Cele News

ခြေထောက်ဖြတ်ရမယ်ထင်တဲ့ကောင်လေး အခြေအနေကောင်းပြီမို့ ပျော်ရတယ်ဆိုတဲ့ ယုန်လေး

Written by Aung Lay




Source ; Yone Lay`Fb

Unicode

ယုန်လေးကတော့ အဆိုတော်အလုပ်တင် မဟုတ်ပဲ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ဇတ်ကားတွေလည်း ရိုက်ထားခဲ့ပြီး လူကြိုက်များခဲ့တဲ့ ရုပ်ရှင်းကားတွေအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။သူရိုက်ကူးခဲ့တဲ့ သီချင်း MVကြောင့် ရုပ်ရှင်ရိုက်ကူးခွင့် ၁ နှစ် အပိတ်ခံခဲ့ရပါတယ်။မကြာခင်ကရိုက်ခဲ့တဲ့ ကြော်ငြာဇတ်လမ်းတိုနဲ့ ပက်သက်ပြီး ဝေဖန်မှုအချို့ရှိခဲ့ပါတယ်။သူ့အနေနဲ့ ရရှိတဲ့ အနုပညာကြေးတွေကနေ လှူဒါန်းမှုတွေပြုလုပ်လျက်ရှိပါတယ်။

Satyhome အဆခြအနေကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အခြေခံလူတန်းစားများကို ကူညီမှုတွေ ပေးနေသလို သက်ကြီးလူရွှင်တော်တွေကို ထီလက်မှတ်နဲ့ ဆန်ဆီဆားတွေလည်း ကန်တော့ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့လပိုင်းလောက်က ခြေထောက်မှာ သံစူးဝင်ပေမယ့် ဆေးကုစရာမရှိတာကြောင့် ခြေထောက်ဖြတ်ပြစ်ရမယ့် အနေအထားဖြစ်ခဲ့တဲ့ လူငယ်တစ်ယောက်ကို ဆေးကုသဖို့ အကုန်မကျခံ ခေါ်ယူခဲ့ရာ အခုသက်သာလာပြီဖြစ်ကြောင်း ယခုလိုပြောပြလာပါတယ်။

9 လပိုင်း ၁၁ ရက်နေ့က ဆေးရုံတင်ထားတဲ့ညီလေး ခြေထောက်ဖျက်ဖို့ အကူညီလိုလို့ ဝင်ကူလိုက်တာ အခုခြေထောက်လည်း မဖျက်ရတော့ပါဘူး .အခု ကျောက်ပတ်တီးလေးတော့ကိုင်ထားပါတယ် .အနံ့တွေ ပြည်တွေ ဘာမှ မရှိတော့ပါဘူး .ကောင်းမွန်စွာ ဆေးရုံက ဆင်းလာပါပြီ စ မ တည်ပြီး ကောက်ခံတဲ့ အလှူငွေ ၂၄ သိန်းကျော်ရပါတယ် သူနေတဲ့ နေရာနဲ့ သူလုပ်နိုင်တဲ့ အဆင်ပြေမယ့်ပုံမှန် ဝင်ငွေ ရမယ့် အလုပ်လေး စဉ်းစားနေပါတယ် .စဉ်းစားပြီးရင် အကောင်ထည်ဖော်ပေးလိုက်ပါမယ်.”ဆိုပြီး သက်သာလာတဲ့ လူငယ်လေးကို ပုံမှန်အလုပ်လေးပေးဖို့တောင် စိတ်ကူးခဲ့ပါသေးတယ်။

Source ; Yone Lay`Fb

About the author

Aung Lay

Leave a Comment