ၾကားသိရသမ်ွ

ကိုဗစ်ရောဂါပြင်းထန်တဲ့ လူနာတွေကိုကုသဖို့ အိန္ဒိယကမြန်မာကိုRemdesivir ထိုးဆေးအလုံး (၃၀၀၀) ကျော်လှူဒါန်း

Written by Aung Lay

အိႏၵိယႏိုင္ငံက ျမန္မာႏိုင္ငံကို ကိုဗစ္တိုက္ဖ်က္ရာမွာ အသုံးျပဳဖို႔အတြက္ Remdesivirထိုးေဆးအလုံး(၃၀၀၀)ေက်ာ္ကို ဒီကေန႔မွာ ေပးအပ္လႉဒါန္းတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက ထုတ္ျပန္ပါတယ္။ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အိႏၵိယတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး MM Naravane ၊ အိႏၵိယႏိုင္ငံႏိုင္ငံျခားေရးအတြင္းဝန္ Shri Harsh V Shringla၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး Shri Saurabh Kumarတို႔ ဒီကေန႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံေဆြးေႏြးၿပီး လႊဲေျပာင္းေပးအပ္လိုက္တာျဖစ္ပါတယ္။

အခုလႉဒါန္းလိုက္တဲ့ထိုးေဆးဟာ လက္ရွိအိႏၵိယႏိုင္ငံမွာလည္း အသုံးျပဳေနၿပီး ကိုဗစ္ေရာဂါျပင္းထန္တဲ့လူနာေတြနဲ႔ ေရာဂါအသင့္အတင့္ ျပင္းထန္းသူေတြကို ကုသရာမွာ အသုံးျပဳတဲ့ ထိုးေဆးျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံရာမွာလည္း ႏွစ္ႏိုင္ငံအေရးႀကီးကိစၥရပ္ေတြကို ေဆြးေႏြးတာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

Unicode

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကိုဗစ်တိုက်ဖျက်ရာမှာ အသုံးပြုဖို့အတွက် Remdesivirထိုးဆေးအလုံး(၃၀၀၀)ကျော်ကို ဒီကနေ့မှာ ပေးအပ်လှူဒါန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ၊ အိန္ဒိယနိုင်ငံနိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Saurabh Kumarတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်။

အခုလှူဒါန်းလိုက်တဲ့ထိုးဆေးဟာ လက်ရှိအိန္ဒိယနိုင်ငံမှာလည်း အသုံးပြုနေပြီး ကိုဗစ်ရောဂါပြင်းထန်တဲ့လူနာတွေနဲ့ ရောဂါအသင့်အတင့် ပြင်းထန်းသူတွေကို ကုသရာမှာ အသုံးပြုတဲ့ ထိုးဆေးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း နှစ်နိုင်ငံအရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

About the author

Aung Lay

Leave a Comment