ့ ဒေါက်ဖိနပ်ကြီးတွေကို စီးပြီး Catwalk လျှောက်ပြရင်း လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာကျော် ဆယ်လီတစ်ယောက်ဖြစ်သလို အနုပညာလုပ်ငန်းတွေ လက်မလည်အောင်လုပ်ကိုင်ရတဲ့ Sinon က အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း Sinon က သူပိုင်ဆိုင်တဲ့ Rolex နာရီကို ရောင်းချပြီး ဖိလစ်ပိုင်နိုင်ငံအတွက် Mask နဲ့ COVID-19 အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို လှူဒါန်းမယ့်အကြောင်း ပြောထားပါတယ်။
Sinon က “မင်္ဂပါလာ ကျွန်တော့အချစ်တို့.. ကျွန်တော်ကဒီနေ့မှာတော့ ကျတော်ရဲ့ 11,000.00US DOLLAR(သိန်းနှစ်ရာနီးပါးရှိတဲ့) Rolex Watch လက်ပတ်နာရီကို ရောင်းလိုက်ပြီ ဖြစ်ပါတယ်။
အဲ့က ရလာမယ့် ပိုက်ဆံတွေကို ကျတော့်ရဲ့ ဖိလစ်ပိုင်နိုင်ငံကို လှူဒါန်းမှာဖြစ်ပါတယ်။ ဒါမှCOVID-19အတွက် သူတို့လိုအပ်နေတဲ့ Mask တွေ အသုံးအဆောင်တွေ ပစ္စည်းကိရိယာတွေကို လုံလုံလောက်လောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ကျတော့်နိုင်ငံပေါ်သိတတ်တာပါ။” ဆိုပြီး ပြောထားပါတယ်။
Sinon ကတော့ မြန်မာနိုင်ငံအတွက်လည်း လိုလေသေးမရှိ လှူဒါန်းနေသလို သူ့ရဲ့ မွေးရပ်မြေ ဖိလစ်ပိုင် နိုင်ငံအတွက်လည်း ကျေးဇူးသိတတ်စွာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တန်ဖိုးကြီးပစ္စည်းကို ပြတ်ပြတ်သားသားစွန့်လွှတ်ပြီး အလှူတွေလုပ်တဲ့ Sinon ကိုကြည့်ပြီး ပီတိဖြစ်နေမယ် ထင်ပါတယ်နော်။