Cele News

မွေးနေ့အလှူလေးအဖြစ် နာရေးကူညီမှုအသင်းကို ငွေကျပ်(၉)သိန်းလှူဒါန်းခဲ့တဲ့ နန်းဆုဦး

Written by Aung Lay




Unicode

ပရိသတ်ကြီးရေ ..အောက်တိုဘာလ(၅)ရက်နေ့ ဒီနေ့ကတော့ သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ နန်းဆု ကတော့ သူမရဲ့ မွေးနေ့တိုင်း အလှူအတန်းလေးတွေ ပြုလုပ်လေ့ရှိပြီး မနှစ်ကလည်း We Love Nan Su Oo အဖွဲ့သားတွေနဲ့အတူ ကျိုက်ဝိုင်းမှာရှိတဲ့ လူငယ်သင်တန်းကျောင်းလေးမှာ အလှူလေးပြုလုပ်ခဲ့ပါသေးတယ် ။

သူမရဲ့ ဒီနှစ်မွေးနေ့လေးကတော့ Covid ကြောင့် မပြုလုပ်ရတော့ပေမယ့်လည်း သူမ ချစ်ရတဲ့ We Love တွေရဲ့နာမည် နဲ့ ဦးကျော်သူနာရေးကူညီမှုအသင်းမှာ အလှူငွေ (၉) သိန်းတိတိ လှူဒါန်းခဲ့ပါတယ် ။ အရင်နှစ်တွေ လို အတူတူသွားရောက်မလှူဒါန်းလိုက်ရတဲ့အတွက် နန်းဆုရဲ့ ဖန်တွေကတော့ နောက်နှစ်ကို အတိုးချပြီး ပျော်ကြမယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ အတူ သူမရဲ့အလှူလေးကို သာဓုတွေခေါ်ခဲ့ကြပါတယ် ။

ဒါ့အပြင် မွေးနေ့အမှတ်တရလေးအနေနဲ့ နန်းဆုရဲ့ ပရိသတ်တွေက သူမရဲ့နာမည်နဲ့ Happy Birthday Nan Su လို့ရေးထားတဲ့ စာလေးတွေကို ကိုင်ပြီး ဆင်တူ ပရိုဖိုင်းတွေ ချိန်းပေးခဲ့ကြပါတယ် ။ မွေးနေ့အမှတ်တရအနေနဲ့ အခက်ခဲတွေကြားထဲကနေ birthday surprise ပို့ပေးတဲ့ အတွက်အရမ်းပဲပျော်ရွှင်ကြည်နူးဖြစ်ရကြောင်းကိုလည်း နန်းဆုက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

About the author

Aung Lay

Leave a Comment