Knowledge

သင်ရွေးချယ်လိုက်တဲ့ နှင်းဆီပန်းက ပြောပြနေတဲ့ သင့်အကြောင်း

Written by Aung Lay

သင္ေ႐ြးခ်ယ္လိုက္တဲ့ ႏွင္းဆီပန္းက ေျပာျပေနတဲ့ သင့္အေၾကာင္း

ကဲ….စာဖတ္သူအားလုံးပဲ စိတ္အပန္းေျပေစမယ့္ အရာေလးတစ္ခုေတြ႕ထားပါတယ္။ အဲဒါကေတာ့ သင္ေ႐ြးခ်ယ္လိုက္တဲ့ ႏွင္းဆီပန္းက သင့္အေၾကာင္းကို ေျပာျပေပးႏိုင္လို႔ပါ။ ခုျပထားတဲ့ ႏွင္းဆီပန္းေလးေတြထဲက တစ္ခုကိုေ႐ြးလိုက္ၿပီး အေျဖကိုဖတ္ၾကည့္လိုက္ပါေနာ္။

၁. အနီေရာင္ႏွင္းဆီ

အနီေရာင္ႏွင္းဆီကိုေ႐ြးခ်ယ္လိုက္တဲ့သင္ဟာ သင့္ဘဝမွာသင္ဘာေတြကိုလိုခ်င္လဲဆိုတာ ေကာင္းေကာင္းသိၿပီး အဲဒါေတြကို ရရွိႏိုင္ဖို႔ဘာမဆိုလုပ္ႏိုင္တဲ့သူပါ။ သင္ဟာ ႐ိုးသားမႈကိုတန္ဖိုးထားၿပီး သင့္ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ စိတ္အားထက္သန္သူပါ။ သင္ဟာအလုပ္ႀကိဳးစားသူတစ္ေယာက္ ျဖစ္ သလို၊ ေအာင္ျမင္လိုစိတ္လည္း ႀကီးပါတယ္။ တစ္ခါတေလ အနားယူေပးဖို႔လိုတယ္ဆိုတာ မေမ့ပါနဲ႔။

၂. အစိမ္းေရာင္ႏွင္းဆီ

အစိမ္းေရာင္ႏွင္းဆီကိုေ႐ြလိုက္တဲ့သင္ဟာ သူငယ္ခ်င္းေတြ၊ မိသားစုေတြကို အရမ္းအေလးထားတဲ့သူပါ။ တစ္ခါတေလ သင့္ကိုသင္ေတာင္ ဂ႐ုစိုက္ဖို႔ေမ့ေလ်ာ့ေလာက္တဲ့အထိ သူငယ္ခ်င္းေတြ၊မိသားစုေတြကို ဂ႐ုစိုက္တဲ့သူပါ။ သင္ဟာ ေအးေအးခ်မ္းခ်မ္းေနရတာကို ႀကိဳက္ပါတယ္။ ဒါေၾကာင့္ပဲ တစ္ခါတေလ လူေတြၾကားမွာသိပ္မေတြ႕ရပဲ တစ္ေယာက္တည္း သီးသန႔္လိုျဖစ္ေနတတ္ပါတယ္။

၃. လိေမၼာ္ေရာင္ႏွင္းဆီ

သင္ဟာစိတ္ထိခိုက္လြယ္သူတစ္ေယာက္ျဖစ္သလို၊သင့္ေဘးနားကလူေတြရဲ႕စိတ္ခံစားခ်က္ကို ေကာင္းေကာင္းနားလည္ ႏိုင္တဲ့သူပါ။ သင္ဟာ သင့္သူငယ္ခ်င္းေတြ၊ ခ်စ္ခင္ရတဲ့သူေတြအတြက္ဆိုရင္ အရာအားလုံးကို စေတးပစ္ႏိုင္တဲ့သူမ်ိဳးပါ။ သင္သိထားရမွာက အရာတိုင္းဟာ တစ္သမတ္တည္းမရွိပါဘူး။ သူငယ္ခ်င္းေကာင္းေတြကို အနစ္နာခံၿပီးကူညီေပးတာ ေကာင္းေပမယ့္ မေကာင္းတဲ့သူငယ္ခ်င္းေတြအတြက္ အခ်ိန္ကုန္ခံေနစရာ မလိုပါဘူး။

၄. ေရာင္စုံႏွင္းဆီ

သင္ဟာ အေတြ႕အႀကဳံသစ္ေတြနဲ႔ စိတ္လႈပ္ရွားစရာေတြကို အၿမဲတမ္းရွာေဖြေနခ်င္တဲ့သူပါ။ လမ္းေဟာင္းအတိုင္းလိုက္ရတာ သင့္အတြက္ အရမ္းၿငီးေငြ႕စရာေကာင္းပါတယ္။ သင္ဟာ ေရာက္တဲ့အေျခအေနတိုင္းမွာ အေကာင္းျမင္ႏိုင္တဲ့၊ ဆန္းသစ္ႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ခါတေလ လူေတြက သင့္ကိုနားမလည္ၾကသလို၊ ေဝဖန္မႈမ်ားစြာကိုလည္း ခံရႏိုင္ေပမယ့္ သင္ဟာ လြယ္လြယ္ၿပိဳလဲရမယ့္သူမဟုတ္ပါဘူး။ သင္ဟာ ကိုယ့္လမ္းေၾကာင္းကိုယ္ေဖာက္ၿပီး အျမင့္ေရာက္မယ့္သူတစ္ေယာက္ဆိုတာ မေမ့ပါနဲ႔။

၅. အဝါေရာင္ႏွင္းဆီ

သင္ဟာ သူငယ္ခ်င္းေတြရဲ႕ အားကိုးစရာ၊ တိုင္ပင္ေဖာ္တစ္ေယာက္ျဖစ္ပါတယ္။ သင့္မွာအဆင္မေျပတာေတာင္ သူငယ္ခ်င္းေတြကို အားေပးႏိုင္တဲ့သူမ်ိဳးပါ။ သင္ဟာ စိတ္ကူးယဥ္တတ္သူတစ္ေယာက္ျဖစ္ၿပီး ေကာင္းမြန္တဲ့အရာေတြ သင့္ထံေရာက္လာမယ္ဆိုတာ ထစ္ထစ္ခ်ယုံၾကည္တဲ့သူပါ။ ဒါေပမယ့္ သင္သတိထားရမွာက အနာဂတ္ကိုပဲ စိတ္ကူးယဥ္ေနရင္ ကိုယ့္ေဘးမွာရွိေနတဲ့ အခြင့္ေရးေကာင္းေတြကို ဆုံးရႈံးရတတ္တယ္ ဆိုတာပါပဲ။

၆. အျပာေရာင္ႏွင္းဆီ

သင္ဟာ အလုပ္ႀကိဳးစားသူတစ္ေယာက္ျဖစ္ၿပီး ထူးခြၽန္တဲ့သူတစ္ေယာက္ပါ။ အားကိုးစရာေကာင္းၿပီး ယုံၾကည္ရတဲ့သူလည္းျဖစ္ပါတယ္။ သင္ဟာ ေအးေဆးတည္ၿငိမ္တဲ့သူတစ္ေယာက္ျဖစ္သလို၊ စိတ္ခံစားမႈေနာက္ကို တစ္ခါတရံလိုက္တတ္ပါတယ္။ သူတစ္ပါးအတြက္ အႀကံဉာဏ္ေကာင္းေတြကိုလည္းေပးႏိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ သူတို႔ကိုေပးလိုက္တဲ့ အႀကံဉာဏ္ေကာင္းေတြကို သင္ကိုယ္တိုင္ အသုံးျပဳဖို႔မေမ့ပါနဲ႔။

Credit

Unicode

သင်ရွေးချယ်လိုက်တဲ့ နှင်းဆီပန်းက ပြောပြနေတဲ့ သင့်အကြောင်း

ကဲ….စာဖတ်သူအားလုံးပဲ စိတ်အပန်းပြေစေမယ့် အရာလေးတစ်ခုတွေ့ထားပါတယ်။ အဲဒါကတော့ သင်ရွေးချယ်လိုက်တဲ့ နှင်းဆီပန်းက သင့်အကြောင်းကို ပြောပြပေးနိုင်လို့ပါ။ ခုပြထားတဲ့ နှင်းဆီပန်းလေးတွေထဲက တစ်ခုကိုရွေးလိုက်ပြီး အဖြေကိုဖတ်ကြည့်လိုက်ပါနော်။

၁. အနီရောင်နှင်းဆီ

အနီရောင်နှင်းဆီကိုရွေးချယ်လိုက်တဲ့သင်ဟာ သင့်ဘဝမှာသင်ဘာတွေကိုလိုချင်လဲဆိုတာ ကောင်းကောင်းသိပြီး အဲဒါတွေကို ရရှိနိုင်ဖို့ဘာမဆိုလုပ်နိုင်တဲ့သူပါ။ သင်ဟာ ရိုးသားမှုကိုတန်ဖိုးထားပြီး သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်သူပါ။ သင်ဟာအလုပ်ကြိုးစားသူတစ်ယောက် ဖြစ် သလို၊ အောင်မြင်လိုစိတ်လည်း ကြီးပါတယ်။ တစ်ခါတလေ အနားယူပေးဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။

၂. အစိမ်းရောင်နှင်းဆီ

အစိမ်းရောင်နှင်းဆီကိုရွေလိုက်တဲ့သင်ဟာ သူငယ်ချင်းတွေ၊ မိသားစုတွေကို အရမ်းအလေးထားတဲ့သူပါ။ တစ်ခါတလေ သင့်ကိုသင်တောင် ဂရုစိုက်ဖို့မေ့လျော့လောက်တဲ့အထိ သူငယ်ချင်းတွေ၊မိသားစုတွေကို ဂရုစိုက်တဲ့သူပါ။ သင်ဟာ အေးအေးချမ်းချမ်းနေရတာကို ကြိုက်ပါတယ်။ ဒါကြောင့်ပဲ တစ်ခါတလေ လူတွေကြားမှာသိပ်မတွေ့ရပဲ တစ်ယောက်တည်း သီးသန့်လိုဖြစ်နေတတ်ပါတယ်။

၃. လိမ္မော်ရောင်နှင်းဆီ

သင်ဟာစိတ်ထိခိုက်လွယ်သူတစ်ယောက်ဖြစ်သလို၊သင့်ဘေးနားကလူတွေရဲ့စိတ်ခံစားချက်ကို ကောင်းကောင်းနားလည် နိုင်တဲ့သူပါ။ သင်ဟာ သင့်သူငယ်ချင်းတွေ၊ ချစ်ခင်ရတဲ့သူတွေအတွက်ဆိုရင် အရာအားလုံးကို စတေးပစ်နိုင်တဲ့သူမျိုးပါ။ သင်သိထားရမှာက အရာတိုင်းဟာ တစ်သမတ်တည်းမရှိပါဘူး။ သူငယ်ချင်းကောင်းတွေကို အနစ်နာခံပြီးကူညီပေးတာ ကောင်းပေမယ့် မကောင်းတဲ့သူငယ်ချင်းတွေအတွက် အချိန်ကုန်ခံနေစရာ မလိုပါဘူး။

၄. ရောင်စုံနှင်းဆီ

သင်ဟာ အတွေ့အကြုံသစ်တွေနဲ့ စိတ်လှုပ်ရှားစရာတွေကို အမြဲတမ်းရှာဖွေနေချင်တဲ့သူပါ။ လမ်းဟောင်းအတိုင်းလိုက်ရတာ သင့်အတွက် အရမ်းငြီးငွေ့စရာကောင်းပါတယ်။ သင်ဟာ ရောက်တဲ့အခြေအနေတိုင်းမှာ အကောင်းမြင်နိုင်တဲ့၊ ဆန်းသစ်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ တစ်ခါတလေ လူတွေက သင့်ကိုနားမလည်ကြသလို၊ ဝေဖန်မှုများစွာကိုလည်း ခံရနိုင်ပေမယ့် သင်ဟာ လွယ်လွယ်ပြိုလဲရမယ့်သူမဟုတ်ပါဘူး။ သင်ဟာ ကိုယ့်လမ်းကြောင်းကိုယ်ဖောက်ပြီး အမြင့်ရောက်မယ့်သူတစ်ယောက်ဆိုတာ မမေ့ပါနဲ့။

၅. အဝါရောင်နှင်းဆီ

သင်ဟာ သူငယ်ချင်းတွေရဲ့ အားကိုးစရာ၊ တိုင်ပင်ဖော်တစ်ယောက်ဖြစ်ပါတယ်။ သင့်မှာအဆင်မပြေတာတောင် သူငယ်ချင်းတွေကို အားပေးနိုင်တဲ့သူမျိုးပါ။ သင်ဟာ စိတ်ကူးယဉ်တတ်သူတစ်ယောက်ဖြစ်ပြီး ကောင်းမွန်တဲ့အရာတွေ သင့်ထံရောက်လာမယ်ဆိုတာ ထစ်ထစ်ချယုံကြည်တဲ့သူပါ။ ဒါပေမယ့် သင်သတိထားရမှာက အနာဂတ်ကိုပဲ စိတ်ကူးယဉ်နေရင် ကိုယ့်ဘေးမှာရှိနေတဲ့ အခွင့်ရေးကောင်းတွေကို ဆုံးရှုံးရတတ်တယ် ဆိုတာပါပဲ။

၆. အပြာရောင်နှင်းဆီ

သင်ဟာ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ပြီး ထူးချွန်တဲ့သူတစ်ယောက်ပါ။ အားကိုးစရာကောင်းပြီး ယုံကြည်ရတဲ့သူလည်းဖြစ်ပါတယ်။ သင်ဟာ အေးဆေးတည်ငြိမ်တဲ့သူတစ်ယောက်ဖြစ်သလို၊ စိတ်ခံစားမှုနောက်ကို တစ်ခါတရံလိုက်တတ်ပါတယ်။ သူတစ်ပါးအတွက် အကြံဉာဏ်ကောင်းတွေကိုလည်းပေးနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့ကိုပေးလိုက်တဲ့ အကြံဉာဏ်ကောင်းတွေကို သင်ကိုယ်တိုင် အသုံးပြုဖို့မမေ့ပါနဲ့။

Credit

About the author

Aung Lay

Leave a Comment