Cele News

အိပ်မက်တစ်ခုလိုပဲ သိချင်တာလေးတွေ အားကျရတဲ့သူဆီက မေးခွင့်ရခဲ့တယ်ဆိုတဲ့ သဇင်ထူးမြင့်

Written by Aung Lay





Unicode

ပြည်သူချစ်ဟာသလူရွှင်တော်ကြီး တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ လိမ္မာရေးခြားရှိတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။မိမိကိုယ်တိုင် အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် တစ်ယောက်ဖြစ်တဲ့အတွက် သမီးဖြစ်သူလေးကိုတော့ သူရဲ့ အနုပညာဗီဇတွေနဲ့အတူ ပွဲထွက်စေခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံကျော်ဟာသသရုပ်ဆောင်ခင်လှိုင်းရဲ့ သမီးလေးဖြစ်တဲ့ သဇင်ထူးမြင့် ကတော့ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှ ရွှေကြိုမယ်အဖြစ်ကနေပြီး အနုပညာလောကထဲကို စတင်ခြေချ ဝင်ရောက်လာခဲ့ပြီး ယခုအချိန်မှာတော့ နေရာတစ်ခုရဖို့အတွက်းစားလို့နေပါတယ်။ရုပ်ရှင်လောကထဲ ခြေဆန့်ဖို့အတွက် ပန်းတိုင်းတစ်ခုခြင်းဆီကို ကျော်ဖြတ်နေတဲ့ သဇင်ထူးမြင့်တစ်ယောက်ကတော့ သူ့ဘဝမှာ အိပ်မက်တစ်လိုပဲထင်မှတ်ရလောက်တဲ့ အနုပညာရှင်တစ်ယောက်ကို ကိုယ်မေးချင်တာလေးတွေ မေးခွင့်ရခဲ့တဲ့အကြောင်း ဝမ်းသာစွာ ဖော်ပြလာပါတယ်။

သဇင်ထူးမြင့် တစ်ယောက် အိပ်မက်တစ်ခုလိုမှတ်ထင်ခဲ့ရတဲ့ သူမသိချင်တာလေးတွေ မေးခွင့်ရခဲ့တာကတော့ နိုင်ငံကျော်သရုပ်ဆောင် နေတိုးပဲဖြစ်ပါတယ်။နေတိုးကို မေးခွင့်ရခဲ့တဲ့ ရင်ခုန်သံလေးကိုလည်း”အိမ်မက်လေးတစ်ခုတကယ်ဖြစ်လာရသလို ပျော်မိပါတယ်😍😍….အကို့ဆီကို မေးချင်တာလေးတွေလည်း မေးထားတယ်…..အကို့ဆီကိုပြောပြချင်ခဲ့တဲ့ အရာလေးတွေလည်းပြောခွင့်ရတဲ့တွက် ခုထိရင်တွေခုန်ပြီး ပျော်နေတုန်းပဲ”ဆိုပြီး မျှဝေလာခဲ့ပါတယ်။

Source ; Thazin Htoo Myint`Fb

About the author

Aung Lay

Leave a Comment