ၾကားသိရသမ်ွ

သခင့်အတွက် ဖိနပ်အရံ (၅၀) ကျော် ခိုးယူပြီး လက်ဆောင်ပေးခဲ့တဲ့ ကြောင်လေး***

Written by Aung Lay

အိမ်မွေး တိရစ္ဆာန် ကြောင်လေး တွေဟာ သူတို့ချစ်ခင်တဲ့ သခင်တွေကို သစ်ရွက် လေးတွေနဲ့ အခြား အကောင်ငယ် လေးတွေကို ဖမ်းပြီး လက် ဆောင်အဖြစ်နဲ့ ယူဆောင်လာ ပေးတတ်ကြပါတယ်။ ဒါပေမယ့် ခုပြောပြချင်တဲ့ ကြောင်လေးကတော့ အခြားအိမ်တွေကနေ ဖိနပ်တွေ ကိုခိုးယူပြီး သခင့်အတွက် လက်ဆောင်အဖြစ် ညတိုင်းယူဆောင် လာခဲ့တာကြောင့် ကြောင်ရဲ့သခင်ဖြစ်သူလည်း အခက်တွေ့နေရပါတယ်။

အဲ့ဒါကြောင့်လည်း သခင်ဖြစ်သူဟာ သူ့ရဲ့ကြောင်လေးခိုးယူခဲ့တဲ့ ဖိနပ်တွေကို ဖိနပ်ပိုင်ရှင် ဖြစ်သူတွေထံ ပြန် လည်ပေးအပ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ထားရပါ တော့တယ်။ ဒီလအစောပိုင်း မှာတော့ အမေရိကန် ပဲင်စီလ်ဘေးနီးယား ပြည်နယ် Altoona မြို့မှ BJ Ross ဆိုသူက သူမရဲ့အိမ်မွေး တိရိစ္ဆာန်ဂျော်ဒန်လို့ အမည်ရတဲ့ ကြောင်ရဲ့ အကျင့်ဆိုး (သူတို့ အိမ်နီးချင်းရဲ့ ဖိနပ်တွေ ကိုခိုးတာ) ကို ဖြေရှင်းဖို့ Facebook group တစ်ခုကို ဖွင့်ခဲ့ပါတယ်။

WTAJ ၏အဆိုအရ ဝိတ်ခြောက်ပေါင် အနက်ရောင် နှင့်အဖြူရောင်ရှိတဲ့ ထိုကြောင်လေးဟာ ညအချိန်တွေမှာ တောက်လျှောက် အ ပြင်ကို ထွက်သွားပြီး ပါးစပ်မေးရိုး အပြည့် ပစ္စ ည်းတွေနဲ့အတူ အိမ်သို့ပြန်လာ တတ်ပါတယ်။ ပိုင်ရှင် Ross က ဆိုရှယ်မီဒီယာကနေ ဖိနပ်တွေကို သက်ဆိုင်ရာပိုင်ရှင်တွေဆီ ပြန်ပေးဖို့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့် ပေမယ့် သူမကြောင့် ခုတော့ ဂျော်ဒန်ရဲ့အကျင့်ဆိုးတွေကို ကမ္ဘာတစ်ခုလုံးက သိသွားကြပြီ ဖြစ်တဲ့အပြငသူ့ကြောင်ကလည်း လူအများကြား ဆယ်လီဖြစ်သွားပါတော့တယ်။ ကြောင်ကလေး ဂျော်ဒန်က သူသယ်ယူနိုင်သလောက် ခိုးလာတဲ့ ဖိနပ်တွေပါ။ သူ့ပိုင်ရှင်က မနက်တိုင်း ဖိနပ်တွေ အိမ်ရှေ့ရောက်နေတာကို တွေ့ရပုံပါ။ ခုတော့ ဖိနပ်အားလုံဟာ အရံ ၅၀ လောက်ရှိနေပါပြီ။ ဂျော်ဒန် ကတော့ သူတိတ်တိတ်လေး ခိုးလာတာတွေကို ကြိတ်‌ဂုဏယူနေပုံပါ။

 

“ခင်ဗျားတို့အားလုံး ကျွန်မရဲ့ကြောင် ဂျော်ဒန်ကို သိမယ်လို့ ထင်ပါတယ်။ ပြီးတော့ သူက နေ့တိုင်းကျွန်မအတွက် ဖိနပ်တွေ ယူလာပေးရတာ ကြိုက်တယ် ဆိုတာကိုလည်း သိမယ်လို့ ထင်ပါတယ်။” ဆိုပြီး group မှာ ရေးထားပါတယ်။ ကြောင်ပိုင်ရှင် BJ Ross က သူ့ကြောင်ရဲ့ လှုပ်ရှားသွားလာမှုကိုသိစေဖို့ သူ့ကိုယ်မှာ GPS တပ်ထားပေးလိုက်ပါတယ်။ ဂျော်ဒန်ရဲ့ ဂျီပီအက်စ် ခြေရာခံချက်တွေအရ၊ သူဟာ အိမ်နီးနားချင်းတွေရဲ့ အိမ်တွေကို မကြာခဏ ကျူးကျော်ပြီး ဖောက်ထွင်းမှုတွေကျူးလွန်တာကို တွေ့ရပါတယ်။

ဘာလို့ဆို ဂျော်ဒန်က သူ့သခင်အတွက် ဖိနပ်ကို အစုံလိုက် လက် ဆောင်ပေးချင်ပေမယ့် ကြောင် ဖြစ်တာကြောင့် တကြိမ်ကို ဖိနပ်တဖက်ပဲ ယူလာနိုင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အနည်းစုသော ကြောင်ဖောက်ထွင်း ဝိဇ္ဇာတွေတွက်က အကန့်သတ်ရှိပေမယ့် ဂျော်ဒန်ကတော့ အကြိမ်ကြိမ်ပါပဲ။ ခုလိုမျိုးကျူးလွန်ဖို့တွက် နေ့အချိန်တွေမှာ အားပြည့်နေအောင် မကြာခဏ အိပ်စက်အနားယူနေတတ်ပါတယ်။

 

ခုလိုခိုးဖို့တွက် သူဟာ တစ်ညကို ၇ မိုင် ၈မိုင် လောက်ထိ လျှောက်သွားနိုင်ပါတယ်။Ross က သက်သေတချို့ရအောင် သူ့နောက်ကျောဖက်မှာ လုံခြုံရေး ကင်မရာကိုလည်း တပ်ထားပေး ပါသေးတယ်။ ပြီးတော့ ဂျော်ဒန်ကျူးလွန်တဲ့ အမှုတွေကို ဆွေးနွေးဖို့ ဖေ့ဘွတ်ဂရုကိုလည်း ဖွင့်ထားပါတယ်။ သေချာတာတော့ အားလုံးက ဂျော်ဒန့်ကို ချစ်ကြမယ် ဆိုတာပါပဲ။

Zawgyi

အိမ္ေမြး တိရစာၦန္ ေၾကာင္ေလး ေတြဟာ သူတို႔ခ်စ္ခင္တဲ့ သခင္ေတြကို သစ္႐ြက္ ေလးေတြနဲ႔ အျခား အေကာင္ငယ္ ေလးေတြကို ဖမ္းၿပီး လက္ ေဆာင္အျဖစ္နဲ႔ ယူေဆာင္လာ ေပးတတ္ၾကပါတယ္။ ဒါေပမယ့္ ခုေျပာျပခ်င္တဲ့ ေၾကာင္ေလးကေတာ့ အျခားအိမ္ေတြကေန ဖိနပ္ေတြ ကိုခိုးယူၿပီး သခင့္အတြက္ လက္ေဆာင္အျဖစ္ ညတိုင္းယူေဆာင္ လာခဲ့တာေၾကာင့္ ေၾကာင္ရဲ႕သခင္ျဖစ္သူလည္း အခက္ေတြ႕ေနရပါတယ္။

အဲ့ဒါေၾကာင့္လည္း သခင္ျဖစ္သူဟာ သူ႔ရဲ႕ေၾကာင္ေလးခိုးယူခဲ့တဲ့ ဖိနပ္ေတြကို ဖိနပ္ပိုင္ရွင္ ျဖစ္သူေတြထံ ျပန္ လည္ေပးအပ္ဖို႔ ျပင္ဆင္မႈေတြ ျပဳလုပ္ထားရပါ ေတာ့တယ္။ ဒီလအေစာပိုင္း မွာေတာ့ အေမရိကန္ ပဲင္စီလ္ေဘးနီးယား ျပည္နယ္ Altoona ၿမိဳ႕မွ BJ Ross ဆိုသူက သူမရဲ႕အိမ္ေမြး တိရိစာၦန္ေဂ်ာ္ဒန္လို႔ အမည္ရတဲ့ ေၾကာင္ရဲ႕ အက်င့္ဆိုး (သူတို႔ အိမ္နီးခ်င္းရဲ႕ ဖိနပ္ေတြ ကိုခိုးတာ) ကို ေျဖရွင္းဖို႔ Facebook group တစ္ခုကို ဖြင့္ခဲ့ပါတယ္။

WTAJ ၏အဆိုအရ ဝိတ္ေျခာက္ေပါင္ အနက္ေရာင္ ႏွင့္အျဖဴေရာင္ရွိတဲ့ ထိုေၾကာင္ေလးဟာ ညအခ်ိန္ေတြမွာ ေတာက္ေလွ်ာက္ အ ျပင္ကို ထြက္သြားၿပီး ပါးစပ္ေမး႐ိုး အျပည့္ ပစၥ ည္းေတြနဲ႔အတူ အိမ္သို႔ျပန္လာ တတ္ပါတယ္။ ပိုင္ရွင္ Ross က ဆိုရွယ္မီဒီယာကေန ဖိနပ္ေတြကို သက္ဆိုင္ရာပိုင္ရွင္ေတြဆီ ျပန္ေပးဖို႔ ကူညီႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ ေပမယ့္ သူမေၾကာင့္ ခုေတာ့ ေဂ်ာ္ဒန္ရဲ႕အက်င့္ဆိုးေတြကို ကမာၻတစ္ခုလုံးက သိသြားၾကၿပီ ျဖစ္တဲ့အျပငသူ႔ေၾကာင္ကလည္း လူအမ်ားၾကား ဆယ္လီျဖစ္သြားပါေတာ့တယ္။ ေၾကာင္ကေလး ေဂ်ာ္ဒန္က သူသယ္ယူႏိုင္သေလာက္ ခိုးလာတဲ့ ဖိနပ္ေတြပါ။ သူ႔ပိုင္ရွင္က မနက္တိုင္း ဖိနပ္ေတြ အိမ္ေရွ႕ေရာက္ေနတာကို ေတြ႕ရပုံပါ။ ခုေတာ့ ဖိနပ္အားလုံဟာ အရံ ၅၀ ေလာက္ရွိေနပါၿပီ။ ေဂ်ာ္ဒန္ ကေတာ့ သူတိတ္တိတ္ေလး ခိုးလာတာေတြကို ႀကိတ္‌ဂုဏယူေနပုံပါ။

“ခင္ဗ်ားတို႔အားလုံး ကြၽန္မရဲ႕ေၾကာင္ ေဂ်ာ္ဒန္ကို သိမယ္လို႔ ထင္ပါတယ္။ ၿပီးေတာ့ သူက ေန႔တိုင္းကြၽန္မအတြက္ ဖိနပ္ေတြ ယူလာေပးရတာ ႀကိဳက္တယ္ ဆိုတာကိုလည္း သိမယ္လို႔ ထင္ပါတယ္။” ဆိုၿပီး group မွာ ေရးထားပါတယ္။ ေၾကာင္ပိုင္ရွင္ BJ Ross က သူ႔ေၾကာင္ရဲ႕ လႈပ္ရွားသြားလာမႈကိုသိေစဖို႔ သူ႔ကိုယ္မွာ GPS တပ္ထားေပးလိုက္ပါတယ္။ ေဂ်ာ္ဒန္ရဲ႕ ဂ်ီပီအက္စ္ ေျခရာခံခ်က္ေတြအရ၊ သူဟာ အိမ္နီးနားခ်င္းေတြရဲ႕ အိမ္ေတြကို မၾကာခဏ က်ဴးေက်ာ္ၿပီး ေဖာက္ထြင္းမႈေတြက်ဴးလြန္တာကို ေတြ႕ရပါတယ္။

ဘာလို႔ဆို ေဂ်ာ္ဒန္က သူ႔သခင္အတြက္ ဖိနပ္ကို အစုံလိုက္ လက္ ေဆာင္ေပးခ်င္ေပမယ့္ ေၾကာင္ ျဖစ္တာေၾကာင့္ တႀကိမ္ကို ဖိနပ္တဖက္ပဲ ယူလာႏိုင္တာလဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အနည္းစုေသာ ေၾကာင္ေဖာက္ထြင္း ဝိဇၨာေတြတြက္က အကန႔္သတ္ရွိေပမယ့္ ေဂ်ာ္ဒန္ကေတာ့ အႀကိမ္ႀကိမ္ပါပဲ။ ခုလိုမ်ိဳးက်ဴးလြန္ဖို႔တြက္ ေန႔အခ်ိန္ေတြမွာ အားျပည့္ေနေအာင္ မၾကာခဏ အိပ္စက္အနားယူေနတတ္ပါတယ္။

ခုလိုခိုးဖို႔တြက္ သူဟာ တစ္ညကို ၇ မိုင္ ၈မိုင္ ေလာက္ထိ ေလွ်ာက္သြားႏိုင္ပါတယ္။Ross က သက္ေသတခ်ိဳ႕ရေအာင္ သူ႔ေနာက္ေက်ာဖက္မွာ လုံၿခဳံေရး ကင္မရာကိုလည္း တပ္ထားေပး ပါေသးတယ္။ ၿပီးေတာ့ ေဂ်ာ္ဒန္က်ဴးလြန္တဲ့ အမႈေတြကို ေဆြးေႏြးဖို႔ ေဖ့ဘြတ္ဂ႐ုကိုလည္း ဖြင့္ထားပါတယ္။ ေသခ်ာတာေတာ့ အားလုံးက ေဂ်ာ္ဒန႔္ကို ခ်စ္ၾကမယ္ ဆိုတာပါပဲ။

About the author

Aung Lay

Leave a Comment