Cele News

မိသားစုတစ်ခုလုံးကို ဦးဆောင်ပြီး အိမ်ဝန်းတစ်ဝန်းလုံး အလည်အပတ်ထွက်နေတဲ့ ဖြူဖြူထွေးရဲ့ TikTok video

Written by Aung Lay





Unicode

ကြော်ငြာမင်းသမီးအဖြစ်နဲ့ အောင်မြင်မှုတွေ တစ်စီတစ်တန်းကြီး သိမ်းပိုက်ထားတဲ့ ဖြူဖြူထွေး ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ကိုဗစ်ကာလမှာ ကိုယ်တိုငိရေးတဲ့ ဇတ်ညွှန်းတွေနဲ့ ရိုက်ကူးခဲ့ကြတဲ့ ကြော်ငြာvideoလေးတွေကတော့ လူအများကြား ရေပန်းစားလျက်ရှိနေပါတယ်။

ကြော်ငြာရိုက်ကူးရာမှာ မိမိဇတ်ညွှန်းနဲ့ဘမိမိစိတ်ကြိုက် ဇတ်ကောင်တွေ ရွေးချယ်ရိုက်ကူးရာမှာ ဇတ်ပို့ ဇတ်ဆောင် လူကြမ်းတွေကို ထည့်သွင်းရိုက်ကူးပြီး တတ်နိုင်သ၍ ငွေကြေး ပစ္စည်းလေးတွေ ကန်တော့ပြီး ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ယခုအခါမှာတော့ ကြော်ငြာရိုက်ရာမှာ သူစိမ်းတွေမပါရှိတော့ဘဲ သူမ မိသားစုတွေနဲ့ပဲ ကြော်ငြာvideoလေးတွေ ရိုက်ကူးရာမှာလည်း ပရိတ်သတ်တွေက ပိုမိုသဘောကျ ချစ်ကြပြန်ပါတယ်။

မိသားစုတစ်ခုလုံး အိမ်ထဲမှာ စုပြုံနေရတာ ပျင်းရိလွန်းစရာကောင်းတာကြောင့် ကိုယ်ပိုင်အတွေးကောင်းလွန်းတဲ့ ဖြူဖြူထွေးကတော့ ပရိတ်သတ်တွေ သဘောကျစေမယ့် မိသားစုလိုက်ရိုက်ကူးထားတဲ့ TikTok videoလေးကို မျှဝေလာခဲ့ပါတယ်။အပြင်တွေ လျောက်မထွက်ရတာကြောင့် မိသားစုကို ရှေ့ဆုံးကနေ ဦးဆောင်ပြီး ကိုယ့်အိမ်ဝန်းအနှံ့လျောက်လည်နေကြတဲ့ ပုံစံလေး ရိုက်ပြထားတာ ပရိတ်သတ်တွေကို ဘဝင်ကျစေခဲ့ပါတယ်။ဖြူဖြူထွေးတို့ မိသားစုကို ကြည့်ပြီး မိမိ’မိသားစုနဲ့ အိမ်ထဲမှာ လျောက်လည်ချင်စိတ်ပေါက်စေမယ့် TikTok videoလေးကို ကူးယူမျှဝေပေးလိုက်ပါတယ်။

Source ; Phyu Phyu Htwe` Fb

About the author

Aung Lay

Leave a Comment