Cele News

မျက်နှာတစ်ခြမ်း မီးလောင်ခံခဲ့ရတာကြောင့် အနုပညာအလုပ်တွေရပ်နားခဲ့ရတဲ့ မင်းထက်ကျော်ဇင်

Written by Aung Lay

ပရိတ္သတ္ႀကီးေရ မင္းသား မင္းထက္ေက်ာ္ဇင္ကေတာ့ တေခတ္တခါက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသားတလက္ျဖစ္ၿပီး လက္ရွိမွာလည္း အႏုပညာေလာကထဲကို တတိယအႀကိမ္ေျမာက္ ျပန္လည္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ မင္းသားအျဖစ္ အရွိန္အဟုန္နဲ႔ ေအာင္ျမင္ေနစဥ္အခ်ိန္မွာပဲ မေတာ္တဆ မီးေလာင္ခံခဲ့ရတာေၾကာင့္ အႏုပညာအလုပ္မ်ား ရပ္နားလိုက္ရၿပီး ပရိတ္သတ္နဲ႔ အဆက္အသြယ္ ျပတ္ခဲ့တာပါ။ အဆိုပါ မီးေလာင္ခဲ့စဥ္က အခ်ိန္နဲ႔ ပက္သက္ၿပီး အခုလိုပဲ ေျပာျပခဲ့ပါတယ္။

မင္းထက္ေက်ာ္ဇင္ ေျပာခဲ့တာကေတာ့ ”တာေမြတိုက္ခန္းမွာ ေနတုန္းက ျဖစ္ခဲ့တာပါ။ တိုက္ခန္းဆိုေတာ့ ေအာက္မွာက အုတ္ေရကန္ေပါ့ အဲ့ေပၚမွာ ထပ္ၿပီး သံတိုင္ကီ အဲ့လို တင္ထားတာ…..သံတိုင္ကီက ေဆြးၿပီးေပါက္ေနေတာ့ တက္ဖာတာေပါ့။ ေရတိုင္ကီထဲ ဝင္ၿပီး ဖာေနတုန္း မီးေပါ့ဆၿပီး ဖေယာင္းတိုင္မီးကေန မီးထတေတာက္တာ…လူက ေရတိုင္ကီထဲ ဝင္ေနတာဆိုေတာ့ မ်က္ႏွာက မီးဟပ္သြားတယ္။ လက္ကေတာ့ ဒါ႐ိုက္မီးဆြဲသြားတယ္။ မ်က္ႏွာ ဘယ္ဘက္တျခမ္းဆိုရင္ ေရၾကည္အိတ္ေတြထၿပီး အသားက လန္သြားတာေပါ့။ မ်က္ခုံးေမႊးေတြ မ်က္ေတာင္ေမႊးေတြ တဝက္ေလာက္တိုသြားတာေပါ့။ မီးက အက်ႌကိုလည္း စြဲတယ္ ဘယ္ဘက္တျခမ္း ဂုတ္ေတြ လည္ပင္းေတြ မီးဟပ္သြားတယ္။

၂ ႏွစ္ေလာက္ ေပးဆပ္လိုက္ရတယ္။ ေတာ္ေသးတာက မ်က္ႏွာက နဂိုအတိုင္း ျပန္ျဖစ္သြားလို႔…ဆရာႀကီး ေဒါက္တာ သက္ထားေဝက ေရၾကည္အိတ္ေတြ လန္သြားတဲ့ အသြားေတြကို ျပန္ကပ္ေပးလိုက္တာေပါ့။ မဟုတ္ရင္ေတာ့ မ်က္ႏွာမွာ မီးေလာင္ဒဏ္ရာအျဖစ္ အျဖဴကြက္ႀကီး ျဖစ္ေနမွာ။ ကြၽန္ေတာ္က ၁၉၉၉ခုႏွစ္က အႏုပညာေလာကထဲ ဝင္တာဆိုေတာ့ ၂၀၀၂ ၂၀၀၃ ေလာက္က အရမ္း အရွိန္ေကာင္းေနတဲ့ အခ်ိန္ေတြေပါ့။ အရမ္း အရွိန္ေကာင္းေနတဲ့ အခ်ိန္ဆိုေတာ့ လက္ခံထားတဲ့ ႐ုပ္ရွင္ေတြ သီခ်င္းဗြီဒီယိုေတြ ရပ္လိုက္ရတာ လူကလည္း ၂ ပတ္ေလာက္ စိတ္ဓာတ္က်သြားတာေပါ့။

အႏုပညာအလုပ္ကို ၂ ႏွစ္ နားလိုက္ရတယ္။ ပထမ တႏွစ္က အျပင္လုံးဝထြက္လို႔မရဘူး။ ေနေရာင္ျခည္ကို မဟုတ္ပဲ day light ကို အထိမခံပါနဲ႔ ေျပာေတာ့ ပထမ ၆ လက အဲ့လို အထိခံလို႔ မရဘူး​။ မ်က္ႏွာ မည္းသြားႏိုင္တာေပါ့။ ေနာက္ ၆ လကေတာ့ ေနေရာင္ျခည္ကို တိုက္႐ိုက္ မထိခိုင္းဘူး။ အျပင္ထြက္မယ္ဆိုရင္ ေနေရာင္ျခည္ကာတဲ့ ဟာလည္း လိမ္း ထီးလည္းေဆာင္း အဲ့လိုလုပ္ၿပီးမွ ထြက္ရတယ္။ အဲ့ဒါေၾကာင့္ ၁ ႏွစ္ေလာက္က ေနေရာင္ျခည္လုံးဝထိလို႔ မရဘူး။ ဇာတ္ကား႐ိုက္တဲ့အခါက် ေနေရာင္ျခည္အျပင္ မီးထိုး မွန္ထိုးေတြပါ ရွိတဲ့အခါက် ဇာတ္ကား႐ိုက္ဖို႔ေတာ့ လုံးဝမျဖစ္ႏိုင္ဘူးေပါ့။ ေနာက္ ၆ လက်ေတာ့လည္း ထိလို႔ေတာ့ ရေပမဲ့ အၾကာႀကီး မရေတာ့ ၁ ႏွစ္ခြဲေလာက္ နားလိုက္ရတယ္။

ေဖေဖ့ အကူအညီနဲ႔ အေရျပား အထူးကု ဆရာဝန္ႀကီးကို ဆက္သြယ္ၿပီး ကုသခဲ့ရတယ္။ အရည္ၾကည္အိတ္ေတြကို အပ္နဲ႔ေဖာက္ၿပီး skin dressing လုပ္ၿပီး ျပန္ကပ္ေပးလိုက္တယ္။ လက္ကိုက်ေတာ့ ေပါင္က အသားကို လွီးၿပီး ျပန္ကပ္ေပးလိုက္တာ။ လက္ကေတာ့ အေၾကာေသသြားႏိုင္တယ္ေပါ့ အတြင္းထဲထိ ေလာင္သြားတာဆိုေတာ့ ခ်ိဳင့္လည္း ခ်ိဳင့္သြားတယ္။ မ်က္ႏွာကေတာ့ ရွိၿပီးသား အသားအရည္ကိုပဲ အရည္ၾကည္အိတ္ေတြ ေဖာက္တယ္ ဂြမ္းေတြခံၿပီး မ်က္ႏွာကို ပတ္တီးေတြ တင္းေနေအာင္စည္းၿပီး ေနရေတာ့ တပတ္ေလာက္ကေတာ့ လွိမ့္ေနေအာင္ ခံရတယ္။ ထမင္းလည္း စားလို႔မရဘူး။

ထမင္းကို တစိခ်င္းထိုးထည့္ လူကလည္း မ်က္ရည္ေတြက်ေပါ့။ မ်က္ႏွာပ်က္ၿပီပဲ ထင္တာ ကံေကာင္းသြားတာေပါ့ မဟုတ္ရင္ ဒီေလာကထဲ ျပန္ေရာက္လာစရာကို အေၾကာင္းမရွိဘူး။ ေဖေဖရွိေနေပးခဲ့ၿပီး ကူညီခဲ့လို႔ အခုေလာက္ထိ အဆင္ေျပခဲ့တာပါ။ မ်က္ႏွာက မီးဟပ္သြားတာဆိုေတာ့ ဒီေလာက္မခံရေပမဲ့ လက္ကေတာ့ တိုက္႐ိုက္ ၁ မိနစ္ၾကာေလာက္ ေလာင္သြားတာဆိုေတာ့ ေတာ္ေတာ္ကို ခံရတယ္။ တကယ္ သံေဝဂလည္း ရတယ္။ ကိုယ့္ရဲ႕ ခႏၶာကိုယ္မီးေလာင္ခံရတယ္ဆိုေတာ့ ဝဋ္ေႂကြး ဆပ္ရတာေပါ့ ” ဆိုကာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Unicode

ပရိတ်သတ်ကြီးရေ မင်းသား မင်းထက်ကျော်ဇင်ကတော့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတလက်ဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလောကထဲကို တတိယအကြိမ်မြောက် ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မင်းသားအဖြစ် အရှိန်အဟုန်နဲ့ အောင်မြင်နေစဉ်အချိန်မှာပဲ မတော်တဆ မီးလောင်ခံခဲ့ရတာကြောင့် အနုပညာအလုပ်များ ရပ်နားလိုက်ရပြီး ပရိတ်သတ်နဲ့ အဆက်အသွယ် ပြတ်ခဲ့တာပါ။ အဆိုပါ မီးလောင်ခဲ့စဉ်က အချိန်နဲ့ ပက်သက်ပြီး အခုလိုပဲ ပြောပြခဲ့ပါတယ်။

မင်းထက်ကျော်ဇင် ပြောခဲ့တာကတော့ ”တာမွေတိုက်ခန်းမှာ နေတုန်းက ဖြစ်ခဲ့တာပါ။ တိုက်ခန်းဆိုတော့ အောက်မှာက အုတ်ရေကန်ပေါ့ အဲ့ပေါ်မှာ ထပ်ပြီး သံတိုင်ကီ အဲ့လို တင်ထားတာ…..သံတိုင်ကီက ဆွေးပြီးပေါက်နေတော့ တက်ဖာတာပေါ့။ ရေတိုင်ကီထဲ ဝင်ပြီး ဖာနေတုန်း မီးပေါ့ဆပြီး ဖယောင်းတိုင်မီးကနေ မီးထတတောက်တာ…လူက ရေတိုင်ကီထဲ ဝင်နေတာဆိုတော့ မျက်နှာက မီးဟပ်သွားတယ်။ လက်ကတော့ ဒါရိုက်မီးဆွဲသွားတယ်။ မျက်နှာ ဘယ်ဘက်တခြမ်းဆိုရင် ရေကြည်အိတ်တွေထပြီး အသားက လန်သွားတာပေါ့။ မျက်ခုံးမွှေးတွေ မျက်တောင်မွှေးတွေ တဝက်လောက်တိုသွားတာပေါ့။ မီးက အင်္ကျီကိုလည်း စွဲတယ် ဘယ်ဘက်တခြမ်း ဂုတ်တွေ လည်ပင်းတွေ မီးဟပ်သွားတယ်။

၂ နှစ်လောက် ပေးဆပ်လိုက်ရတယ်။ တော်သေးတာက မျက်နှာက နဂိုအတိုင်း ပြန်ဖြစ်သွားလို့…ဆရာကြီး ဒေါက်တာ သက်ထားဝေက ရေကြည်အိတ်တွေ လန်သွားတဲ့ အသွားတွေကို ပြန်ကပ်ပေးလိုက်တာပေါ့။ မဟုတ်ရင်တော့ မျက်နှာမှာ မီးလောင်ဒဏ်ရာအဖြစ် အဖြူကွက်ကြီး ဖြစ်နေမှာ။ ကျွန်တော်က ၁၉၉၉ခုနှစ်က အနုပညာလောကထဲ ဝင်တာဆိုတော့ ၂၀၀၂ ၂၀၀၃ လောက်က အရမ်း အရှိန်ကောင်းနေတဲ့ အချိန်တွေပေါ့။ အရမ်း အရှိန်ကောင်းနေတဲ့ အချိန်ဆိုတော့ လက်ခံထားတဲ့ ရုပ်ရှင်တွေ သီချင်းဗွီဒီယိုတွေ ရပ်လိုက်ရတာ လူကလည်း ၂ ပတ်လောက် စိတ်ဓာတ်ကျသွားတာပေါ့။

အနုပညာအလုပ်ကို ၂ နှစ် နားလိုက်ရတယ်။ ပထမ တနှစ်က အပြင်လုံးဝထွက်လို့မရဘူး။ နေရောင်ခြည်ကို မဟုတ်ပဲ day light ကို အထိမခံပါနဲ့ ပြောတော့ ပထမ ၆ လက အဲ့လို အထိခံလို့ မရဘူး။ မျက်နှာ မည်းသွားနိုင်တာပေါ့။ နောက် ၆ လကတော့ နေရောင်ခြည်ကို တိုက်ရိုက် မထိခိုင်းဘူး။ အပြင်ထွက်မယ်ဆိုရင် နေရောင်ခြည်ကာတဲ့ ဟာလည်း လိမ်း ထီးလည်းဆောင်း အဲ့လိုလုပ်ပြီးမှ ထွက်ရတယ်။ အဲ့ဒါကြောင့် ၁ နှစ်လောက်က နေရောင်ခြည်လုံးဝထိလို့ မရဘူး။ ဇာတ်ကားရိုက်တဲ့အခါကျ နေရောင်ခြည်အပြင် မီးထိုး မှန်ထိုးတွေပါ ရှိတဲ့အခါကျ ဇာတ်ကားရိုက်ဖို့တော့ လုံးဝမဖြစ်နိုင်ဘူးပေါ့။ နောက် ၆ လကျတော့လည်း ထိလို့တော့ ရပေမဲ့ အကြာကြီး မရတော့ ၁ နှစ်ခွဲလောက် နားလိုက်ရတယ်။

ဖေဖေ့ အကူအညီနဲ့ အရေပြား အထူးကု ဆရာဝန်ကြီးကို ဆက်သွယ်ပြီး ကုသခဲ့ရတယ်။ အရည်ကြည်အိတ်တွေကို အပ်နဲ့ဖောက်ပြီး skin dressing လုပ်ပြီး ပြန်ကပ်ပေးလိုက်တယ်။ လက်ကိုကျတော့ ပေါင်က အသားကို လှီးပြီး ပြန်ကပ်ပေးလိုက်တာ။ လက်ကတော့ အကြောသေသွားနိုင်တယ်ပေါ့ အတွင်းထဲထိ လောင်သွားတာဆိုတော့ ချိုင့်လည်း ချိုင့်သွားတယ်။ မျက်နှာကတော့ ရှိပြီးသား အသားအရည်ကိုပဲ အရည်ကြည်အိတ်တွေ ဖောက်တယ် ဂွမ်းတွေခံပြီး မျက်နှာကို ပတ်တီးတွေ တင်းနေအောင်စည်းပြီး နေရတော့ တပတ်လောက်ကတော့ လှိမ့်နေအောင် ခံရတယ်။ ထမင်းလည်း စားလို့မရဘူး။

ထမင်းကို တစိချင်းထိုးထည့် လူကလည်း မျက်ရည်တွေကျပေါ့။ မျက်နှာပျက်ပြီပဲ ထင်တာ ကံကောင်းသွားတာပေါ့ မဟုတ်ရင် ဒီလောကထဲ ပြန်ရောက်လာစရာကို အကြောင်းမရှိဘူး။ ဖေဖေရှိနေပေးခဲ့ပြီး ကူညီခဲ့လို့ အခုလောက်ထိ အဆင်ပြေခဲ့တာပါ။ မျက်နှာက မီးဟပ်သွားတာဆိုတော့ ဒီလောက်မခံရပေမဲ့ လက်ကတော့ တိုက်ရိုက် ၁ မိနစ်ကြာလောက် လောင်သွားတာဆိုတော့ တော်တော်ကို ခံရတယ်။ တကယ် သံဝေဂလည်း ရတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်မီးလောင်ခံရတယ်ဆိုတော့ ဝဋ်ကြွေး ဆပ်ရတာပေါ့ ” ဆိုကာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Credit

About the author

Aung Lay

Leave a Comment