အေမ ရိကန္မွ ေဆးေက်ာင္းသူတစ္ဦးဟာ သူမရဲ႕ေက်ာင္းစရိတ္နဲ႔ အသုံးစရိတ္ေတြကို ျဖည့္စည္းႏိုင္ဖို႔အတြက္ သူမရဲ႕ ေျခေထာက္ပုံကို ပုံစံအစုံလုပ္၍ အင္တာနက္ေပၚဓာတ္ပုံ႐ိုက္တင္ကာ ပုံေတြကိုေရာင္းခ်ၿပီး ဝင္ေငြရွာေဖြလ်က္ရွိပါတယ္။ သူမဟာ ထိုကဲ့သို႔ပုံေတြေရာင္းခ်ျခင္းမွ တစ္လကိုေဒၚလာ ၆၀၀၀နီးပါး(ျမန္မာေငြ သိန္း(၈၀)ေက်ာ္) ရွာေဖြရရွိၿပီး ထိုေငြေတြကေတာ့ သူမအတြက္ ဂုဏ္သိကၡာရွိရွိ ရရွိေသာေငြေတြလည္းျဖစ္ပါတယ္။
သူမကိုေတာ့ Sweet Arches လို႔အမည္ေျပာင္ေပးထားၿပီး သူမဟာ ဒီအလုပ္ကို သူမအားတဲ့အခ်ိန္မွာ လုပ္ေနေပမယ့္လည္း ပုံမွန္အလုပ္ျဖစ္တဲ့ ကဇာတ္႐ုံတစ္ခုမွာ အလုပ္လုပ္ကိုင္ေနျခင္းထက္ ဝင္ေငြပိုမိုရရွိလ်က္ရွိပါတယ္။ သူမေျပာတာကေတာ့ ဒီအလုပ္ေတြကေန သူမအတြက္ ေငြျမန္ျမန္ရရွိေစခဲ့တာလည္း ျဖစ္ပါတယ္။
သူမဟာ သူရဲ႕ေျခေထာက္ကို ထိမ္းသိမ္းျပဳျပင္တာေတြနဲ႔ အလွျပင္တာေတြျပဳလုပ္ကာ ပုံစံမ်ိဳးစုံနဲ႔ ဓာတ္ပုံ႐ိုက္ၿပီး ေရာင္းခ်တာျဖစ္ပါတယ္။ ထိုထဲကမွ လွပတဲ့ဓာတ္ပုံေတြကို အြန္လိုင္းအသုံးျပဳမ်ားက ေ႐ြးခ်ယ္ဝယ္ယူၾကပါတယ္။
ဓာတ္ပုံေတြနဲ႔ပက္သက္၍ သူမရွင္းျပတာကေတာ့ “အခ်ိဳ႕ဝယ္ယူသူေတြကေတာ့ ေျခဖဝါးကိုႀကိဳက္ၾကတယ္၊အခ်ိဳ႕ကလည္းေျခေခ်ာင္းပုံေတြကိုႀကိဳက္ၿပီး အခ်ိဳ႕လူေတြကက်ျပန္ေတာ့လည္း မတူညီတဲ့ ပုံစံအေနထားေတြနဲ႔ ျမင္ေတြ႕ရတာကို ႀကိဳက္ၾကတယ္”လို႔ဆိုပါတယ္။
” လူေတြက ကြၽန္မေျခေထာက္ကိုၾကည့္ရတာႀကိဳက္ႏွစ္သက္ၾကပါတယ္။ တစုံတစ္ဦးက ကြၽန္မကိုပု႐ြက္ဆိတ္အုံနင္းၿပီး ဓာတ္ပုံ႐ိုက္ျပပါလားလို႔ ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကြၽန္မဒါကိုမလုပ္ပါဘူး။ အဲ့ဒါမွမဟုတ္ပါဘူး ဘယ္ရွင္သန္ေနတဲ့သက္ရွိမ်ိဳးကိုမွနင္းၿပီး ကြၽန္မဓာတ္ပုံမ႐ိုက္ပါဘူး။ ေနာက္တစ္ဦးကလည္း ကြၽန္မကို ထူးထူးဆန္းဆန္းေတာင္းဆိုခဲ့ဖူးပါေသးတယ္။ အဲဒါက ကြၽန္မကားရဲ႕အေပၚမွာတက္ေျပးခိုင္းတာပါ။ ကြၽန္မကေတာ့ ဒီလို႐ူးသြပ္တဲ့အရာေတြကိုေတာ့လုံးဝကိုျငင္းပါတယ္ ” လို႔ သူမက ေျပာခဲ့ပါတယ္။
သူမဟာ ထိုထူးဆန္းတဲ့ အြန္လိုင္းေစ်းေရာင္းလုပ္ငန္းမွ တစ္ႏွစ္ကိုေဒၚလာ ၇၁၀၀၀ ခန႔္ရရွိတယ္လို႔လည္းသိရပါတယ္။ သူမဟာ ဒီလုပ္ငန္းေတြကေနပဲ သူမရဲ႕က်ဴရွင္လခအတြက္ အေထာက္အကူျဖစ္ေစတယ္လို႔ ဆိုပါတယ္။
CRD – Original
အမေ ရိကန်မှ ဆေးကျောင်းသူတစ်ဦးဟာ သူမရဲ့ကျောင်းစရိတ်နဲ့ အသုံးစရိတ်တွေကို ဖြည့်စည်းနိုင်ဖို့အတွက် သူမရဲ့ ခြေထောက်ပုံကို ပုံစံအစုံလုပ်၍ အင်တာနက်ပေါ်ဓာတ်ပုံရိုက်တင်ကာ ပုံတွေကိုရောင်းချပြီး ဝင်ငွေရှာဖွေလျက်ရှိပါတယ်။ သူမဟာ ထိုကဲ့သို့ပုံတွေရောင်းချခြင်းမှ တစ်လကိုဒေါ်လာ ၆၀၀၀နီးပါး(မြန်မာငွေ သိန်း(၈၀)ကျော်) ရှာဖွေရရှိပြီး ထိုငွေတွေကတော့ သူမအတွက် ဂုဏ်သိက္ခာရှိရှိ ရရှိသောငွေတွေလည်းဖြစ်ပါတယ်။
သူမကိုတော့ Sweet Arches လို့အမည်ပြောင်ပေးထားပြီး သူမဟာ ဒီအလုပ်ကို သူမအားတဲ့အချိန်မှာ လုပ်နေပေမယ့်လည်း ပုံမှန်အလုပ်ဖြစ်တဲ့ ကဇာတ်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေခြင်းထက် ဝင်ငွေပိုမိုရရှိလျက်ရှိပါတယ်။ သူမပြောတာကတော့ ဒီအလုပ်တွေကနေ သူမအတွက် ငွေမြန်မြန်ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။
သူမဟာ သူရဲ့ခြေထောက်ကို ထိမ်းသိမ်းပြုပြင်တာတွေနဲ့ အလှပြင်တာတွေပြုလုပ်ကာ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံရိုက်ပြီး ရောင်းချတာဖြစ်ပါတယ်။ ထိုထဲကမှ လှပတဲ့ဓာတ်ပုံတွေကို အွန်လိုင်းအသုံးပြုများက ရွေးချယ်ဝယ်ယူကြပါတယ်။
ဓာတ်ပုံတွေနဲ့ပက်သက်၍ သူမရှင်းပြတာကတော့ “အချို့ဝယ်ယူသူတွေကတော့ ခြေဖဝါးကိုကြိုက်ကြတယ်၊အချို့ကလည်းခြေချောင်းပုံတွေကိုကြိုက်ပြီး အချို့လူတွေကကျပြန်တော့လည်း မတူညီတဲ့ ပုံစံအနေထားတွေနဲ့ မြင်တွေ့ရတာကို ကြိုက်ကြတယ်”လို့ဆိုပါတယ်။
” လူတွေက ကျွန်မခြေထောက်ကိုကြည့်ရတာကြိုက်နှစ်သက်ကြပါတယ်။ တစုံတစ်ဦးက ကျွန်မကိုပုရွက်ဆိတ်အုံနင်းပြီး ဓာတ်ပုံရိုက်ပြပါလားလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မဒါကိုမလုပ်ပါဘူး။ အဲ့ဒါမှမဟုတ်ပါဘူး ဘယ်ရှင်သန်နေတဲ့သက်ရှိမျိုးကိုမှနင်းပြီး ကျွန်မဓာတ်ပုံမရိုက်ပါဘူး။ နောက်တစ်ဦးကလည်း ကျွန်မကို ထူးထူးဆန်းဆန်းတောင်းဆိုခဲ့ဖူးပါသေးတယ်။ အဲဒါက ကျွန်မကားရဲ့အပေါ်မှာတက်ပြေးခိုင်းတာပါ။ ကျွန်မကတော့ ဒီလိုရူးသွပ်တဲ့အရာတွေကိုတော့လုံးဝကိုငြင်းပါတယ် ” လို့ သူမက ပြောခဲ့ပါတယ်။
သူမဟာ ထိုထူးဆန်းတဲ့ အွန်လိုင်းဈေးရောင်းလုပ်ငန်းမှ တစ်နှစ်ကိုဒေါ်လာ ၇၁၀၀၀ ခန့်ရရှိတယ်လို့လည်းသိရပါတယ်။ သူမဟာ ဒီလုပ်ငန်းတွေကနေပဲ သူမရဲ့ကျူရှင်လခအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။