Cele News
၂၄နာရီ အချိန်မရွေး အောက်စီဂျင်လိုအပ်သူတွေကိုကူညီဖို့အရေး အောက်စီဂျင်အိုးတွေ လှုဒါန်းခဲ့တဲ့ တိုင်ရွန်
Written by Aung Lay
Source ; Tyron Bejay
Unicode
မော်ဒယ်သရုပ်ဆောင်တိုင်ရွန်ကတော့ ယောက်ကျားလေးတိုင်း လိုချင်မက်မောစေတဲ့ ခန္တာကိုယ်အလှကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးပရိတ်သတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်းကို ရရှိထားသူလည်း ဖြစ်ပါတယ်။တက်တူးအပြည့်နဲ့ အမိုက်စား ဘော်ဒီကတော့ ယောက်ကျားလေးပရိတ်သတ်လေး အားကျရတဲ့ အချက်ဖြစ်ပါတယ်။
မိန်းကလေး ယောက်ကျားလေး နှစ်မျိုးစလုံးရဲ့ အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ကတော့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။ရက်ကွက်အတွင်းမှာ ပိုးသတ်ဆေးဖြန်းရန်အတွက် မိမိကိုယ်တိုင်ပါဝင် ကူညီပေးခဲ့ပါတယ်။မကြာခင်ရက်ပိုင်းက အောက်ဆီဂျင် လိုအပ်နေတဲ့ အဖွားဆီကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။
လိုအပ်ရင် လိုအပ်သလို အသင့်ရှိနေစေဖို့ အောက်စီဂျင်အိုးတွေနဲ့အသက်ရှုကရိယာပစ္စည်းတွေလှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ”ဟိုနေ့က အောက်စီဂျင်လိုအပ်သူတွေလိုက်ကူပေးရင်း ကိုယ့်အဖွဲ့ထဲရှိရင်အချိန်မရွေးကူညီလို့ပိုကောင်းမယ်လို့ စိတ်ကူးပေါက်တာနဲ့ ကို Ye Hein အား အောက်စီဂျင်ဘူးဆယ်ဗူးနှင့်အသက်ရှုကိရိယာများ လှုုဒါန်းခဲ့ပါတယ်။ရန်ကုန်တွင်းအောက်စီဂျင်လိုအပ်သူများ ၂၄နာရီအချိန်မရွေး ကျွန်နော်တို့ဆီ ဆက်သွယ်လို့ရပါတယ် လာပို့ပေးပါမယ် နိုင်သလောက်ကူညီပေးပါ့မယ်”ဆိုပြီး မျှဝေလာခဲ့ပါတယ်။
Source ; Tyron Bejay
About the author
Aung Lay
Leave a Comment